News

Fortnite နဲ့ ပုံစံတူတဲ့ ဂိမ်း West Battle Royale

West Battle Royale က Fortnite နဲ့ တူတဲ့ battle royale shooter ဂိမ်းဆိုပြီး လူသိများနေတဲ့ ဂိမ်းဖြစ်ပါတယ်။ Wild west မှာ အခြေတည် ဖြစ်ပွားခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး သူ ထွက်ရှိတဲ့ အချိန်ကလည်း တကယ့်ကိုမကြာသေးပါဘူး။ နောက်ဆုံး ကျန်တဲ့သူ တစ်ယောက်ပဲ ဖြစ်သွားတဲ့ အချိန်အထိ တိုက်ပွဲဝင်ရမှာဖြစ်တာမို့ ပွဲကတော့ လုံးဝကို အသေအကြေပါပဲ။ ဂိမ်းထဲမှာ ရှင်သန်ဖို့အတွက် လက်နက်ကိရိယာတွေကို ရှာဖွေပေးဖို့လည်းလိုအပ်ပါတယ်။ Battle Royale ဂိမ်းဖြစ်တာကြောင့် battle royale ပရိသတ်တွေအတွက်ကတော့ လုံးဝကို လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ Gameplay ပုံစံကလည်း အခြား battle royale ဂိမ်းတွေလို ပုံမှန်ပဲဖြစ်တာကြောင့် သိပ်ပြီတော့တော့ ကစားရတာ မခက်ခဲပါဘူး။ နမူနာ ဗီဒီယို ဖိုင်လေးကို အောက်မှာ ကြည့်လို့ရပါတယ်။

Trailer ကတော့ လုံးဝကို မိုက်နေတော့တာပဲနော်…. သင်က battle royale သရဲဆိုရင်တော့ဒီအခွင့်အရေးကိုလက်မလွှတ်သင့်ပါဘူး။ ဗီဒီယိုထဲကို ဝင်ကြည့်လိုက်တယ်ဆိုရင်ပဲ ပထမဦးဆုံးတွေ့ရမှာက ထူးခြားတဲ့ setting နဲ့ graphic designs ပါ။ Setting ကတော့ သဲသန္တာရထဲမှာ ဖြစ်တဲ့ပုံပါပဲ။ Ghaphic ကတော့ အရမ်း အကောင်းကြီးထဲမှာ မပါပါဘူး။ ဇာတ်ကောင်တွေကိုတော့ ကောင်းဘွိုင် ဒီဇိုင်းလိုလို ဘာလိုလို ဖက်ရှင်တွေနဲ့ တွေ့ရမှာပါ။

အဲ့ဒီတော့ … Battle Royale ဂိမ်းကို ပုံစံတစ်မျိုးနဲ့ ထူးခြားတဲ့ ပုံစံ ကစားချင်ရင်တော့ အခုပဲပြေးပြီး download လုပ်လိုက်တော့နော်။ အဲ… တစ်ခုပြောဖို့ကျန်နေပါသေးတယ်။ အဲ့တာက West Battle Royale ကို Android တစ်မျိုးတည်းမှာပဲ ကစားလို့ရတာ တွေ့ရပါတယ်။ Download လုပ်ခကတော့ free to play ပါ။ အဲ့တော့ ဒီတစ်ခေါက်မှာတော့ iOS user တွေ ကစားလို့မရနိုင်တော့ဘူးပေါ့နော်… 🤣)

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: