News

MapleStory M အတွက် pre-register လုပ်လို့ရနေပြီနော်

MapleStory M က တောင်ကိုရီးယားနိုင်ငံ မှာ ၂၀၁၆ အောက်တိုဘာလ ကတည်းက ထွက်ရှိနေတာပါ။ ထွက်ရှိပြီး မကြာခင်မှာပဲ Android ရော iOS ရောအတွက် လူကြိုက်များတဲ့ ဂိမ်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံတွေအပြင် အခြားနိုင်ငံတွေမှာပါ ကစားလို့ရတော့မှာပါ။ နိုင်ငံတကာမှာ PC MMORPG ဂိမ်းအဖြစ်နာမည်ကြီးရုံ သာမက သူ့ရဲ့ မိုလ်ဘိုင်း version ကလည်း တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီး ခဲ့တာဆိုတော့ ကစားလို့ကောင်းမယ်ဂိမ်းဆိုတာ သေချာပါတယ်။

MapleStory M နဲ့ ပတ်သတ်ပြီး Nexon America ရဲ့ ဥက္ကဋ္ဌ ပြောထားတာကတော့…

“ကျွန်တော်တို့ MapleStory ရဲ့ special အချက်အလတ်တွေ ဘာတစ်ခုကိုမှ မဖယ်ရှားပဲနဲ့ သူ့ရဲ့ မိုလ်ဘိုင်း ဗားရှင်းအတွက် အရမ်းကို မိုက်တဲ့ အတွေ့အကြုံတွေကို ဖန်တီးထားပါတယ်”
Source: sea.ign.com

ဒါ့အပြင် Hardcore gamer တွေရော casual fan တွေရော MapleStory M ကို ကစားရင်း ပျော်ရွှင်ကြဖို့ ၊ ကြိုက်နှစ်သက်ကြဖို့ အတွက် မျှော်လင့်ထားတယ်လို့သိရပါတယ်။ သူဘယ်လိုပဲပြောပြော မိုလ်ဘိုင်းပုံစံ ပြန်လည်ပုံဖော်ထားတဲ့ PC ဂိမ်းဖြစ်တဲ့အတွက် PC ဂိမ်းပေါ်ကအရသာအတိုင်း တစ်ထပ်တည်းရမှာလား၊ မရဘူးလားဆိုတာကိုတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ ဂိမ်း ထွက်လာမှ သေသေချာချာ ကစားကြည့်လို့ရမှာပါ။

2D adventure ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းထဲမှာ ဇာတ်လိုက်ကျော် character ရဲ့ ပုံစံကို စိတ်ကြိုက် ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် MapleStory PC ပေါ်မှာ လူကြိုက်အများဆုံး ဇာတ်ကောင်လေးတွေဖြစ်တဲ့ Dark Knight, Bow Master, Night Lord, Bishop, and Corsair တို့တွေလည်း ပြန်ပါလာမှာနော်။ ဒါ့အပြင် ဂိမ်းထဲက အခြားသူငယ်ချင်းတွေနဲ့လည်း club တစ်ခု ထောင်လို့ရပါတယ်။ Trailer လေးကို ရှိုးလိုက်ပါဦး။

အခုအချိန်မှာ pre-register လုပ်ထားရင် ရရှိမယ် reward တွေက –

• Sky Bicycle
• Kitty Word Bubble Ring
• Cat-Ger Label Ring
• Normal Hair Coupon
• Normal Plastic Surgery Coupon
• Teleport Rock
• Respawn Token တို့ပဲဖြစ်ပါတယ်။

Pre-register လုပ်ထားရုံနဲ့ ဂိမ်းထွက်ထွက်ခြင်း အကြောင်းကြားစာလည်းရမယ်။ Reward တွေလည်းရမယ် ဆိုတော့ စိတ်ဝင်စားရင် ဒီထဲဝင်ပြီး လေ့လာနိုင်ပါတယ်။ Playon ပရိသတ်ကြီးအတွက် ဂိမ်းနဲ့ပတ်သက်တဲ့ အသစ်အသစ်သော သတင်းတွေကို အမြဲတမ်း update လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Playon Page ထဲ ဝင်ကြည့်ဖို့လဲ မမေ့ကြနဲ့နော်။

 

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: