Cartoon Network ရဲ့ အမိုက်စား mini ဂိမ်းတစ်ခုဖြစ်တဲ့ What’s up, snoopy? – Peanuts!

Snoopy  ဆိုတဲ့ဇာတ်ကောင်က မိတ်ဆွေတို့ကြားတာနဲ့မိတ်ဆွေတို့က အဖြူရောင်ခွေးဖြူလေး ကိုပြေးမြင်ကြမှာပါ။ ဒီဂိမ်းမှာတော့မိတ်ဆွေတို့က Peanuts အဖွဲ့နဲ့အတူ မိမိအရည်အချင်းကို စမ်းသပ်နိုင်မှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ က ချစ်စဖွယ် Snoopy ဆိုတဲ့ နေရာကဆော့ရမှာဖြစ်ပါတယ်။ အမျိုးအစားမတူတဲ့ မီနီဂိမ်း ၁၀ မျိုးကိုဆော့ရမှာပဲ ဖြစ်ပါတယ်။ တင်းနစ်၊ ဒိုင်ဗင်၊ စကိတ် အစရှိတဲ့ ဂိမ်းတွေကို ကစားရမှာပါ။ ဂိမ်းတစ်မျိုးထဲမှာ အမျိုးအစားမတူတဲ့ ဂိမ်း ၁၀ မျိုးကိုကစားရတာဖြစ်တာကြောင့် ဆော့ရတာတန် ပါတယ်။ ဒါ့အပြင်မိတ်ဆွေတို့ က Snoopy တစ်ကောင်ကို ပဲတွေ့ရမှာ မဟုတ်ပါဘူး၊ Snoopy လိုပဲ မိတ်ဆွေတို့ကြိုက်တဲ့အခြား ဇာတ်ကောင် တွေလည်းတွေ့မြင်ရဉီးမှာပါ။

အဲ့တာကတော့Charlie Brown, Lucy, Linus, Schroeder, Sally and Woodstock အစရှိတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ Snoopy အနေနဲ့ ဆော့နေ တဲ့ဂိမ်းတစ်လျှောက် အထက်ကဇာတ်ကောင်လေးတွေ နဲ့အမြဲထိတွေ့နေရမှာပါ။ ဂိမ်းက Story mode အမျိုးအစား ဖြစ်ပါတယ်။ အမျိုးအစားမတူပေမဲ့ တဖြည်းဖြည်းခက်လာတာ ကိုမိတ်ဆွေတို့ တွေ့မြင်ရမှာပါ။ နောက်ပြီး ဂိမ်းအမျိူးအစားက ၁၀ မျိုးဆိုပေမဲ့ မိတ်ဆွေတို့ Coin တွေစုပြီး အာကိတ် ကနေအခြား ဂိမ်းတစ်ခုချင်းစီကိုလည်း ကြိုက်သလောက် ဆော့ကစားနိုင်သေးတယ်နော့်။ မိတ်ဆွေ တို့က Snoopy ကို ခွေးလေးတွေထဲကအတော်ဆုံး ခွေးလေးဖြစ်ကြောင်းသက်သေပြတဲ့အနေနဲ့ ဆော့ပေးရမှာပဲ ဖြစ်ပါတယ်။

 

ဒီဂိမ်းဟာ Free To Play ဖြစ်ပြီး Offline ဂိမ်းအမျိူးအစား ဖြစ်တာကြောင့် မိတ်ဆွေတို့ အလွယ်တကူ ဆော့နိုင်မှာပဲ ဖြစ်ပါတယ်။ Android နဲ့ IOS နှစ်မျိူးလုံး ဆော့နိုင်ပါတယ်။ ဒီဂိမ်းမှာ Snoopy နဲ့ အခြားဇာတ်ကောင် များ တွေ့မြင်နိုင်ရုံသာမက မီနီဂိမ်းအမျိုးအစား စုံစုံလင်လင် ဆော့နိုင်တာကြောင့် မိတ်ဆွေတို့ကို လေးစားစွာ သတင်းပေးလိုက်ပါတယ်။

Image Sources:

https://play.google.com/store/apps/details?id=com.turner.peanuts

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password