News

ဖေဖော်ဝါရီလထဲမှာ ထွက်ရှိဖို့ ရှိနေတဲ့ Final Fantasy XV: Pocket Edition

Mobile ဂိမ်းပရိသတ်များကို မနှစ်တုန်းက ထွက်ရှိမယ်လို့ ကြေညာထားပြီဖြစ်တဲ့ Final Fantasy XV: Pocket Edition ဂိမ်းကို Playon အနေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အခုတစ်ခါကတော့ မိတ်ဆွေများ အနေနဲ့ ဂိမ်းထွက်ရှိမယ့် အချိန်ကို သိရှိနိုင်ပြီ ဖြစ်ပါတယ်။

Official page အနေနဲ့ Chibi art style ပုံစံ အခြေခံပြီး ပြုလုပ်ထားတဲ့ Pocket Edition ဂိမ်းကိုတော့ လာမယ့် ဖေဖော်ဝါရီလထဲမှာ မိုလ်ဘိုင်း မိတ်ဆွေများအတွက် ယူဆောင်လာဖို့ အတွက်ရှိနေပါတယ်။ ဇာတ်လမ်းသွားဂိမ်းများကို သဘာကျနှစ်သက်သူများအဖို့တော့ ရယူထားဖို့ ထိုက်တန်တဲ့ ဂိမ်းကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။

Developer များက mobile device အနေနဲ့ ဆော့ကစားလို့ရအောင် control စနစ်ကို ပြင်ဆင်ပြီး ပြန်လည်ပြုလုပ်ထားတဲ့ FFXV Pocket Edition ဟာဆိုရင် သူ့ရဲ့ Main Game နဲ့ ဆော့ကစားရတာ အတူတူ ဖြစ်ပါတယ်။ Mobile gamer များအနေနဲ့လည်း console စက်ပိုင်ဆိုင်တဲ့ သူများနည်းသူ ဆော့ကစားနိုင်ပြီ ဖြစ်တဲ့အတွက် mobile platform ပေါ်ရောက်ရှိလာတာဟာ အလွန်ကောင်းမွန်တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

In game အနေနဲ့ Chapter 1-10 ပါဝင်မှာ ဖြစ်ပြီး ထွက်ရှိလာတဲ့ အချိန်မှာကတော့ Free to Play အနေနဲ့ chapter 1 ကိုဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အခန်းများကိုတော့ IAP အနေနဲ့ဝယ်ယူရမှဘဲ ဖြစ်ပါတယ်။ Chaper အားလုံးကို ရယူဖို့အတွက် ဆိုရင်တော့ $19.99 နဲ့ဝယ်ယူရမှာ ဖြစ်တဲ့ အကြောင်းကိုလည်း  Game official page မှာတွေ့ရှိရပါတယ်။

Final Fantasy: Pocket Edition ဂိမ်းကိုတော့ မကြာမှီ mobile platform ပေါ်ရောက်ရှိလာမယ်ဆိုတဲ့ အကြောင်းအသိပေးရင်း Playon မိတ်ဆွေများအနေနဲ့ Pre Register လုပ်ထားရင်း စောင့်မျှော် ရဖို့အတွက် ကျွန်တော်တို့နဲ့ အတူရှိဖို့ ဖိတ်ခေါ် တိုက်တွန်းလိုက်ပါရစေ။

Resource:

Official Site

Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: