Features

ဒီနှစ်အတွင်းမှာ ရောက်ရှိလာမယ့် တမူထူးခြားတဲ့ ဂိမ်းတစ်ခု Tick Tock: A Tale for Two

ဒီနှစ်အတွင်း mobile platform ပေါ်ကို ရောက်ရှိလာမယ့် ဂိမ်းဟာ အခြားဂိမ်းများနဲ့ မတူညီသလို ဆော့ကစားရတာလည်း တမူထူခြားစေမှာ ဖြစ်ပါတယ်။ Tick Tock: A Tale for Two လို့အမည်ရတဲ့ ဂိမ်းဟာ မိတ်ဆွေအနေနဲ့ Escape:The Room ဂိမ်းရဲ့ ပရိသတ်တစ်ဉီး ဆိုရင်တော့ ဒီဂိမ်းကို နှစ်သက်သဘောကျမိမှာ အမှန်ပါ။

မိတ်ဆွေအနေနဲ့ ဒီဂိမ်းကို မိမိတစ်ယောက်ထဲ ဆော့ကစားရမှာ မဟုတ်ဘဲ မိမိရဲ့ သူငယ်ချင်း တစ်ဉီးတစ်ယောက်နဲ့ အတူ လွှတ်မြောက်အောင် Puzzels များကို ဖြေရှင်းရမှာ ဖြစ်ပြီး ထိုသူနဲ့ အတူတူ Mission ကို ပြီးဆုံးအောင် ဆောင်ရွက်ရင်း မိမိတို့ ပိတ်မိနေတဲ့ နေရာကနေ လွှတ်မြောက်အောင် အကောင်အထည် ဖော်ရမှာလည်းဖြစ်ပါတယ်။

သင့်အနေနဲ့ ဖြေရှင်းစရာ ကိစ္စရပ်များနဲ့ အတူ သဲလွန်စများကိုလည်း ရှာဖွေ ဖြေရှင်းပြီး မိမိတို့ ပိတ်မိနေတဲ့ အနေရာကနေ လွှတ်မြောက်အောင် ကြိုးစားရမှာဘဲ ဖြစ်ပါတယ်။ ဂိမ်းရဲ့ အဓိက feature အနေနဲ့ကတော့ ဒီဂိမ်းကို မိတ်ဆွေတစ်ယောက်ထဲ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အခြား Player တစ်ယောက်နဲ့ အတူ ဖြေရှင်းရမှာ ဖြစ်ပြီး mobile devices ၂ ခုလိုအပ်တာကတော့ ဂိမ်းရဲ့ ထူးခြားမှု တစ်ခုဖြစ်နေပါတယ်။

Developer များအနေနဲ့ နှစ်ပေါင်းများစွာ ဒီဂိမ်းဖြစ်တည် လာဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း တွေ့ရှိရပါတယ်။ မကြာမှီ ရောက်ရှိလာမယ့် ဒီဂိမ်းကတော့ စိန်ခေါ်မှုတွေနဲ့ ဆော့ကစားရမှာဖြစ်တဲ့ အတွက် Puzzels များကို ဖြေရှင်းရတာ ကြိုက်နှစ်သက်သူ၊ မိမိကိုယ်တိုင် ကြိုးစား အဖြေရှာချင်တဲ့ Playon မိတ်ဆွေများ အနေနဲ့လည်း ဒီတမူထူးခြားတဲ့ ဂိမ်းကိုရယူထားသင့်တဲ့ ဂိမ်းကောင်းတစ်ခု အဖြစ် မှတ်ချက်ပြုပါရစေ။ သူငယ်ချင်းနှစ်ယောက်သား Team Work  ကောင်းကောင်းနဲ့ တစ်ဉီးအပေါ် တစ်ဉီး ရိုင်းပင်းကူညီရင်း လွှတ်မြောက်အောင် ကြိုးစားရမယ့် ဂိမ်းကတော့ ဒီနှစ်ကုန် လောက်မှာ Android နဲ့ IOS များမှာ ထွက်ရှိမှာ ဖြစ်ပြီး အလားတူ Steam PC ဂိမ်းအနေနဲ့လည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။

တမူထူးခြားတဲ့ ဂိမ်းလေးဖြစ်တဲ့အတိုင်း ဂိမ်းထွက်ရှိလာမယ့် အချိန်ကိုသာ စောင့်မျှော်ရအုံးမှာကတော့ ဝမ်းနည်းစရာကောင်းသလို စိတ်လှုပ်ရှား စိတ်ဝင်စားမှုများနဲ့ ဖြတ်သန်းရမှာကတော့ တစ်ကယ်ပါ။ ဒါ့ကြောင့် Playon မိတ်ဆွေများအနေနဲ့လည်း ဂိမ်းထွက်ရှိတဲ့ အချိန်များမှာ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် စောင့်မျှော်ရင်း ဂိမ်းကောင်းလေးများကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်လို့ Playon နဲ့အတူ ရှိနေပေးဖို့ ဆုတောင်းစကား ဆိုလိုက်ရပါတယ်။

Resource :

TickTocktheGame

Steam Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: