ArticleNews

Westworld mobile ကို ဖျက်သိမ်းမယ့် သတင်းထွက်ပေါ်လာ

Playon က ပရိသတ်ကြီးကို ဒီတစ်ခေါက် ပြောချင်တဲ့ သတင်းကတော့ Westworld mobile ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းကိုကြားရင် Warner Bros ရဲ့ဖန်တွေ ဟာကနဲ ဟင်ကနဲ ဖြစ်သွားမှာပါ။ သတင်းက အမှန်လား အမှားလားပေါ့။ ဖျက်သိမ်းမယ့်သတင်းက လုံးဝကိုသေချာသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ App ကို Play Store မှာရော App Store မှာရော မတွေ့တော့လို့ပါ။

အခုကြေညာချက်ကို ပြီးခဲ့တဲ့နေ့က Reddit post တစ်ခုကနေတွေ့ခဲ့ရတာပါ။ Reddit post ရဲ့အဆိုအရ ဂိမ်းရဲ့ app ကို ဇန်နဝါရီ ၁၅ ရက်ကတည်းက Apple App Store နဲ့ GooglePlay နှစ်ခုစလုံးကနေ ဖယ်ရှားခဲ့တာလို့သိရပါတယ်။ ဧပြီ ၁၆ ရက်မှာ ဂိမ်းကို တရားဝင် ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။ အခုကိစ္စနဲ့ပတ်သတ်ပြီး Reddit မှာတင်ထားတဲ့ Westworld ကတာဝန်ရှိသူ တစ်ယောက်ရဲ့ ပြောကြားချက်ကို ဘာသာပြန်ပေးထားပါတယ်။

“ကျွန်တော်တို့ရဲ့ Westworld ဂိမ်းကို ကစားရတာ ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ရဲ့ဂိမ်းက ပြဿနာအနည်းငယ်ကြောင့်ရယ် အလုပ်သမားအသစ်တွေကြောင့်ရယ် စတဲ့ကိစ္စတွေကြောင့် ဆက်လက်ပြီး မရှိနိုင်တော့ပါဘူး။
အဲ့တာကြောင့် အခုအချိန်မှာ ဂိမ်းထဲက purchase တွေကို ဝယ်နိုင်မှာ မဟုတ်တော့ပါဘူး။ အကယ်၍သင့်ဂိမ်းထဲမှာ ငွေကြေးတွေရှိနေရင်လည်း ၂၀၁၉ ဧပြီ ၁၆မတိုင်ခင် ဂိမ်းကို offline mode နဲ့ ကုန်အောင်ကစားကြပါ။”

အခုလို ရုတ်တရက်ကြီး ပိတ်သိမ်းရတဲ့အတွက် Westworld ဂိမ်းကို အချိန်အများကြီးအကုန်ခံ ကစားပြီး content အသစ်တွေအများကြီး ရယူထားတဲ့ player တွေကို ကုမ္ပဏီဘက်က ပြန်လည်တောင်းပန်ထားပါသေးတယ်။ ပိတ်သိမ်းတဲ့ သတင်း အတိအကျကို မယုံလို့ ကိုယ်တိုင် ရှာကြည့်ချင်တယ်ဆိုရင်တော့ Westworld ရဲ့တရားဝင် ဝဘ်ဆိုဒ် နဲ့ Play Store , App Store တို့မှာ ဝင်ကြည့်နိုင်ပါတယ်။

Westworld ဟာ Bethesda ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Fallout Shelter ဒီဇိုင်းတွေ ၊ အနုပညာပုံစံတွေ ၊ အန်နီမေးရှင်းတွေ ၊ feature တွေနဲ့ အခြား gameplay အစိတ်အပိုင်းတွေကို ယူထားတယ်ဆိုပြီး တရားစွဲခံခဲ့ရတဲ့ဂိမ်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ တရားစွဲခြင်းကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ ပြေငြိမ်းပြီးပါပြီ။ တရားစွဲဆိုမှု ရုပ်သိမ်းတဲ့ကိစ္စပြီးမှ အခုလို ဂိမ်းကို ဖျက်သိမ်းတဲ့ကိစ္စပေါ်လာတာကြောင့် ဒီကိစ္စက ကျေအေးခြင်း ရဲ့ သက်ရောက်မှုတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခု ကိစ္စကို player တွေတော်တော်များများက တော်တော်လေး ဒေါသထွက်နေပြီး refund ငွေကိစ္စအတွက်ကိုလည်း မကျေမနပ်ဖြစ်နေကြပါတယ်။ Player တွေအနေနဲ့ကတော့ဥပဒေ ရေးရာဖြစ်တာကြောင့် ဂိမ်းထဲမှာ သုံးခဲ့တဲ့ ငွေကြေးတွေအတွက် ပြန်အမ်းငွေ လျော်ကြေး မရနိုင်တော့ဘူးလို့ သိရပါတယ်။

ဘယ်လိုတောင်လဲ Westworld ရယ်…တရာစွဲဆိုတဲ့ကိစ္စ ပြေငြိမ်းသွားပြီဆိုတော့ ဂိမ်းလေးကို parmenent ဆက်ရှိနေတော့မယ် ထင်ခဲ့တာ …ခုတော…:(

Source- piunikaweb.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password