Reviews

အရိုးစုလေးကို ခေါင်းတပ်ပေးရမယ့် Where’s My Head ?

ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်နေတဲ့ အရိုးစုလေးကို ခေါင်းပြန်တပ်ပေးရမှာပါ။ Monster လေးကို သကြားလုံးကျွေးပေးရတဲ့ Cut the rope ဂိမ်းနဲ့ နည်းနည်းဆင်ပါတယ်။ အရိုးခေါင်းနဲ့ သကြားလုံး ပဲကွာတာပါ။ အရိုးစုခေါင်းကို ချည်ထားတဲ့ကြိုး ကို ဖြတ်ပြီး ခန္ဓာကိုယ်နဲ့ ပြန်တပ်ပေးရမှာဖြစ်တယ်။ သေသေချာချာ မှန်းဆပြီး ကြိုးကို ဖြတ်ဖို့တော့လိုပါတယ်။မဟုတ်ရင်ခေါင်းတစ်ခြား ကိုယ်တစ်ခြား ပြန်ဖြစ်သွားမှာပါ။

ကစားရတာလွယ်ကူပြီး ရိုရှင်းတဲ့ game ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ကစားချင်တဲ့သူတွေအကြိုက်တွေ့မှာပါ။ Level ပေါင်း ၁၂၀ ကျော်ပါဝင်မှာဖြစ်ပြီး Level တတ်လာတာနဲ့အမျှ ပိုပိုပြီးခက်လာမှာဖြစ်တယ်။ တကယ့် လူအရိုးခြောက်ပုံစံအတိုင်း ရုပ်ဆိုးဆိုးကိုတွေ့ရမှာဖြစ်ပြီး ကစားလို့ကောင်းတဲ့ ဂိမ်းလေးဖြစ်တယ်။

Prison, Ship, Desert, Jungle စတဲ့ နေရာတွေကို တစ်ခုချင်း unlock လုပ်ပေးရမှာဖြစ်တယ်။ Offline ကစားနိုင်တဲ့ game ဖြစ်လို့ အချိန်တိုင်းနေရာတိုင်းမှာ bill မလိုပဲ ကစားနိုင်ပါတယ်။ ရုပ်ဆိုးဆိုးအရိုးစုရဲ့မျက်လုံးက လှုပ်နေမှာဖြစ်ပြီး music ကလည်း ခပ်မြူးမြူးလေးမို့လို့ ကစားရတာပျော်စရာကောင်းမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းလေးမို့လို့ ဆော့ကစား ကြည့်ဖို့ အကြုံပြုချင်ပါတယ်။

အခုလတ်တလောတော့ iOS အတွက်ပဲ download လုပ်လို့ရဦးမှာဖြစ်တယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနောက်ဆုံးupdate version 4.8 ထွက်ထားတာပါ။ File size က 51MB ဖြစ်ပြီး iOS  version 7.0 နှင့်အထက်မှာ ဆော့ကစားနိုင်ပါတယ်။ Free to play ဖြစ်ပါတယ်။ ကဲ…ဒါဆို “ငါ့ခေါင်းဘယ်မှာလဲကို ကစားကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား”

 

 

 

Image Source – Where’s My Head?

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: