Reviews

အကောင်းဆုံး Mobile Simulation ဂိမ်းတွေထဲကတစ်ခု (သို့မဟုတ်) World of Tanks Blitz

နည်းပညာထွန်းကားလာတာနဲ့အမျှလူသားတွေဟာကိုယ်တစ်ကယ်အပြင်မှာမလုပ်နိုင်/ မဖြစ်နိုင်တဲ့အရာတွေကို ကွန်ပြူတာလိုစက်တွေကနေတဆင့် Virtual World တွေမှာပြုလုပ်လာနိုင်နေပါပြီ။ ဒါကိုပိုပြီးသိသာစေတဲ့အချက်ကတော့ simulation အမျိုးအစားဂိမ်းတွေပါ။ ကြမ်းတမ်းတဲ့ကားပြိုင်ပွဲတွေမှာဝင်ပြိုင်မလား၊ ကောင်းကင်ပေါ်မှာလေယာဉ်ပျံတွေနဲ့တိုက်ပွဲဝင်မလား၊ အာကာသကြီးကိုစူးစမ်းလေ့လာမလား၊ နောက်ဆုံးပြောရရင်ကမ္ဘာကြီးတစ်ခုလုံးကိုထိုင်ရာကနေမထပဲ simulation game တွေကနေသိမ်းပိုက်နိုင်နေပါပြီ။ အခုလည်း playon ပရိတ်သတ်ကြီးကို mobile ပေါ်မှာအကောင်းဆုံးတွေထဲကတစ်ခုလို့ပြောလို့ရတဲ့ simulation ဂိမ်းလေးနဲ့မိတ်ဆက်ပေးမှာပါ။ သူကတော့ World of Tanks Blitz (အတိုကောက် WoTB) လို့ခေါ်ပါတယ်။ ကမ္ဘာစစ်အငွေ့အသက်တွေနဲ့ပုံဖော်ထားတဲ့ Tank–Action Simulation ဂိမ်းတစ်ခုဖြစ်ပြီး Third-Person ရှုထောင့်ကနေကစားရမှာဖြစ်ပါတယ်။

WoTB ကို ဘယ်လာရုစ် နိုင်ငံအခြေစိုက် Wargaming group ကနေထုတ်လုပ်ထားတာဖြစ်ပြီး PC ဂိမ်းဖြစ်တဲ့ World of Tanks ရဲ့ Mobile version ဖြစ်ပါတယ်။ Wargaming ဟာ PC မှာ World of Tanks (WoT), World of Warships (WoWS), World of Warplanes (WoWP)ဆိုပြီးသုံးမျိုးထုတ်ခဲ့ပြီးပါပြီ။ WoTB အနေနဲ့ Mobile ပေါ်ကိုရောက်ရှိတာကြာခဲ့ပြီဖြစ်ပြီးသူ့ခေတ်သူ့အခါကနေယနေ့အထိအကောင်းဆုံးဂိမ်းဆုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ WoWS ရဲ့ mobile version ဟာလည်းမကြာသေးခင်ကမှထွက်ရှိလာတာဖြစ်ပေမယ့် 2017 အတွက်အကောင်းဆုံးဂိမ်းဆယ်ခုစာရင်းမှာဝင်ခဲ့ပါတယ်။ WoWP ကတော့ mobile အတွက်မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာလူသိနည်းပေမယ့်နိုင်ငံတကာ ဂိမ်းလောကမှာတော့ Wargaming group ရဲ့လွမ်းမိုးမှုဟာအတိုင်းအတာတစ်ခုထိရှိနေပါတယ်။ ဒီလောက်ဆိုရင် WoTB ရဲ့နောက်ကြောင်းကိုထိုက်သင့်သလောက်သိရပြီဆိုတော့ game ဘက်ကိုတစ်ချက်ကြည့်ကြရအောင်။

Tank-Action ဆိုတဲ့အတိုင်း player ဟာတင့်ကားတစ်စီးကို third-person ရှုထောင်ကနေကိုင်တွယ်ထိန်းချုပ်ပြီးကစားရမှာဖြစ်ပါတယ်။ ဂိမ်းဟာ fully PvP ဂိမ်းဖြစ်ပြီး single player mode လုံးဝမပါဝင်ပါဘူး။ မြေပုံတစ်ခုထဲမှာ player ဆယ့်လေးယောက် (7 Vs 7) တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်အတွင်းမှာရန်သူတင့်ကားတွေအကုန်ပျက်စီးသွားရင်ဖြစ်စေ base ကိုသိမ်းပိုက်နိုင်ဖြစ်စေအနိုင်ရရှိမှာဖြစ်ပါတယ်။ ဂိမ်းရဲ့ပုံစံကိုကြည့်ပြီးလွယ်လွယ်လေးပဲထင်လိုက်ရင်တော့လွဲပါပြီ၊ ဂိမ်းအတွင်းမှာဖြစ်နိုင်ချေ (possibility) ပေါင်းသောင်းခြောက်ထောင်ကသင့်ကိုစောင့်ကြိုနေမှာဖြစ်ပါတယ်။ အောက်မှာဂိမ်းရဲ့ offical lunch တုန်းက trailer ကိုကြည့်နိုင်ပါတယ်။

Wargaming ရဲ့ game တွေဟာ gameplay ကျဉ်းပေမယ့်ဂိမ်းရဲ့ element တွေဟာလုံးဝ(လုံးဝ) ကိုအသေးစိတ်ကျလွန်းပါတယ်။ ဥပမာ တင့်ကားနှစ်စီးထိပ်တိုက်တွေ့တဲ့အချိန်မှာ တင့်အသီးသီးကနေအမြောက်နဲ့ပြစ်လိုက်ပြီဆိုပါဆို့၊ အဲ့ဒီအချိန်မှာတင့်တစ်စီးကဒီအတိုင်းရပ်နေပြီးနောက်တစ်စီးကတင့်ရဲ့ကိုယ်ထည်ကိုအနည်းငယ်စောင်းလိုက်မယ်ဆိုရင်ရပ်နေတဲ့တင့်ကိုကျည်ထိပြီးစောင်းလိုက်တဲ့တင့်ကိုတော့ကျည်မထိဖို့များပါတယ်။ တင့်ကားရဲ့ကိုယ်ထည်တစ်စောင်းဖြစ်သွားတာကြောင့်ကျည်မဖောက်တော့ပဲချော်ထွက်သွားမှာဖြစ်ပါတယ်။ အမြောက်ကျည်သွားတဲ့အချိန်မီလီစက္ကန့်လေးအတွင်းမှာတင်သက်ရောက်မယ့် damage နဲ့ဖြစ်နိုင်ချေတွေအများကြီးကွာသွားလောက်အောင် သေးစိတ်ကျပါတယ်။ တင့်မောင်းနေရင်ပစ်ရင်ကျည်ကဘယ်လိုသွားမလဲ၊ ပြေးနေတဲ့တင့်ကိုဘယ်လိုသတ်ရမလဲစသဖြင့်တွက်ချက်ပြီး စကေးကျကျဆော့ကစားရမှာပါ။

တင့်အမျိုးအစားတွေအနေနဲ့ ဂျာမနီ၊ US၊ UK၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ရုရှား အစရှိတဲ့နိုင်ငံတွေကနေမတူညီတင့်တင့်ကားပေါင်းများစွာကိုစိတ်ကြိုက်ရွေးချယ်ဆော့ကစားနိုင်ပါတယ်။ တင့်တစ်စီးချင်းဆီမှာမတူညီတဲ့စွမ်းဆောင်ရည်တွေရှိပြီးအမြောက်၊ အင်ဂျင်၊ချိန်းဘီးအစရှိတဲ့အစိတ်အပိုင်းတွေကိုလဲစိတ်ကြိုက်ပြောင်းတပ်နိုင်ပါသေးတယ်။ အမြန်သွားနိုင်တဲ့အပေါ့စားတင့်၊ ကျည်ကာမာတဲ့အကြီးစားတင့်၊ အဘက်ဘက်ညီမျှတဲ့အလတ်စားတင့်နဲ့ချောင်းပြစ်ရတဲ့ destroyer တွေဆိုပြီး role လေးမျိုးခွဲထားပါတယ်။တင့်ကားတွေစပေါ်တဲ့ခေတ်ကနေစပြီးပထမကမ္ဘာစစ်တင့်တွေ၊ ဒုတိယကမ္ဘာစစ်တင့်တွေ၊ နောက်ဆုံးတိုက်ပွဲမဝင်ဖြစ်တဲ့နမူနာတင့်ကားကြီးတွေအထိ tier အလိုက်အဆင့်မြှင့်တင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်

Gameplay ဟာအပြစ်ပြောစရာမရှိလောက်အောင်ချောမွေ့ပြီး 60 fps ရတဲ့ရှားရှားပါးပါး mobile ဂိမ်းတစ်ခုပါ။ ဖုန်းကောင်းရင်ကောင်းသလောက်ရုပ်ထွက်ကောင်းအောင် setting ချိန်နိုင်ပြီး console quality graphic လောက်ထိရရှိနိုင်မှာဖြစ်ပါတယ်။အားနည်းချက်အနေနဲ့ ဂိမ်းအထဲမှာ Download လုပ်ရမယ့်ဒေတာပမာဏ 2Gb ကနေ 3Gb အထိရှိနိုင်ပြီးအနည်းဆုံး Ram 3Gb လောက်ရှိတဲ့အလည်အလတ်တန်းစားဖုန်းလောက်နဲ့မှအဆင်ပြေပြေကစားနိုင်မှာပါ။ Tank နဲ့ skin အချို့ကိုဈေးကြီးကြီးနဲ့ရောင်းပေမယ့် မဝယ်လို့လည်းဘာမှမဖြစ်ပါဘူး သင့်ရဲ့အရည်အချင်းကသာအဆုံးအဖြတ်ပေးမယ့် play-to-win ဂိမ်းအမျိုးအစားဖြစ်နေလို့ပါ။ အကောင်းဆုံးဂိမ်းတွေထဲကတစ်ခုဖြစ်ပေမယ့်လူသိနည်းနေသေးတဲ့ World of Tanks Blitz ကိုဆော့ချင်တယ်ဆိုရင်တော့အောက်က link မှာ download ယူနိုင်ပါတယ်။ အားလုံးပဲသာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

Download link – Android (Playstore, APKpure)/ iOS)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: