News

ဇန်နဝါရီ update နဲ့အတူ Animal Crossing: Pocket Camp

မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ရွင်စရာ ကမ္ဘာလေးတစ်ခု ဖန်တီးရမယ့် ဂိမ်းလေးဖြစ်တဲ့ Animal Crossing : Pocket Camp ကို Playon မိတ်ဆွေများအနေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ လယ်လောက်ကထွက်ရှိခဲ့တဲ့ ဒီဂိမ်းအနေနဲ့ လည်း ဒီနှစ် ဇန်နဝါရီလထဲ ၄င်းဂိမ်းရဲ့ update ထွက်ရှိမယ်လို့ ကြေညာထားတဲ့ အတိုင်း အခုဆိုရင် ထွက်ရှိလို့လာပြီ ဖြစ်လို့ မိတ်ဆွေများအနေနဲ့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Camp တစ်ခုကို ဖန်တီး တည်ဆောက်ပြီး ဉီးဆောင်ရမယ့် ဒီဂိမ်းလေးဟာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ ဒီတစ်ပတ်မှာကတော့ event တစ်ခုကို ထည့်သွင်းပြီး ဂိမ်းရဲ့ update အနေနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ လှပပြီး ချစ်စရာကောင်းတဲ့ ကောင်မလေး နေရာကနေ ဆော့ကစားရမယ့် Animal Crossing: Pocket Camp ရဲ့ update အနေနဲ့ ကတော့ ဆောင်းတွင်း အပြင်အဆင်တွေ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာကတော့ ဆော့ကစားသူ အနေနဲ့ resources များကို လိုက်လံစုဆောင်းရယူဖို့ အတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေမှာပါ။

မိမိရဲ့ Camp ကို အလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လိုအပ်တဲ့ resource များကို ရှာဖွေပြီး items များဖြင့် သူတစ်ပါး လာရောက်လည်ပတ်ချင်တဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးရဖို့လည်း ရှိနေပါတယ်။ Update မှာကတော့ လှပတဲ့ ဆောင်းတွင်းမှာ ဝတ်ဆင်ရမယ့် အဝတ်အစား လှလှလေးတွေလည်း ပါရှိမှာလည်း ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ပြောပြမယ်ဆိုရင် ဂိမ်းလေးကို နှင်းတွေဖုံးလွှမ်းနေတဲ့ Wonderland တစ်ခု အဖြစ်မြင်တွေ့ရမှာ ဖြစ်ပြီး ဒီကာလ ဟာလည်း အမြဲတမ်းတော့ နှင်းတွေ ဖုံးလွှမ်းနေမှာ မဟုတ်သလို အချိန်တစ်ခု အထိဘဲ ဖြစ်တည်မှာ ဖြစ်ပါတယ်။ အချိန်ကာလ အနေနဲ့ကတော့ ဇန်နဝါရီ ၃၁ ရက်နေ့ထိဘဲ ဖြစ်တယ်ဆိုတာကိုလည်း အသိပေးပါရေစေ။

ဒီဂိမ်းလေးကတော့ Playon မိတ်ဆွေများအနေနဲ့ သိရှိပြီးသား ဖြစ်မယ်လို့ ယုံကြည်တဲ့ Camp Management နဲ့ သက်ဆိုင်တဲ့ စီမံခန့်ခွဲမှုများဖြင့် ဆော့ကစားရတဲ့ simulation ဂိမ်းလေးဘဲ ဖြစ်ပါတယ်။ ဒါတင်မကဘဲ မိမိတည်ဆောက်ထားတဲ့ ကျွန်းများအပြင် အခြား ဆော့ကစားသူ မိတ်ဆွေများရဲ့ ပိုင်ဆိုင်တဲ့ ကျွန်းများကို လည်း လည်ပတ်လို့ ရမယ့် Nintendo မှ ထုတ်လုပ်ထားတဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့ အခုဖော်ပြထားတဲ့ ဂိမ်းလေးရဲ့ နောက်ဆုံး update ကိုတော့ မိုလ်ဘိုင်း Platform အနေဖြင့် Android အပြင် IOS မှာ Free to Play အနေနဲ့ ရယူနိုင်ပြီဆိုတဲ့ အကြောင်း Playon မိတ်ဆွေများကို အသိပေးရင်း ရှေ့ဆက်လာမယ့် သတင်းများကိုလည်း ဆက်လက်စောင့်မျှော်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

Resource : Winter sports are here in Animal Crossing: Pocket Camp

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: