Reviews

Live action အတိုင်း ဖန်တီးထားတဲ့ Westworld

Playon က ဘော်ဒါတို့ ထဲမှာကော Westworld series ကိုကြည့်ဖူးကြတဲ့သူတွေရှိကြလား???  စိတ်ဝင်စားဖို့ကောင်းတယ်နော်!!!

Westworld series က နိုင်ငံတကာမှာ အရမ်းကို လူကြိုက်များနေတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အခုဆိုရင်သူ့ကို Season 1 , Season 2 သာမက Season 3 အထိပါထွက်ရှိဖို့ ပြင်ဆင်နေပါပြီ။ Season 2 ကတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကထွက်ရှိခဲ့တာပါ။ Season 3 ကိုတော့ လာမယ့် ၂၀၂၀ ခုနှစ်လောက်မှ ထွက်ရှိဖို့ရည်မှန်းထားတယ်လို့သိရပါတယ်။ အဲ့ဒီလို အရမ်းနာမည်ကြီးတဲ့ HBO ရဲ့ Science Fiction စီးရီး Westworld ကို Warner Bros က ဂိမ်းအနေနဲ့ ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကိုကြိုက်ရင် ဂိမ်းကိုလည်းသေချာပေါက် သဘောကျကြမှာပါ။

Westworld အကြောင်းကို အရင်ကလည်းတစ်ခါပြောဖူးပါတယ်။ အဲ့တုန်းကတော့ ဧပြီလမှာ ထွက်ရှိမယ်လို့ တရားဝင်ကြေညာထားတာပါ။ ဒါပေမယ့် ဧပြီလမှာ မထွက်ရှိခဲ့ပဲ ဇွန်လ အထိကူးခဲ့ပါတယ်။ ရက်ရွှေ့သွားရတဲ့ အကြောင်းအရင်းကိုတော့သေသေချာချာ မသိပါဘူး။ ဧပြီလမှာ ဂိမ်း မထွက်ခဲ့ပေမယ့် Westworld Season 2 ကတော့ ဧပြီ ၂၂ မှာ စတင်ပြသခဲ့တာပါ။ ဇွန်လ ၂၄ ရက်နေ့မှာ ပြီးမှာပါ။ နှစ်ခုကို မတိုက်သွားအောင် ခွဲထုတ်လိုက်တယ့် သဘောလို့ ထင်ပါတယ်။ ရုပ်ရှင်အရင်ကြည့်ပြီးမှ ဂိမ်းဆော့ခိုင်းတဲ့ ပုံစံပါ။ Westworld ရဲ့ Beta version ကိုတော့ Philippines နဲ့ Australia အပါအဝင် နိုင်ငံအချို့မှာ လ အနည်းငယ် ကတည်းက ကစားလို့ရခဲ့တယ်လို့သိရပါတယ်။ တရားဝင် hard launch ကတော့ အခုမှထွက်ရှိလာတာပါ။

ဘယ်လိုကစားရမှာလဲ???

ဒီဂိမ်းထဲမှာ player က Delos Park Training Simulation ကို ထိန်းချုပ်ပေးရမယ့် သင်တန်းသားတစ်ယောက်အဖြစ်ဆောင်ရွက်ပေးရမှာပါ။ စခန်းကို ထိန်းချုပ်တာနဲ့ AI နည်းပညာ လူသားမျိုးစိတ် Host တွေကို ဖန်တီး ပေးရတာက Westworld ထဲမှာ အဓိက ဆောင်ရွက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အခြား အဆောက်အအုံတွေကို နေရာချတာတို့ ၊ AI (artificial intelligence) နည်းပညာနဲ့ ဖန်တီးထားတဲ့ လူသားတွေကို အဆင့်မြှင်တင်ပေးတာတို့ ၊ အလုပ်တာဝန် ခွဲခြားသတ်မှတ်ပေးတာ တို့ ၊ စုံတွဲလေးတွေလုပ်ပေးတာတို့ စတဲ့ တာဝန်တွေလည်း ရှိပါသေးတယ်။ တွေ့နေကြဂိမ်းပုံစံနဲ့ ခွဲထွက်နေတဲ့ Westworld နဲ့ တော်တော်လေးတူတဲ့ Fallout Shelter ဆိုတဲ့ဂိမ်းလည်းရှိပါတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်းနဲ့သေသပ်လှပမှုက Westworld ကပိုကောင်းပါတယ်။

 

ဇာတ်လမ်းတွဲ မကြည်ဖူးတဲ့သူဆိုရင်တော့ အစပိုင်းမှာ “ဘယ်လိုဂိမ်းကြီးလဲ” ဆိုပြီးထင်ကောင်းထင်ပါလိမ့်မယ်။ စိတ်ဝင်စားဖို့ ဘယ်လောက်ကောင်းပြီး ဆွဲဆောင်မှုဘယ်လောက်ထိရှိလဲဆိုတာကိုတော့ ကစားရင်းနဲ့ နားလည်သွားမှာပါ။ Westworld ဇာတ်လမ်းတွဲ fan တွေဆိုရင်တော့ ဒီဂိမ်းကို ကျန်းသေ play ကြည့်သင့်ပါတယ်။ Live action နဲ့ animation ကွာတာကလွဲလို့ ပါဝင်တဲ့ မင်းသားမင်းသမီး အရံမျက်နှာလေးတွေကအစ ရုပ်ရှင်ထဲကနဲ့တစ်ရုပ်တည်းလေးတွေပါပဲ။ ပိုပြီးတောင်ချစ်ဖို့ကောင်းနေပါတယ်။

Free to download ဖြစ်ပေမယ့် free to play တော့မဟုတ်ပါဘူး။ ကစားဖို့အတွက် အရင်းအနှီးတွေဖြစ်တဲ့ Update file တွေ App-purchase တွေပါဝင်ပါတယ်။ အဲ့တာကြောင့် Update file တွေကို download လုပ်တဲ့အခါ ကြရင် data နဲ့ မဟုတ်ဘဲ Wifi နဲ့ download လုပ်ယူဖို့ အကြံပြုချင်ပါတယ်။

 

Download link – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: