News

ရောက်ရှိလာဖို့ သေချာပြီဖြစ်တဲ့ Nexomon

Pokemon series ရဲ့ လွှမ်းမိုးမှုနဲ့ အတူ mobile platform ပေါ်သို့ ရောက်ရှိလာဖို့ ရှိတဲ့ Pokemon မဟုတ်တဲ့ Nexomon အကြောင်း Playon မိတ်ဆွေများ အနေနဲ့ သိရှိပြီး ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ဂိမ်း Developer များအနေနဲ့ တရားဝင် ကြေညာချက်တစ်ခုကို official facebook page ကနေ မကြာမှီ ရောက်ရှိလာတော့မှာ ဖြစ်တဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Role Play ဂိမ်းအမျိုးအစားတစ်ခုအဖြစ် Android Platform ပေါ်ရောက်ရှိလာမယ့် Nexomon လို့အမည်ပေးထားတဲ့ ဂိမ်းဟာ မကြာမှီ March 1 ရက်နေ့မှာစတင်ပြီး mobile Platform မှာရယူနိုင်တော့မှာဘဲ ဖြစ်ပါတယ်။ လူအများအကြားမှာ ခေတ်ထ ရေပန်းစားခဲ့တဲ့ Pokemon ဂိမ်းအနေနဲ့ ပြန်လည် ရောက်ရှိလာမယ့် ဒီဂိမ်းလေးကတော့ ဘယ်သူ့ကို မဆို စိတ်ဝင်စားမှု ရရှိစေခဲ့တာ မဟုတ်လား။ အတည်ပြုကြေညာလိုက်ပြီဖြစ်တဲ့ ဂိမ်းလေးဟာ PVP ဂိမ်းပုံစံမျိုးနဲ့ အတူ android plaform ကိုတော့ March 1 ရက်နေ့မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Google Play Store ပေါ်မှာ ရယူနိုင်တော့မှာဘဲ ဖြစ်ပါတယ်။

 

စိတ်ဝင်စားဖွယ်ကောင်းတဲ့ Monster အကောင်းများနဲ့ ပြန်လည် ရောက်ရှိလာမယ့် Nexomon ဂိမ်းလေးအနေနဲ့လည်း အားလုံးကို စိတ်လှုပ်ရှား ရင်ခုန်စေခဲ့တဲ့ အတိုင်း ရယူဖို့ နီးကပ်လာပြီ လည်းဖြစ်ပါတယ်။ In game အနေနဲ့လည်း စိတ်ဝင်စားစရာကောင်းပြီး ချစ်စဖွယ် monster အကောင်ငယ်လေးများနဲ့ ဖန်တီးထားတဲ့ ဂိမ်းလေးကတော့ ဂိမ်း features အပြည့်အစုံနဲ့ March 1 ရက်နေ့မှာ ရယူနိုင်မှာ ဖြစ်ပြီးတော့ android version များမှာတော့ အနိမ့်ဆုံးအနေနဲ့ version 5.0 မှစတင်ပြီး ဆော့ကစားမှာ ဖြစ်ပါတယ်။

ရောက်ရှိလာဖို့ သေချာပြီ ဖြစ်တဲ့ Nexomon ဂိမ်းလေးကို စောင့်မျှော်နေကြတာကတော့ အမှန်ပါ။ Playon မိတ်ဆွေများအနေနဲ့လည်း ဒီဂိမ်းလေးကို စောင့်မျှော်ရင်း ကျွန်တော်တို့နဲ့ ဆက်လက်ရှိနေပေးဖို့ မျှော်လင့် လိုက်ရပါတယ်။ ရှေ့ဆက်ပြီး သတင်းများနဲ့အတူ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ဂိမ်းလေးများကို တင်ဆက်ပေးမှာ ဖြစ်လို့ Playon နဲ့အတူ ရှိနေကြဖို့ ခေါ်ဖိတ်လိုက်ရပါတယ် ခင်ဗျား. . . . . . . . . . . . ။

Resource :

Nexomon Official Facebook Page

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: