News

Age Of Magic ကို New Zealand Store မှာ ကစားလို့ရနေပြီနော်..

Age Of Magic က RPG ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Playkot ကထုတ်လုပ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ player က ကမ္ဘာကြီးရဲ့ ကံကြမ္မာအတွက် သည်းထိတ်ရင်ဖို တိုက်ခိုက်ရမှာပါ။ ဒီဂိမ်းထဲမှာ ထူခြားမှုရှိနေတာက ပါဝင်ထားတဲ့ ဇာတ်ကောင်တွေနဲ့ တွေရှိရမယ့် ပတ်ဝန်းကျင် ပုံစံတွေပါ။ ဇာတ်ကောင်တွေက ချစ်စရာကောင်းတဲ့ အမျိုးအစားဘက် သိပ်ပြီးမရောက်ပါဘူး။ အကြမ်းအရမ်း အပီအပြင် ဖိုက်မယ့် ပုံစံဘက်နည်းနည်းရောက်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ပုံစံ နဲ့တင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဆိုတာ ထင်ရှားပါတယ်။ မှော်ပညာတွေ လွှမ်းခြုံနေတဲ့ ကမ္ဘာကြီးမှာ တိုက်ခိုက်ရမယ့် ဂိမ်းဖြစ်တာကြောင့် ပတ်ဝန်းကျင်အနေအထားကလည်း ဆန်းကြယ်မှုတွေ အပြည့်ပါပဲ။

 

ဂိမ်းထဲမှာ Kobolds, Elves, Demons, Angry Raccoons mages,Dragonkins , Ra’Archnes, Swamp Witches လို့ခေါ်တဲ့ များပြားလှတဲ့ ဇာတ်ကောင်တွေက စောင့်ကြိုနေမှာပါ။ မှော်ကမ္ဘာကြီးထဲ ခရီးလှည့်လည်သွားရင်း ဆိုးသွမ်းနေတဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်း ဖို့အတွက် ဟီးရိုးတွေကို စုဆောင်းပြီး စွမ်းအင်မြှင့်တင်ပေး ရမှာဖြစ်ပါတယ်။ စုစုပေါင်း ဟီးရိုး ၇၀ လောက်ပါဝင်ပါတယ်။

RPG ဂိမ်း ကစားနေကျ players တွေအတွက်တော့ သိပ်ပြီး ခက်ခဲမယ့် ဂိမ်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Age Of Magic က အခြား RPG ဂိမ်းအမျိုးအစားနေနဲ့ သိပ်ပြီးမကွာခြားတဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ထွက်ရှိထားတာမကြာသေးတဲ့ ဂိမ်းတစ်ခုက rating အရေအတွက် ၅ မှာ ၅ အထိကို အများဆုံးရရှိထားတာ တကယ့်ကိုအံ့မခန်းဖွယ်ရာပါပဲ။ Age Of Magic fans တွေရဲ့
ပြောစကားအရတော့ ဖန်တီးထားတဲ့ စိတ်ကူး၊ ကျစ်လစ်တဲ့ ဇာတ်အိမ် နဲ့ ကစားရင်း ရင်ခုန်စေမယ့် အသံပိုင်းက စစဦးဆုံးကစားချင်းမှာပဲ gamers တွေကို ဆွဲဆောင်နေတာလို့ သိရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းကောင်း ဖြစ်တာကြောင့် အားလပ်ရက်မှာ ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာ သတင်းက iOS တစ်မျိုးတည်းအတွက်ပဲထွက်ရှိသေးတာပါ။ Android devices အတွက် ကစားလို့မရသေးပါဘူး။ iOS version 9 နဲ့ အထက်ရှိရင် ကစားနိုင်ပါပြီ။ US App Store မှာတော့ မတွေ့ရသေးပါဘူး။ Newzealand App Store မှာပဲတွေ့ရသေးပါတယ်။

 

Source 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: