News

အသစ်ထွက်ရှိလာမယ့် F1 Mobile Racing ဂိမ်းရဲ့ trailer

အောက်တို ဘာလ ၁၈ရက်နေ့ ကစပြီး သင့်ရဲ့ မိုလ်ဘိုင်းဆီကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ 2018 formula 1 season ရောက်ရှိလာတော့မှာပါ။သူက free မိုလ်ဘိုင်း ဂိမ်းဖြစ်တာကြောင့် ကစား ဖို့ အတွက်လုံးဝကို သင့်လျော်ပါတယ်။ XD

ဂိမ်းထဲမှာ အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ တကယ့်ကို မိုက်တဲ့ပြိုင်ကား ပုံစံ မျိုးစုံကိုလည်းတွေ့ရမှာနော်။ F1Mobile Racing က သင့်ကို ယှဉ်ပြိုင်ခြင်းဆိုတဲ့ အရသာစစ်စစ်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ၂၀၁၈ Formula 1 calendar ရဲ့ ပြိုင်ပွဲ၂၁ခုကို ယှဉ်ပြိုင်ရမှာပါ။

F1 Mobile Racing မှာ ကမ္ဘာတစ်ဝှမ်း မှ အခြား ဂိမ်မာ တွေနဲ့ real-time ပြိုင်ပွဲတွေ၊ PvP race တွေ နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် F1 machine တွေကိုပါ တည်ဆောက်နိုင်ပါတယ်။

F1 Mobile Racing ကို အောက်တိုဘာလ ၁၈ရက်နေ့ကစပြီး iOS (China မှလွဲ၍) device တွေ စတင် ဒေါင်းလုတ်လုပ်ယူနိုင်မှာဖြစ်ပါတယ်၊ Android device တွေနဲ့ China device တွေအတွက်တော့ မကြာခင်မှာ ရောက်လာတော့မှာပါ။
Trailer လေး ကို တစ်ချက်ရှိုးလိုက်ပါဦး။

ဝိုး…ဘယ်လိုလဲ မိုက်တယ် မဟုတ်လား ???အပြင်မှာ တကယ် လူကိုယ်တိုင်ဝင်ပြီး ပြိုင်နေရသလို ကြွရွ လှပတဲ့ graphic တွေနဲ့ ပြိုင်ပွဲစစ်စစ် ယှဉ်ပြိုင်ခြင်း အရသာကို ပေးစွမ်းနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် Racing ဂိမ်းတွေထဲကစမ်းကြည့်စမ်းကြည့်သက့်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ၊

Source – https://www.formula1.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password