Reviews

ခက်ခက်ခဲခဲဆော့ရတယ့် Escape ဂိမ်းပုံစံမျိုးကိုနှစ်သက်သူတွေအတွက် Warrior Rush!

Warrior Rush ဂိမ်းမှာတော့ မိတ်ဆွေရဲ့ Role ဟာ သူရဲကောင်းဖြစ်နေပြီး မိစ္ဆာကောင်တွေဖမ်းဆီးသွားတဲ့ မင်းသမီးလေးကိုလိုက်ပြီးကယ်တင်ရမှာဖြစ်ပါတယ်။ ရန်သူမိစ္ဆာကောင်တွေက မင်းသမီးလေးကို လျှို့ဝှက်တဲ့နေရာမှာဖမ်းဆီးခေါ်ဆောင်ထားတာဖြစ်ပါတယ်။ လျှို့ဝှက်တဲ့နေရာဖြစ်တာကြောင့် မိတ်ဆွေအနေနဲ့ မင်းသမီးလေးကိုအရင်ဆုံး လိုက်လံရှာဖွေရမှာဖြစ်ပါတယ်။

မိတ်ဆွေသွားရောက်ရှာဖွေရာလမ်းတလျှောက်မှာထောင်ချောက်၊ ချောက်ကမ်းပါး အစရှိတာတွေပြည့်နက်နေမှာဖြစ်ပါတယ်။ ဒါ့အပြင်ရန်သူကလည်း ကြုံရင်ကြုံသလို ဝင်ပြီးတိုက်ခိုက်နေဉီးမှာဖြစ်တာကြောင့် ခက်ခက်ခဲခဲဆော့ရမှာပဲဖြစ်ပါတယ်။ ထောင်ချောက်ဖြစ်တဲ့ အဆိပ်ပင်ကိုထိမိလို့ပဲဖြစ်ဖြစ်၊ ချောက်ကမ်းပါးထဲပြုတ်ကျတာပဲဖြစ်ဖြစ် တန်းပြီး Game Over သွားမှာဖြစ်ပါတယ်။

Chapter တွေနဲ့ဆော့ကစားသွားရမှာဖြစ်ပြီး Chapter တစ်ခုမှာ 100% အထိရှိပါတယ်။ 50% လောက်က ထောက်ချောက်တွေနဲ့ နပန်းလုံးနေရမှာဖြစ်ပြီး 50% နောက်ပိုင်းရောက်မှသာ ရန်သူနဲ့တွေ့ရမှာဖြစ်ပါတယ်။ ရန်သူနဲ့တွေ့ရင်တော့ မိတ်ဆွေကို အသက် ၃ ခုပေးမှာဖြစ်ပါတယ်။ အသက် ၃ ခုမကုန်မချင်းမိတ်ဆွေစီမှာကြိုးစားခွင့်ရှိပါတယ်။

In-game မှာ Chapter အနေနဲ့ ၁၀ ခုရှိနေပါတယ်။ Chapter တစ်ခုချင်းစီမှာ 100% အထိရှိနေမှာဖြစ်ပြီး Chapter တစ်ခုနဲ့တစ်ခုကလည်း တည်နေရာတူညီမှာမဟုတ်ပါဘူး။ ဒါ့အပြင် Chapter တစ်ခုချင်းစီမှာတွေ့ရမယ့် ရန်သူမိစ္ဆာတွေကလည်း ကွာသွားမှာဖြစ်ပါတယ်။ စစချင်းမှာတော့ သံချပ်ကာတွေဝတ်ဆင်ထားတဲ့သူရဲကောင်းနေရာကဆော့ကစားရမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ Viking, Samurai, Cowboy, Super အစရှိတဲ့ Character တွေနေရာကပါဆော့ကစားနိုင်မှာဖြစ်ပါတယ်။

မင်းသမီးလေးကိုကယ်တင်နိုင်တာ၊ မကယ်တင်နိုင်တာကတော့ မိတ်ဆွေအပေါ်မှာပဲမှုတည်သွားပါပြီ။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး Arcade Runner ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Warrior Rush 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: