
နာမည်ကျော် World of Tanks ဂိမ်းရဲ့ Mobile Version ဖြစ်တဲ့ World of Tanks Blitz ဟာ သူ့ရဲ့နောက်ဆုံး Update ဖြစ်တဲ့ Version 4.3 ကို မကြာသေးမီအချိန်ကမှ ရရှိခဲ့ပါတယ်။ Crew Skill Training အတွက် ပြောင်းလဲချက်တွေနဲ့ Vehicle Balancing တွေပါဝင်တဲ့အပြင် Collaboration Event တစ်ခုလည်း ပါဝင်လာပါတယ်။ Tank နဲ့ပတ်သက်တဲ့ Franchise တွေနဲ့ Collaboration လုပ်လေ့ရှိတဲ့ World of Tanks ဟာ အရင်တုန်းက Girls und Panzer နဲ့ Valkyria Chronicles စတဲ့ Title တွေနဲ့ Collaboration လုပ်ခဲ့ဖူးပါတယ်။ ဒီတစ်ခါအလှည့်ကျတဲ့ Franchise ကတော့ နာမည်ကျော် Warhammer 40,000 ပဲဖြစ်ပါတယ်။
ဒီ Event အတွင်းမှာ Macragge လို့ အမည်ပေးထားတဲ့ Warhammer 40,000 Universe ထဲက Fort Despair မြေပုံကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Warhammer 40,000 ထဲက Space Marine Predator နဲ့ Space Marine Vindicator Tank ၂ စီးလည်း ပါဝင်လာကြဦးမှာပါ။ အဲဒီ Tank ၂ စီးကို Ultramarines အရောင်နဲ့ Imperial Fists အရောင်တွေထဲက နှစ်သက်ရာအရောင်နဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
Update 4.3 မှာပါဝင်တဲ့ ပြောင်းလဲချက်အသေးစိတ်ကို ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်သလို အောက်ကဗီဒီယိုမှာလည်း ကြည့်ရှုနိုင်ပါတယ်။ အဲဒါအပြင် ဒီ Collaboration ရဲ့ Behind The Scenes ဗီဒီယိုကိုပါ စိတ်ဝင်စားတတ်သူတွေအတွက် တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။