ArticleReviews

ကစားကြည့်သင့်တဲ့ RTS ဂိမ်း Wild Beyond

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဘော်တို့ကို Wild Beyond ဆိုတဲ့ ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက ထွက်ထားတာ သိပ်တော့ မကြာသေးဘူး။ ဒီလ တွင်းမှာပဲ ထွက်ရှိထားတာပါ။ ဒါပေမယ့် သူ့ရဲ့ထူးခြားတဲ့ Graphics တွေက အရမ်းကို ဖမ်းစားနိုင်လွန်းလို့ အားလုံးကို လက်တို့လိုက်ရတာဖြစ်ပါတယ်။ ကဲကဲ… စိတ်ဝင်စားရင် အဆုံးထိဖတ်ကြည့်သွားကြနော်။

Wild Beyond က Strange Sevens က ဖန်တီးထားတဲ့ real time strategy ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူက အာကာသ ဟင်းလင်းပြင်မှာရှိတဲ့ ကြယ်စုတစ်စု မှာ ဖြစ်တည်တဲ့ဂိမ်းဖြစ်တာကြောင့် ဂိမ်းထဲမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရမှာပါ။ သူ့ကို iOS ဖုန်းတွေမှာ ကစားလို့တော့ ရနေပါပြီ။ သတ်မှတ်ထားတဲ့ Android ဖုန်းတွေဆီကိုတော့ မကြာခင် ရောက်လာတော့မယ်လို့ သိရပါတယ်။ ခုတောင် ရောက်ရင် ရောက်နေမှာပါ။ အက်မင် Android နဲ့ နည်းနည်း အဆက်အသွယ် ပျက်နေလို့… တစ်ချက်လောက် ဝင်ကြည့်ပေးကြပါနော်။ 😃)

ဂိမ်းထဲမှာ factions ၃ ခုပါဝင်ပါတယ်။ သူတို့တွေက the futuristic military Legion ၊ the sci-fi/fantasy based Ascension နဲ့ the punk-rock-pyromaniac imfused Rogue တို့ပါပဲ။ အဲ့ faction ၃ခုထဲမှာမှ player က တစ်ခုကို ရွေးပြီး ကစားရမှာပါ။ Faction တစ်ခုဆီမှာ သူ့ရဲ့ ကိုယ်ပိုင် planet တွေနဲ့ battlefield တွေပါပါတယ်။ Player တွေယှဉ်ပြိုင်ကစားနိုင်မယ့် ၃မိနစ် ပြိုင်ပွဲ တွေမှာ P v P combat ပါတာကြောင့် တစ်ယောက်ချင်းဖိုက်မလား နှစ်ယောက်ချင်းဖိုက်မလားကိုလည်း စိတ်ကြိုက်ရွေးနိုင်ပါတယ်။ Card တွေကိုစုဆောင်းရင်း ယူနစ်တွေကို တတ်အောင်လုပ်နိုင်ပါတယ်။ ဂိမ်းထဲမှာ upgrade လုပ်ဖို့ commander ၆ ယောက် နှင့် faction ၃ခုမှ ယူနစ် ၅၀ ကျော်ပါဝင်ပါတယ်။ အဲ့တာကြောင့် player အနေနဲ့ digital card တွေကို အွန်လိုင်းပေါ်မှာ သူငယ်ချင်းတွေနဲ့ ဖလှယ်လို့တောင်ရပါတယ်။ သူ့ရဲ့ နမူနာ ဗီဒီယိုကို အောက်မှာ တစ်ချက် ဝင်ရှိုးလိုက်ကြပါဦး။

ဘယ်လိုလဲ??? ရှာနေတဲ့ ဂိမ်းပုံစံလေးများဖြစ်နေမလားနော်… 😝)

Wild Beyond ဂိမ်းဟာ နက်ရှိုင်းပြီး strategic gameplay ပုံစံကိုရှာနေတဲ့ မိုလ်ဘိုင်း player တိုင်း ရွေးချယ်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Free to Play ဖြစ်တာကြောင့် သူ့ကို အခမဲ့ download ရယူနိုင်ပါတယ်။

Ref 1, 2

Download link – iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password