ArticleNews

ဖိလစ်ပိုင်မှာ beta ထွက်နေပြီဖြစ်တဲ့ Warhammer : Chaos & Conquest

စိတ်ကူးယာဉ် ဇာတ်လမ်းကို အခြေခံထားတဲ့ မိုဘိုင်းလ် ဂိမ်းအသစ် Warhammer : Chaos & Conquest ဟာဆိုရင် ဖိလစ်ပိုင်မှာ beta အဖြစ် Playstore မှာစတင် ရောက်ရှိနေပါပြီ။ Warhammer : Chaos & Conquest ကို Games Workshop က Tilting Point နှင့် Hunted Cow စတူဒီယို တို့နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး လှပတဲ့ ရုပ်ထွက်တွေကြောင့် trailer မှာကတည်းက နာမည်ကြီးနေတာပါ။

Chaos & Conquest ကို အခုလတ်တလောမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ beta အဖြစ်စတင်ကစားလို့ရနေပြီလို့သိရပါတယ်။ တစ်ကမ္ဘာလုံး ကစားနိုင်မယ့် global release ကတော့ နောင်နှစ် ၂၀၁၉ ကျမှပဲ ထွက်ရှိလာမှာပါ။

“ဒီဂိမ်းထဲမှာ player တွေက Chaos Lord နေရာကနေ ပါဝင်ကစားရမှာပါ။ အဲ့တာကြောင့် ဘုရားကျောင်းဆောက်တာတို့၊ လက်နက်တွေ စုတာတို့၊ ပြိုင်ဘက် နိုင်ငံတွေကိုသိမ်းတာတို့၊ Chaos ချံပီယံတွေကို အုပ်ချုပ်တာတို့ ကို လုပ်ပေးရမှာပါ။”

လို့ GamesBeat မှ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အသေးစိတ် ရှင်းပြခဲ့ပါတယ်။

Player တွေ တစ်ယောက်ချင်းပဲဖြစ်ဖြစ်သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ကစားလို့ ရမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းရဲ့ ဖွဲ့စည်းမှုပုံစံကြောင့် ကစားနေရင်းနဲ့ မြောသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီဘက်က ဂိမ်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အသေးစိတ်ကို ချမပြသေးပေမယ့် Warhammer : Chaos & Conquest ရဲ့ screenshoot တစ်ခုကိုတော့ အားလုံးကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Warhammer ဟာ ၁၉၈၃ ခုနှစ်မှာ အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့တဲ့ miniatures-based tabletop strategy game တစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ video game အဖြစ် ချဲ့ထွင်ခဲ့ပြီး Total War :Warhammer နှင့် Vermintide2 တို့လို အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒီဂိမ်းကိုရော… ထွက်လာရင် ကစားဖို့ အစီအစဉ်ရှိလား ဘော်ဘော်တို့ရေ…. 😃)

Ref: VB

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password