ArticleFeatures

ဆောင်းတွင်း mood နဲ့ကစားလို့ကောင်းမယ့် winter-themed ဂိမ်းများ 

လက်ရှိဟာတော့ New Year မရောက်ခင် အေးမြတဲ့ဒီဇင်ဘာလအချိန်အခါမို့ ဆောင်းတွင်း mood လေးဖြစ်နေမှာတော့အသေအချာပါပဲ။ (မအေးလည်း ဒီစာဖတ်နေချိန် ဆောင်တွင်း mood လေးဝင်ပေးပါနော် 😂😁)… ဒီနေ့မှာတော့ အဲ့လို ဆောင်းတွင်း mood ဖြစ်နေချိန်လေးမှာကစားလို့ အရသာတွေ့မယ့် ဂိမ်းလေးတွေကို Playon ကဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဂိမ်းလေးတွေက Heavy တွေမဟုတ်ပဲ သာယာမှုကိုဉီးစားပေးထားတဲ့ Casual ဂိမ်းလေးတွေပဲဖြစ်တာမို့ အသက်အရွယ်မရွေး၊ အချိန်အခါမရွေးဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။ စပါပြီ။

1. Alto’s Adventure

Download link – Android/ iOS

မြူနှင်းတွေပြည့်နှက်နေနဲ့ နှင်းတောင်တန်းကြီးတွေမှာ နှင်းလျှောစီးဆော့ကစားရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ကြည်လင်ပြီး ပုံဖော်မှုကောင်းတဲ့နောက်ခံအနေအထား၊ ခံစားလို့ကောင်းတဲ့ပတ်ဝန်းကျင်၊ အသံအနေအထားတွေကြောင့် Casual ဂိမ်းဖြစ်ပေမယ့်တော်တော်များများကြိုက်နှစ်သက်ကြပြီး rating ကောင်းကောင်းပိုင်ဆိုင်ထားတဲ့ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Alto’s Adventure ကမှ မိတ်ဆွေကိုသာယာတဲ့ ခံစားမှုမျိုးမပေးစွမ်းနိုင်ဘူးဆိုရင်… သေချာပါတယ်… မိတ်ဆွေကို ဘယ်ဂိမ်းကမှ သာယာတဲ့ Chill feeling မျိုးမပေးစွမ်းနိုင်တော့ပါဘူး။

Free to play ဖြစ်ပြီး Android, iOS နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပါတယ်။

2. Skiing Yeti Mountain

Download link – Android/ iOS

သူကတော့ Alto’s adventure လိုမျိုးပဲ နှင်းတောင်တန်းတွေပေါ်မှာ လျှောစီးဆော့ကစားရမှာပါ။ ဒါပေမယ့် ဂိမ်းနှစ်ခုရဲ့ logic ပိုင်းနဲ့ graphics ပိုင်းကတော့ ဘာမှမဆိုင်ပါဘူး။ Skiing Yeti Mountain ရဲ့ graphics ပိုင်းက 3D art ပုံစံမျိုးမဟုတ်ပဲ Minecraft ကလို pixel grahpics ပုံစံမျိုးဖြစ်ပါတယ်။ ဂိမ်းကတော့ Casual ဂိမ်းဆိုပေမယ့် မပျင်းရအောင် Story line နဲ့ Challenge လေးတွေကို RPG ဂိမ်းပုံစံမျိုးလေးထည့်သွင်းပေးထားတာလည်းဖြစ်ပါတယ်။

သူလေးကလည်း Free to play ဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပါတယ်။ Pixel grahpics ပုံစံမျိုးသိပ်မဆော့ကြတဲ့ ကျွန်တော့်လိုဂိမ်မာဆိုရင် ဒီဂိမ်းကို ထင်သလောက်သဘောတွေ့နေမှာတော့မဟုတ်ပါဘူး။

3. Dog Sled Saga

Download link – Android/ iOS

သူကလည်း မြူနှင်းတွေပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခွင်မှာ နှင်းလျှောစီးရမယ့် ဂိမ်းဖြစ်ပါတယ်။ ထူးခြားတာက ခွေးလေးတွေနဲ့အတူ နှင်းလျှောစီးပြိုင်ပွဲဝင်ဆော့ကစားရတာပါ။ ကိုယ့်ရဲ့ ခွေးအဖွဲ့လေးကို ကိုယ်တိုင်စီမံခန့်ခွဲပြီး အကောင်းဆုံးနှင်းလျှောစီးသမားဖြစ်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ နှင်းလျှောစီးပြိုင်ပွဲထူးခြားချက်က တခြားဂိမ်းတွေလို Speed နဲ့ Timing အပိုင်းကို ချိန်ညှိရတာမဟုတ်ပဲ ခွေးလေးတွေကိုပဲ ဟန်ချက်ညှိပေးရတာဖြစ်ပါတယ်။ ကိုယ်နဲ့အတူပြိုင်ပွဲဝင်လာတဲ့ ခွေးလေးတွေကိုအကဲခတ်ပြီး ဗိုက်ဆာပြီလို့မြင်တဲ့အခါမှာ အရိုးပစ်ကျွေးတဲ့ပုံစံမျိုးနဲ့ဟန်ချက်ညှိပေးရမှာပါ။ ဗိုက်ဆာတဲ့အချိန်ခွေးကို အစာမကျွေးဘူးဆိုရင်တော့ အရှိန်ကနှေးလာပြီး ပန်းဝင်ဖို့ကလည်း အများကြီးနောက်ကျသွားမှာဖြစ်ပါတယ်။ Gameplay ပိုင်းကနည်းနည်းတော့ဆန်းပါတယ်။ 😁)… Free to play ဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးလုံးမှာဆော့ကစားနိုင်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ဂိမ်းတွေကတော့ အခုလို ဆောင်းရာသီဒီဇင်ဘာမှာဖြစ်ပေါ်လာတဲ့ mood လေးနဲ့ ကိုက်ညီလောက်မယ့် Winter-themed ဂိမ်းလေးတွေဖြစ်ပါတယ်။ Casual ဂိမ်းလေးတွေဆိုပေမယ့် အရမ်းကြီးပျင်းစရာမကောင်းလှတဲ့ ဂိမ်းတွေဖြစ်တာကြောင့် တော်တော်များများကြိုက်နှစ်သက်လောက်မှာပါ။ မိတ်ဆွေတို့ winter-themed ဂိမ်းတွေကရော ဘာလေးတွေလဲဗျ? ကွန်းမန့်မှာရှယ်ပါဉီး 😃)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password