စိတ်အပန်းပြေစေမယ့် Puzzle ဂိမ်း Warp Shift

Puzzle ဂိမ်းတွေကတော့ App Store မှာ တောင်ပုံရာပုံပါ။ The Room Series လို နက်နက်နဲနဲ စဉ်းစားပြီး ဆော့ကစားရတဲ့ ဂိမ်းတွေကနေစပြီး Threes လိုမျိုး Minimalistic ဆန်ဆန် ဂိမ်းတွေအထိ အစုံအလင်ရှိပါတယ်။ အဲဒီလို အများကြီးရှိတဲ့အထဲကမှ မိမိအကြိုက်နဲ့ ကွက်တိဖြစ်မယ့်ဂိမ်းကို ရှာဖွေရတာက ထင်သလောက်မလွယ်ကူပါဘူး။ ယခုမိတ်ဆက်ပေးချင်တဲ့ Warp Shift ဆိုတဲ့ဂိမ်းကတော့ ကြည့်ရှုရတာ မျက်စိပသာဒဖြစ်စေပြီး အပန်းပြေဆော့လို့ရမယ့် Puzzle ဂိမ်းမျိုးကို ရှာဖွေနေသူတွေအတွက် ဖြစ်ပါတယ်။

အတုံးတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရတာကတော့ Puzzle ဂိမ်းတိုင်းလိုလိုမှာ ပါဝင်တဲ့ mechanic တစ်ခု ဖြစ်ပါတယ်။ အဲဒီ အတုံးရွှေ့ရတဲ့ mechanic ကိုပဲ စိတ်ဝင်စားဖို့ကောင်းအောင် ပြုလုပ်ထားပြီး Graphic လှလှ၊ နောက်ခံသီချင်းကောင်းကောင်း တွေနဲ့ ပေါင်းစပ်ထားတာရဲ့ ရလဒ်ကတော့ Warp Shift ဖြစ်ပါတယ်။

Warp Shift မှာ ကစားသူဟာ Pi ဆိုတဲ့ ကောင်မလေးကို Portal တွေထဲ ရောက်အောင် ပို့ပေးရမှာပါ။ Portal ဆီရောက်ဖို့အတွက် Cube တွေကို လိုအပ်သလို ရွှေ့ပေးပြီး လမ်းကြောင်းရှာဖွေရမှာ ဖြစ်ပါတယ်။ Stage တိုင်းမှာ ကြယ် ၃ လုံးအထိ ရယူနိုင်မှာ ဖြစ်ပြီး ကြယ်တွေကို စုဆောင်းကာ နောက် World တွေကို ဖွင့်ရမှာပါ။ ဒါကြောင့် ကစားစရာ အခန်းအသစ်တွေလိုချင်ရင် အရှေ့က အခန်းတွေမှာ ကြယ်တွေ များများရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ကြယ် ၃ လုံးရရှိဖို့ကတော့ သတ်မှတ်ထားတဲ့ ရွှေ့ကွက်အတွင်းမှာ Pi ကို Portal ဆီရောက်အောင် ပို့ပေးရမှာပါ။ Stage တစ်ခုကို ပြီးစီးဖို့ လွယ်ကူပေမယ့် ကြယ် ၃ လုံးရဖို့ကတော့ ရံဖန်ရံခါ ခေါင်းကုတ်ပြီးပါ စဉ်းစားရနိုင်ပါတယ်။ ဂိမ်းရဲ့ mechanic တွေကလည်း အစပိုင်းမှာ ရိုးရှင်းသလောက် နောက်ပိုင်းရောက်လာလေလေ ပိုပြီး ရှုပ်ထွေးလာလေလေ ဖြစ်လာမှာပါ။ အစပိုင်းမှာ အဝါရောင် တံခါးတစ်မျိုးတည်းရှိရာကနေ နောက်ပိုင်းမှာ ခရမ်းရောင်တံခါးတွေ၊ ခလုပ်နှိပ်ပြီးဖွင့်ရတဲ့ အနီရောင်တံခါးတွေ စတဲ့ mechanic တွေ ပါဝင်လာမှာဖြစ်လို့ လမ်းကြောင်းရှာရုံတင်မက Color Matching ပါ လုပ်ရမှာဖြစ်ပြီး ကစားရတာ ပိုပြီး နက်နဲလာစေပါတယ်။ အနီးစပ်ဆုံးပြောရရင်တော့ Rubik’s Cube ကို ဖြေရှင်းနေရတာနဲ့ အတူတူပါပဲ။

 .         

Gameplay အကြောင်းပြီးတော့ နောက်ထပ် အလေးပေးပြောရမှာကတော့ Graphic အပိုင်းပါ။ Warp Shift ဟာ လက်ရှိအချိန်မှာ App Store ပေါ်မှာရှိတဲ့ Puzzle ဂိမ်းတွေထဲက Graphic အလှဆုံး ဂိမ်းတွေထဲမှာ ပါဝင်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Pi တင်မက သူမရဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့ animation တွေကလည်း ချစ်စရာကောင်းတဲ့အတွက် ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေပါတယ်။ ဂိမ်းတစ်ခုလုံးရဲ့ animation ကလည်း အင်မတန် ချောမွေ့တာမို့ ကစားသူကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးမှာပါ။ ဒါ့အပြင် သာယာငြိမ့်ညောင်းတဲ့ နောက်ခံတီးလုံးက သင် Puzzle တွေ ဖြေရှင်းနေတဲ့အချိန်မှာ အာရုံပိုစိုက်နိုင်အောင် အထောက်အကူ ပြုဦးမှာ ဖြစ်ပါတယ်။

Warp Shift ကို Android ရော iOS ပေါ်မှာ အခမဲ့ ရယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ IAP အနေနဲ့ Hints တွေကို ဝယ်ယူလို့ရမှာ တစ်ခုပဲ ရှိပါတယ်။ ဒါကြောင့် Hints တွေအကူအညီမယူပဲ မိမိကိုယ်ကိုယ် challenge လုပ်လေ့ရှိတဲ့ ကစားသူတွေအတွက်ကတော့ IAP မရှိသလိုပဲ ခံစားရစေမှာပါ။ သင်ဟာ အားလပ်ချိန်တွေမှာ ကစားဖို့ ဖုန်းထဲမှာ Puzzle ဂိမ်းတွေ ထည့်ထားလေ့ရှိသူဆိုရင်တော့ Warp Shift ကို စမ်းသပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ ချစ်စရာကောင်းတဲ့ Pi နဲ့ သူမရဲ့ Puzzle တွေဟာ သင့်ကို စိတ်အပန်းပြေစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Image Source:

http://www.warpshift.com/

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password