Online Multiplayer Shooting ဂိမ်းကောင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ World War Heroes : WW2 FPS Shooting Game!

ဒုတိယကမ္ဘာစစ်ကြီးကိုတစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးသွားမယ့်ဂိမ်းလေးဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးဖြစ်တာကြောင့် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာပန်းတွေပွင့်နေမှာမဟုတ်ပဲ တိုက်အပျက်အစီး တွေ၊ လက်နက်တွေ ကို သာတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေက စစ်သားတစ်ယောက်နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ရန်သူတွေကလည်း မိတ်ဆွေလို  စစ်သားတွေပဲဖြစ်နေမှာပါ။ Multiplayer Shooting ဂိမ်းလေးဖြစ်တာကြောင့် Global က Player တွေနဲ့အပြန်အလှန်ပစ်ခတ်နေရမှာဖြစ်ပါတယ်။ စစ်တိုက်တာဖြစ်တာကြောင့် အဖွဲ့ လိုက်ဆော့ကစားရမှာဖြစ်ပါတယ်။

စစ်လက်နက်မျိုးစုံပါဝင်ပေမယ့် မိတ်ဆွေအဓိကကိုင်ရမယ့်လက်နက်ကတော့ သေနတ်ဖြစ်ပါတယ်။ ရန်သူရဲ့လက်နက်ကလည်းသေနတ်ဖြစ်နေမှာကြောင့် Target ကိုမလွဲပဲ အရင်ဆုံးပစ်ခတ်နိုင်တဲ့လူသာ အနိုင်ရရှိမှာဖြစ်ပါတယ်။ စစ်ပွဲကြီးဖြစ်တာကြောင့် သွားရာလမ်းတလျှောက်မှာ Tank ကားကြီးတွေရှိနေမှာပါ။ အကယ်၍မိတ်ဆွေတွေ့ရှိတဲ့ Tank ကားကြီးကလူလွတ်နေတယ်ဆိုရင် တက်စီးပြီးရန်သူတွေကိုပစ်ခတ်နိုင်မှာဖြစ်ပါတယ်။

Hardcore Mode, Deathmatch, Team Deathmatch, Bomb Mode, Team Squad, Team Battle on panzers, Custom Modes ဆိုပြီးမိတ်ဆွေဆော့နိုင်တဲ့ Game Mode 7 မျိုးပါဝင်ပါတယ်။

  • Hardcore Mode မှာတော့ လက်နက်တွေရဲ့ Damage တွေကမြင့်နေမှာဖြစ်ပြီး လက်တွေ့ပိုဆန်နေတာကိုတွေ့ရမှာပါ။
  • Deathmatch မှာတော့ တွေ့သမျှလူအကုန်သတ်ရမှာဖြစ်ပြီး ကိုယ့်အတွက်ပဲကိုကြည့်ရမှာဖြစ်ပါတယ်။ လက်တွေ့ဘဝနဲ့မခြားမနားပါပဲ။
  • Team Deathmatch မှာတော့ အဖွဲ့အချင်းချင်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။ အချိန်တစ်ခုအတွင်းမှာအဖွဲ့ နှစ်ဖွဲ့တိုက်ခိုက်ရင်း နောက်ဆုံးသတ်ထားတာအများဆုံး ဖြစ်နေတဲ့အဖွဲ့ကအနိုင်ရရှိမှာဖြစ်ပါတယ်။
  • Bomb Mode မှာလည်းအဖွဲ့နဲ့ကစားရမှာဖြစ်ပါတယ်။ ထူးခြားတာက အဖွဲ့တစ်ဖွဲ့ကို Bomb ပေးထားမှာဖြစ်ပြီးတစ်ခြားတစ်ဖွဲ့က ဗုံးမထောင်နိုင်အောင် လိုက်ပြီးတားဆီးနေရမှာဖြစ်ပါတယ်။
  • Team Squad မှာလည်းအဖွဲ့နှစ်ဖွဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေသေရင်ပြန်ရှင်လာမှာမဟုတ်ပါဘူး။ အဖွဲ့ဝင်ထဲက အနည်းဆုံးတစ်ယောက်မသေပဲ ကျန်ခဲ့တဲ့အဖွဲ့ကအနိုင်ရရှိမှာဖြစ်ပါတယ်။
  • Team Battle on panzers မှာတော့ Tank ကားကိုအဖွဲ့နှစ်ခုကလုရမှာဖြစ်ပါတယ်။ လှုပ်ရှားပုံကိုလိုက်ပြီး Score တွေပေးသွားမှာဖြစ်ပြီး Score အများဆုံးရရှိတဲ့ဘက်ကအနိုင်ရရှိမှာဖြစ်ပါတယ်။
  • Custom Mode ကတော့ မိတ်ဆွေစိတ်ကြိုက်ဂိမ်းတွေကို Create လုပ်ပြီးသူငယ်ချင်းတွေကို Invite လုပ်ဆော့ကစားနိုင်တဲ့ Option တစ်ခုဖြစ်ပါတယ်။

Pistols, Assault rifles, Machine guns, Shotguns အစရှိတဲ့လက်တွေအပါအဝင် မတူညီတဲ့ လက်နက်ပေါင်း ၅၇ မျိူးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တာကြောင့် USA, Russia, Japan, Germany အစရှိတဲ့နိုင်ငံတွေက Vehicle အမျိုးမျိုးကိုတွေ့ရမှာလည်းဖြစ်ပါတယ်။ Graphics ပိုင်းနဲ့ Sound System ကဒီဂိမ်းရဲ့ထူးခြားချက်လို့ပြောလို့တောင်ရပါတယ်။ ဘာလို့လဲဆိုတော့ Mobile Platform မှာဆော့နေတယ်လို့ကို မထင်ရလို့ပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ မြင်ကွင်းကိုအကောင်းဆုံးသရုပ်ဖော်ထားတဲ့ Multiplayer Shooting ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : World War Heroes : WW2 FPS Shooting Game

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password