News

April လမှာ mobile platform ပေါ်ရောက်ရှိလာတော့မယ့် Westworld

Warner Bros. Interactive Entertainment ရဲ့ ထုတ်ပြန်ကြေညာချက်အရ HBO series ကို အခြေခံပြီး ဖန်တီးထားတဲ့ Westworld ကို App Store နဲ့ Playstore တို့မှာကြိုတင် register လုပ်ယူလို့ရနေပါပြီ။

HBO series ရဲ့ Westworld ထဲမှာပါတဲ့ Delos Park ထဲမှာ ကစားရမယ့်ဂိမ်းဖြစ်တာမို့ သိပ္ပံဆန်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ player က Delos Park ရဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ Westworld ကိုထိန်းချုပ်ရမှာပါ။ သိပ္ပပညာနဲ့ လူသားမျိုးစိတ်တွေဖန်တီးပြီး လိုအပ်တဲ့နေရာတွေ အသုံးချနိုင်ဖို့အတွက် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

ဖန်တီးထားတဲ့ လူသားမျိုးစိတ်တွေရဲ့ ပုံသဏ္ဍာန်အနေအထားကိုလည်း player က ရွေးချယ်ပေးရမှာပါ။ ပုံစံတစ်မျိုးနဲ့ တစ်မူထူးခြားတဲ့ဂိမ်းဖြစ်တာကြောင့် နောက်ပိုင်း နာမည်ကြီးလာဦးမယ့် ဂိမ်းတစ်ခုလို့ ထင်မြင်မိပါတယ်။

HBO နဲ့ WB တို့ပူးပေါင်းထားတဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းထဲမှာတွေ့ရမှာတွေ အားလုံးက အလန်းစားတွေနော်။

နောက်တစ်ခုထူးခြားတဲ့အချက်က ဖန်တီးထားတဲ့ လူသားမျိုးစိတ်တွေနဲ့ Westworld ကိုလာတဲ့ ဧည့်သည်တွေကို စုံတွဲလေးတွေလုပ်ပေးရတာပါပဲ။ ကြည်လင်တဲ့ ရုပ်ထွက်ပိုင်းနဲ့ Trailer နဲ့တင် ဆွဲဆောင်အားအရမ်းကောင်းတဲ့ဂိမ်း ဆိုတာ အရမ်းကိုသိသာပါတယ်။

ဂိမ်းထဲမှာပါဝင်ထားတဲ့ ဇာတ်ကောင်တွေကလည်း တကယ့် အပြင်ကရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို featuring ယူထားတာပါ။ မတူကွဲပြားတဲ့ ပုံစံနဲ့ ထွက်ရှိလာဦးမယ့် brand new ဂိမ်းအသစ်ဖြစ်တာကြောင့် အခုထဲက ကြိုတင်ပြီး pre-register လုပ်ထားကြရအောင်နော်..။ Register ကို Play Store နဲ့ App Store တို့မှာအပြင် https://westworldmobile.com/en မှာလည်းဝင်ရောက်လုပ်လို့ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: