ArticleNews

သင့်ရဲ့ဖုန်းကို Real-World Battle Royale Game အဖြစ်ပြောင်းလဲပေးမယ့် X-Tag

သင့်ရဲ့ စမတ်ဖုန်းကို Real-World battle royale ဂိမ်းအဖြစ်ပြောင်းလဲပေးမယ့် လေဆာရောင်ခြည်သေနတ် X-Tag ကို Takara Tomy မှ ထုတ်လုပ်ပေးလိုက်ပါပြီ။ X-Tag ကို ဖုန်းနဲ့တွဲကစားနိုင်မှာဖြစ်ပြီး player ကို တကယ့် အပြင်လောကမှာ battle royale ခင်းနေတဲ့အတိုင်း ခံစားမိစေမယ်လို့သိရပါတယ်။ ကစားသမားတွေအနေနဲ့ တစ်သင်းမှာ အဖွဲ့ဝင် ၁၆ယောက်နဲ့ နှစ်သင်း တိုက်ခိုက်လို့ရသလို ၆၄ယောက် battle royale ပုံစံကိုလည်း ကစားလို့ ရနိုင်မှာပါ။

X-Tag gun ကို AAA ဘက်ထရီ ၂ လုံးထည့်သွင်းကစားရမှာဖြစ်ပြီး အကွာအဝေး ၅၀မီတာ အထိ ချိန်ပြီး ပစ်နိုင်ပါတယ်။ သေနတ်ထိပ်မှာဆိုရင် ကိုယ့်ကိုထိတဲ့အချက်တွေကို မှတ်တမ်းတင်ပေးမယ့် ၃၆၀ ဒီဂရီ receptor ပါဝင်ပါတယ်။ ဂိမ်းထဲမှာ အခြားလက်နက်တွေနဲ့ ရွေးချယ်စရာစွမ်းရည်တွေကိုလည်း တွေ့ရမှာပါ။ အချို့ advanced feature တွေမှာဆိုရင် ကိုယ့်ရဲ့ အဖွဲ့ဝင်တွေနဲ့ ရန်သူတွေကို ကြည့်နိုင်မယ့် ဖုန်းရဲ့ GPS ကိုအသုံးပြုထားတဲ့ radar, chat function , အဝတ်အစားနဲ့ accessory တွေကို ကြည့်နိုင်မယ့် feature တွေလည်း ပါဝင်မှာပါ။ နမူနာ ဗီဒီယို ဖိုင်လေးကို တစ်ချက်ကြည့်လိုက်ပါဦး။

Wow…မိုက်တယ်နော်…battle royale ကိုလက်နဲ့ကစားရတာ ညည်းငွေ့နေပြီဆိုရင်တော့ ခုချက်ချင်းပဲ ပြေး pre-order လိုက်ပါတော့။ XD

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၈ (မြန်မာငွေ – ၇သောင်းကျော်) လောက်ကျသင့်မှာပါ။ ဘော်ဒါတွေကိုသာ ဆွယ်နိုင်ရင် X-Tag တစ်လက်ရင်းပြီး အဖွဲ့လိုက် laser tag စိတ်ကြိုက်ကစားနိုင်မယ့်အခွင့်အလမ်းမျိုးဖြစ်ပါတယ်။

Takara Tomy ရဲ့ X-Tag ကို ဒီ link -https://takaratomymall.jp/shop/g/g4904810799412/
ထဲမှာ pre-order မှာလို့ရနိုင်ပါတယ်။

Source- Soranews

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password