News

February 22 နေ့ Mobile Platform ပေါ် မြင်တွေ့ရဖွယ်ရှိတဲ့ Alto’s Odyssey

ဒီလပိုင်း ၂၂ ရက်နေ့ မှာတော့ mobile platform ပေါ်ရောက်ရှိလာဖို့ ရှိနေတဲ့ ဂိမ်းတစ်ခုအကြောင်းကို Playon မိတ်ဆွေများအတွက် တင်ဆက် ဖော်ပြပေးလိုက်ရပါတယ် ခင်ဗျာ။ ဒါပေမယ့် ဒီနေရာမှာကတော့ mobile platform များဖြစ်ကြတဲ့ Android ထက် IOS အနေနဲ့ စောစွာ ရောက်ရှိလာဖို့ ရှိနေပါတယ်။ ကျွန်တော်တို့လို့ android users များအနေနဲ့ကတော့ ဝမ်းနည်းရမလို ဖြစ်နေတာပေါ့ဗျာ။

Developer အနေနဲ့မဟုတ်ဘဲ ကောလာဟာလ သတင်းများတွေကတော့ android အနေနဲ့ မတ်လကုန်ပိုင်း ဒါမှမဟုတ် နွေရာသီလောက်မှာ ထွက်ရှိလာမယ်လို့ ဆိုထားပေမယ့် ဘယ်လိုဖြစ်ဖြစ် ရောက်ရှိလာမှာကတော့ မကြာတော့ဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ကဲ. . . ဒီနေ့မှာ ဖော်ပြပေးမယ့် ဂိမ်းကတော့ Alto’s Odyssey လို့ အမည်ပေးထားတဲ့ Adventure ဂိမ်းတစ်မျိုးဘဲ ဖြစ်ပါတယ်။

ဒီဂိမ်းကိုတော့ original ဂိမ်းတစ်ခုဖြစ်တဲ့ Alto’s Adventure ကိုပြန်လည် ဆန်းသစ်ပြီး Developer မှ mobile platform ပေါ်ယူဆောင်လာမယ့် ဂိမ်းဘဲ ဖြစ်ပါတယ်။ ဂိမ်းအနေနဲ့ကတော့ endless ပုံစံနဲ့ ဆော့ကစားရမှာ ဖြစ်ပြီး ပါဝင်လာတဲ့ locations အချို့ဟာလည်း ပြောင်မြောက်လို့နေမှာပါ။ ဖန်တီးထားတဲ့ location အနေနဲ့ သဲကန္တာရများ အပြင် နှင်းတောင်တန်းများမှာပါ adventure သွားရမယ့် အမျိုးအစားများလည်း ဒီထွက်ရှိမယ့် ဂိမ်းမှာ ပါဝင်မှာလည်း ဖြစ်ပါတယ်။ ထို့ထက်သာမက Developer အနေနဲ့လည်း ဂိမ်း background မှာလည်း ထူးခြား ဆန်းသစ်မယ့် ပုံစံလေးတွေနဲ့ ပြုလုပ်ထားပါလိမ့်မယ် လို့ပြောထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီဂိမ်းအနေနဲ့ ကောင်းမွန်တဲ့ ပုံစံနဲ့ ရောက်ရှိလာမှာလား ဆိုတာကတော့ သိပ်မကြာတော့ဘူး လို့ပြောရမှာပါ။ Android အနေနဲ့ ရောက်ရှိဖို့တော့ လိုအပ်နေမှာ ဖြစ်သလို IOS အနေနဲ့ကတော့ စတင်ပြီး official site  မှာဝင်ရောက်ပြီး pre-register ပြုလုပ်ထားခြင်းအားဖြင့် ထွက်ရှိလာမယ့် အချိန် စောင့်စားနိုင်ပြီဖြစ်ပါတယ်။ Playon မိတ်ဆွေများအနေနဲ့လည်း ရယူနိုင်ဖို့ မျှော်လင့်ရင်း ကျွန်တော်တို့နဲ့အတူ ဂိမ်းထွက်ရှိလာမယ့် နေ့ရက်ကို ရင်ခုန်စွာနဲ့ ဖြတ်သန်းကြစို့လို့ ခေါ်ဖိတ် လိုက်ရပါတယ်။

Source :

altosodyssey.com

theverge.com

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password