News

Gaming Smartphone ထုတ်လိုက်တဲ့ Xiaomi နဲ့ သူ့နောက်က ကပ်လိုက်မယ့် ASUS

Xiaomi ကတော့ လုပ်ချလိုက်ပါပြီ။ ဧပြီလ ၁၃ ရက်နေ့မှာ Xiaomi က ကောလဟာလတွေထွက်နေခဲ့တဲ့ သူ့ရဲ့ Gaming Smartphone ဖြစ်တဲ့ Black Shark ကို တရားဝင်ထုတ်ဖော်ကြေညာလိုက်ပါတယ်။ နောက်ဆုံးထွက် Snapdragon 845 Chipset ၊ 5.99″ အရွယ်ရှိတဲ့ Screen မျက်နှာပြင်၊ ဂိမ်းဆော့ရင် Heat အရမ်းမတက်အောင်ထိန်းပေးမယ့် Liquid Cooling စနစ်တွေနဲ့ ပွဲထွက်လာတာကိုထောက်ရင်တော့ Xiaomi က တကယ်ပွဲကြမ်းပြီလို့ ခန့်မှန်းလို့ရပါတယ်။

RAM နဲ့ Storage ကလည်း မသေးပါဘူး။ RAM 6GB/Storage 64 GB နဲ့လာတာဆိုတော့ နောက်ပိုင်းထွက်တဲ့ ဆိုဒ်ကြီးပေ့ဆိုတဲ့ဂိမ်းတွေကို အေးဆေးပါပဲ။ ဒီထက်ပိုကြမ်းတာလိုချင်ရင်တော့ RAM 8GB/Storage 128 GB Version လည်းရှိပါသေးတယ်။ ပထမ Version ကိုတော့ CNY 2,999 ($477) နဲ့ ဒုတိယ Version ကို CNY 3,499 ($557) တို့နဲ့ရောင်းချမှာဆိုတော့ Razer Phone ရဲ့ $699 ထက် အများကြီးသက်သာတယ်ပြောရမှာပါ။ ပြီးတော့ ဖုန်းနဲ့အတူတွဲဖက်သုံးရမယ့် Black Shark Gamepad ကလည်း ဖုန်းနဲ့အတူ တပါတည်း လိုက်လံထွက်ရှိလာမှာပါ။ အောက်ကပုံတွေမှာသာ ကြည့်ပြီး သွားရည်ကျလိုက်ပါတော့။ 😆

xiaomi-black-shark-Polar-Night

xiaomi-black-shark-Sky-Gray

black-shark-gamepad

Xiaomi က သူ့ရဲ့အသစ်စက်စက်ဖုန်းလေးကိုကြေညာတာနဲ့ တပြိုင်တည်းလိုလိုပဲ ASUS က သူလည်း Gaming Smartphone ထုတ်ဖို့ ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ROG (Republic of Gamers) အမှတ်တံဆိပ်နဲ့ PC Gaming လောကမှာ အခိုင်အမာနေရာရထားတဲ့ ASUS က ဒီနောက်ပိုင်း အရမ်းအလုပ်ဖြစ်လာတဲ့ Mobile Gaming ဖက် ခြေလှမ်းချလာတာပဲ ဖြစ်ပါတယ်။

Razer ကစလိုက်တဲ့ဇာတ်လမ်းက ခုတော့ ကူးစက်ရောဂါလိုပဲ ပျံ့နှံသွားပြီလို့ဆိုရမှာပါ။ ဒီပုံအတိုင်းဆိုရင် Xiaomi နဲ့ ASUS ပြီးတော့ အခြား Major Brand တွေကနေလည်း Gaming Smartphone တွေ ကိုယ်စီကိုယ်စီထုတ်လာကြတော့မယ်လို့ ယူဆလို့ရပါတယ်။ အဲဒီတော့ Android ဖုန်းကိုင်တဲ့ Gamer တွေ.. ဖုန်းလဲဖို့စိတ်ကူးတွေရှိရင် နည်းနည်းလေးအခြေအနေစောင့်ကြည့်ကြပါလို့။ 😁

Ref: (1), (2)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: