Sandbox devs က ဖန်တီးလိုက်တဲ့ ကစားကွင်းဆောက်တဲ့ဂိမ်း Wonder Park

Playon က ပရိသတ်ကြီးကို ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ Wonder Park ပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးက ကိုယ်တိုင် လှပတဲ့ ကစားကွင်းလေးဆောက်ရမယ့် ဂိမ်းလေးပါ။ ကစားကွင်းဆောက်တဲ့ ဂိမ်းလို့ပြောလိုက်ရင် Wonder Park တစ်ခုတည်းမဟုတ်ပါဘူး။ အခြားဂိမ်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီဂိမ်းလေးကိုမှ ရွေးပြီး မိတ်ဆက်ပေးရတဲ့အကြောင်းအရင်းက သူက ဂိမ်းတင်မဟုတ်ပဲ အပြင်မှာ တကယ့်ကာတွန်းဇာတ်လမ်းပါထွက်ရှိထားတာကြောင့် ဖြစ်ပါတယ်။ အခုဆို သူ့ကို ရုံတောင် တင်ပြီးနေပါပြီ။

ဇာတ်ကြောင်းလေးက စိတ်ကူးယဉ်ဆန်တဲ့ကောင်မလေးတစ်ယောက်ရဲ့အိမ်မက်ထဲကကစားကွင်းလေးတကယ်အပြင်မှာအသက်ဝင်နေတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ဂိမ်းလေးကလည်း တကယ့်ကို မိုက်မယ်လို့ အက်မင် ယုံကြည်ပါတယ်။ အဲ့ဒါကြောင့်လည်း မိတ်ဆက်ပေးတာပေါ့နော်။ ဒါဆို ဂိမ်းအကြောင်းလေးကို ဆက်ပြီးပြောလိုက်ရအောင်…

Wonder Park ထဲမှာ player က ကစားကွင်းတစ်ခုကို ဖန်တီးရမှာဆိုတော့ roller coaster တွေ ride တွေနဲ့ အခြား ကွဲပြားတဲ့ item တွေကို တည်ဆောက်ပြီး ကစားကွင်းကို ကိုယ်ပိုင်စိတ်ကူးနဲ့ ဒီဇိုင်းဖော်ရမှာပါ။ လှပတဲ့ decoration လေးနဲ့ ဧည့်သည်တွေကို ဆွဲဆောင်ရမှာပါ။

ဂိမ်းထဲမှာ ဗီလိန်အနေနဲ့ ချင်ပင်ဇီလို့ခေါ်တဲ့ မျောက်ဆိုးလေးတွေ ပါဝင်မှာပါ။ သူတို့တွေက သင့်ရဲ့ ကစားကွင်းရဲ့ ဆွဲဆောင်မှုတွေကို လိုက်ပြီးဖျက်ဆီးပစ်မှာနော်။။ ဂိမ်းကစားတဲ့အခါကျရင်တော့ အဲ့ဒီ့ မျောက်ဆိုးလေးတွေကို သတိထားရပါမယ်။ ပြီးမြောက်အောင်ဆောင်ရွက်ရမယ့် quest တွေ အများကြီးပါဝင်ပြီး သူတို့ကို ပြီးမြောက်အောင်မြင်မှ ပစ္စည်း အသစ်တွေရမှာဖြစ်လို့ သေချာတော့ စိတ်နှစ်ပြီး ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။

App Store နဲ့ Google Play Store တို့မှာ အခမဲ့ ဒေါင်းလုတ်ရယူ ကစားနိုင်ပါပြီနော်။ နမူနာ ဗီဒီယိုလေးကိုတော့ အောက်မှာကြည့်သွားနိုင်ပါတယ်။

Source – DroidGamers

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password