ကျည်ဆံမိုးတွေ အမုန်းကြဲလို့ရမယ့် War Robots

စက်ရုပ်အလန်းတွေ ကြိုက်တတ်ပါသလား။ သေနတ်ပစ်ရတာ သဘောကျပါသလား။ Graphic အလန်းစားနဲ့ ဂိမ်းမျိုးကို ရှာဖွေနေပါသလား။ အဲဒါဆိုရင်တော့ ဂိမ်းအပျံစားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဂိမ်းရဲ့ နာမည်ကတော့ War Robots လို့ ခေါ်ပါတယ်။ ဂိမ်းရဲ့နာမည်ကို ကြည့်ပြီးတော့ကို ဒီဂိမ်းက ဘယ်လိုဂိမ်းမျိုးဆိုတာ ခန့်မှန်းလို့ရမှာပါ။ ဟုတ်ပါတယ်။ စက်ရုပ်တွေကို စီးနင်းပြီး တိုက်ပွဲဝင်ရမယ့် ဂိမ်းမျိုးဖြစ်ပါတယ်။

War Robots ဟာ Third-Person Shooter ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် Turn-based ဂိမ်းတွေ Card ဂိမ်းတွေကိုဆော့ရတာ ငြီးငွေ့နေသူတွေအတွက် အပြောင်းအလဲလေးလည်း ဖြစ်စေမှာပါ။ ဒီဂိမ်းမှာတော့ သင်ဟာ စက်ရုပ်တွေကို လက်နက်မျိုးစုံ တပ်ဆင်ပြီး ရန်သူတွေကို အားရပါးရ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ စက်ရုပ်ကို ထိန်းချုပ်ရတာကလည်း လွယ်ကူပါတယ်။ ဘယ်ဘက်လက်နဲ့ စက်ရုပ်ကို မောင်းနှင်ရမှာ ဖြစ်ပြီးတော့ ညာဘက်လက်နဲ့ ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ပစ်ခတ်ရာမှာ လက်နက်တစ်မျိုးချင်းကို ရွေးချယ်ပစ်ခတ်နိုင်သလို ဘာကိုမှ မစဉ်းစားဘဲ အလယ်ကခလုပ်ကြီးကို နှိပ်ပြီး ရှိသမျှလက်နက်အားလုံးကို တစ်ပြိုင်တည်းလည်း ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

 .         

တိုက်ပွဲတွေမှာ တစ်ဖက်ကို ကစားသူ ၆ ယောက်ပါဝင်ကစားရမှာ ဖြစ်ပြီးတော့ ရန်သူအားလုံးကို နှိမ်နင်းပြီးရင်ဖြစ်စေ၊ Beacon Point တွေကို သိမ်းယူပြီးဖြစ်စေ အနိုင်ရရှိအောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။ စက်ရုပ်အားလုံးကို နှိမ်နင်းတယ်ဆိုတာမှာ တစ်ခုလောက် ဖြည့်စွက် ပြောပါရစေ။ War Robots ဟာ ပုံမှန်ဂိမ်းတွေလိုမဟုတ်ပဲ သင့်မှာ ရှိသမျှ စက်ရုပ်အားလုံးကို တိုက်ပွဲမှာ အသုံးချလို့ရပါတယ်။ ဥပမာ သင့်မှာ Hanger Slot သုံးခုရှိတယ်ဆိုရင် စက်ရုပ်သုံးရုပ်ကို ရွေးချယ်ပြီး တိုက်ပွဲထဲကို ခေါ်သွားလို့ ရမှာပါ။ မိမိရဲ့ စက်ရုပ်တစ်ရုပ်ပျက်စီးသွားတိုင်း မိမိခေါ်သွားတဲ့ စက်ရုပ်တွေထဲက နောက်တစ်ရုပ်နဲ့ ဆက်လက် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက သင့်မှာ စက်ရုပ်တွေ ရှိသေးသရွေ့ ဆက်လက် တိုက်ပွဲဝင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ရန်သူဖက်က ကစားသူအားလုံးရဲ့ စက်ရုပ်အားလုံးကို နှိမ်နင်းပြီးမှ တိုက်ပွဲကို အနိုင်ရမှာ ဖြစ်ပါတယ်။

စက်ရုပ်တွေကလည်း အမျိုးမျိုး ပါဝင်ပါသေးတယ်။ Mobility အရမ်းကောင်းတဲ့ Light Robot တွေကနေ လက်နက် အများကြီး တစ်ပြိုင်တည်း တပ်ဆင်ပစ်ခတ်လို့ရတဲ့ Medium နဲ့ Heavy Robot တွေအထိ ပါဝင်ပါတယ်။ ဒါကြောင့် မိမိနှစ်သက်ရာ ကစားပုံနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ စက်ရုပ်တွေနဲ့ လက်နက်တွေကို ပိုမိုအစွမ်းထက်လာအောင် အဆင့်မြင့်တင်မှုတွေလည်း ပြုလုပ်ရဦးမှာပါ။ Upgrade ပြုလုပ်တာ ပြီးဆုံးဖို့အတွက်ကတော့ အချိန်တစ်ခု စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ကြိမ်မှာ ပစ္စည်းတစ်မျိုးကိုပဲ upgrade လုပ်လို့ရမှာ ဖြစ်တဲ့အတွက် စိတ်တော့ နည်းနည်းရှည်မှ ဖြစ်ပါမယ်။ မစောင့်ဆိုင်းချင်ဘူးဆိုရင် Premium currency ကိုအသုံးပြုပြီး upgrade ချက်ချင်းပြီးအောင် လုပ်လို့တော့ ရပါတယ်။ ပိုက်ဆံမသုံးချင်ဘူးဆိုရင်တော့ ဒီတစ်ချက်ကို နည်းနည်း သည်းခံရမှာ ဖြစ်ပါတယ်။

Free-to-Play ဂိမ်းတွေရဲ့ ပုံမှန် ပြဿနာတွေကို ခဏဖယ်လိုက်ရင် War Robots ဟာ အင်မတန်ကို ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ရှိသမျှ လက်နက်တွေကို တစ်ပြိုင်တည်းပစ်ပြီး ကျည်ဆံတွေ ပလူပျံနေတာကို ကြည့်ရတဲ့အရသာက ဘာနဲ့မှ လဲလို့မရပါဘူး။ မိမိစက်ရုပ် ပျက်စီးသွားရင်လည်း နောက်တစ်ရုပ်နဲ့ ချက်ချင်း တိုက်ပွဲထဲ ဆက်လက်ဆင်နွှဲလို့ ရတဲ့အတွက် တိုက်ပွဲတွေကလည်း ပျင်းစရာကောင်းတဲ့ အခိုက်အတန့်မျိုး မရှိပါဘူး။ ကစားတဲ့သူအရေအတွက်များတဲ့အတွက် ပွဲရှာတဲ့ကြာချိန်ကလည်း စက္ကန့်ပိုင်းပဲ ရှိပါတယ်။ Graphic ကလည်း အလန်းစားမို့လို့ ဖုန်းပေါ်မှာဆော့ဖို့ အပျံစား စက်ရုပ်ဂိမ်းကို ရှာဖွေနေတယ်ဆိုရင် War Robots ကိုသာ အရင်ဆုံး ပြေးကြည့်လိုက်ပါလို့ အကြံပေးလိုက်ရပါတယ်။

Image Sources:

https://pixonic.com/en

https://itunes.apple.com/us/app/war-robots/id806077016?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password