ရိုးရှင်းပေမယ့် ဆော့လို့ကောင်းတဲ့ RPG ဂိမ်း Wartide: Heroes of Atlantis

ပြီးခဲ့တဲ့ရက်ပိုင်းက App Store ရဲ့ Banner မှာ ‘Wartide: Heroes of Atlantis’ လို့အမည်ရတဲ့ ဒီဂိမ်းလေးကိုတွေ့လိုက်ရပါတယ်။ Apple ကတောင် Banner မှာ တကူးတကဖော်ပြတဲ့ဂိမ်းဆိုတော့ ဘယ်လိုများကောင်းလို့လဲဆိုပြီး စမ်းဆော့ကြည့်လိုက်ပါတယ်။ အချိန်တစ်ခုအကြာ ဆော့ပြီးတဲ့နောက်မှာတော့ ဒီဂိမ်းကိုတော်တော်လေးသဘောကျမိသွားပါတယ်။

ဒီဂိမ်းဟာ ပျက်စီးသွားတဲ့ Atlantis မြို့တော်ကြီးကို ပြန်လည်ထူထောင်ဖို့ကြိုးစားရတဲ့ Hero တွေအကြောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ပုံမှန် RPG ဂိမ်းတွေရဲ့ နောက်ခံဇာတ်လမ်းတွေနဲ့ ထူးမခြားနားပါပဲ။ ဒါပေမယ့် ဒီဂိမ်းရဲ့အနှစ်က သူ့ရဲ့ Combat System မှာရှိတာပါ။ Hero တွေကို မြေပုံပေါ်မှာ နည်းဗျူဟာကျကျ အကွက်ချပြီးဆော့ကစားရမယ့် Gameplay မျိုးဖြစ်ပါတယ်။

တိုက်ပွဲမစခင်မှာ မြေပုံပေါ်က ဇယားကွက်တွေပေါ်မှာ Hero တွေကို အရင်နေရာချရမှာပါ။ စိတ်တိုင်းကျနေရာချပြီးပြီဆိုတာနဲ့ Start ခလုပ်ကိုနှိပ်ပြီး တိုက်ပွဲကိုစတင်ရမှာဖြစ်ပါတယ်။ တိုက်ပွဲစတာနဲ့ Hero တွေက နေရာချထားတဲ့လမ်းကြောင်းအတိုင်း အရှေ့တည့်တည့်က ရန်သူတွေကို အလိုအလျောက်ပြေးချကြမှာပါ။ သူတို့တွေချနေတဲ့အချိန်မှာ ကစားသူက Hero တွေရဲ့ Ability တွေကို လိုအပ်သလို အချိန်ကိုက်လိုက်သုံးပေးရမှာ ဖြစ်ပါတယ်။

 .         

သင်ဟာ တိုက်ပွဲထဲကို Hero ၅ ယောက်အထိခေါ်ဆောင်သွားလို့ရမှာပါ။ Hero တွေကလည်း အမျိုးမျိုးရှိပါသေးတယ်။ Defender ၊ Fighter ၊ Archer ၊ Sorcerer ၊ Healer အစရှိတဲ့ Hero အမျိုးအစားတွေကို သင်လိုအပ်သလိုပေါင်းစပ်ပြီး Squad တစ်ခုဖွဲ့စည်းရမှာဖြစ်ပါတယ်။ ထည့်သွင်းလိုက်တဲ့ Hero အမျိုးအစားပေါ်မူတည်ပြီး Strategy ကလည်းလိုက်ပြောင်းသွားပါတယ်။ Defneder ဟာဆိုရင် အရမ်း Tanky ဖြစ်တဲ့အတွက် ရန်သူအများဆုံးရှိတဲ့လမ်းကြောင်းကိုလွှတ်ပေးရမှာပါ။ Fighter တွေက အရမ်းပျော့တော့ ရန်သူတွေနဲ့ထိပ်တိုက်မတွေ့စေချင်တဲ့အတွက် ဘေးကနေအချောင်နှိုက်လို့ရအောင် ကြိုတင်နေရာချပေးရမှာပါ။ ကျန်တဲ့ Hero တွေဆိုရင်လည်း ထိုနည်းတူပါပဲ။ သူတို့ရဲ့ Role ပေါ်မူတည်ပြီး အလိုက်အထိုက်နေရာချပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် Hero တွေကို Rank တင်တာ၊ Skill တွေကို Level တင်တာ၊ Hero ရဲ့ Role နဲ့လိုက်ဖက်ညီတဲ့ Rune တွေလိုက်ထည့်တာတွေက ပိုမိုခက်ခဲတဲ့ရန်သူတွေကို အနိုင်ယူဖို့အတွက် အရေးပါတဲ့အရာတွေပဲဖြစ်ပါတယ်။ Upgrade လုပ်စရာတွေကလည်း အမြဲလိုလိုရှိနေတဲ့အတွက် ပျင်းစရာမကောင်းသွားစေပါဘူး။ အဲဒါကြောင့်လည်းပဲ RPG ဂိမ်းတစ်ခုကစားနေရတဲ့အရသာကို ခံစားရရှိစေပါတယ်။

ဒီဂိမ်းကို သဘောကျမိတာကတော့ သူ့ရဲ့ Combat System ပါ။ အချို့ Mobile RPG တွေလို အရာရာတိုင်းက အော်တိုကြီးပြီးသွားတာမျိုးမဟုတ်ဘဲ တကယ်စဉ်းစားရတဲ့အပိုင်းတွေပါဝင်ပါတယ်။ လက်လွတ်စပယ်နေရာချပြီး တိုက်ပွဲစလိုက်ရင် အနိုင်ရဖို့က မသေချာနိင်ပါဘူး။ ဒါပေမယ့်လည်း တကယ့် RPG ဂိမ်းအကြီးစားတွေလိုလည်း အရမ်းမရှုပ်ထွေးဘဲ Mobile Device တွေပေါ်မှာ Short Burst အနေနဲ့ဆော့ကစားလို့ရစေပါတယ်။ ပြောရမယ်ဆိုရင်တော့ အရမ်းလွယ်တာနဲ့ အရမ်းခက်တာကြားက Sweet Spot လေးပေါ့။ ဒါ့အပြင် ဒီဂိမ်းရဲ့ Learning Curve က အဲဒီလောက်မမြင့်တဲ့အတွက် နားလည်ဖို့လွယ်ကူတဲ့အပြင် ရှုပ်ရှုပ်ထွေးထွေးစဉ်းစားရတာကို မနှစ်သက်သူတွေလည်း အဆင်ပြေစေပါတယ်။

ဒီဂိမ်းကို အကောင်းဆုံးဂိမ်းလို့တော့ နာမည်မတပ်လိုပါဘူး။ ဒါပေမယ့် ကစားသူကို ကောင်းကောင်း Entertain လုပ်နိုင်တဲ့အတွက် ဂိမ်းကောင်းတစ်ခုဖြစ်တာတော့ အသေအချာပါပဲ။ RPG ဂိမ်းတွေကြိုက်တဲ့ကျွန်တော်ကတော့ ဒီဂိမ်းကို Tablet ထဲမှာ အချိန်တော်တော်ကြာ ထားထားဖြစ်မှာတော့ အသေအချာပါပဲ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password