ကမ္ဘာ့အင်အားကြီးစစ်တပ်ဖွဲ့ပြီး နိုင်ငံတကာက ကစားသမားတွေရဲ့ တပ်တွေကိုဖြိုဖျက်အနိုင်ယူရမယ့် War Heroes: Fun Action For Free Mobile Game

ဒီတစ်ခါမှာ Playon ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ War Heroes: Fun For Free ဆိုတဲ့ Online Android  Mobile Game နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တကယ့် War ပုံစံလို ဒုတိယကမ္ဘာစစ်ထဲရောက်နေသလို အတွေ့အကြုံပေးမှာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက် Battle ဆိုင်ရမှာဖြစ်ပါတယ်။

      

မတူညီတဲ့ စစ်သားတွေနဲ့ လက်နက်တွေကို တော့ ကဒ်ပေါင်း 25 ကဒ်နဲ့ Level အလိုက်ပေးသွားမှာဖြစ်ပါတယ်။

Battel တစ်ပွဲအောင်တိုင်း Coin နဲ့ Box တွေရရှိမှာဖြစ်ပါတယ်။ Box တွေက Coin နဲ့ Card တွေ ဖောက်ပေးမှာဖြစ်ပြီးတော့ Card တွေထဲမှာ ကိုယ့်တပ်ထဲက စစ်သားနဲ့ လက်နက်တွေကို Level မြှင့်လို့ရအောင် ပေးထားတာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အားသာချက်က တကယ့်စစ်ပွဲထဲရဲ့ ဖွဲ့စည်းပုံအတိုင်း အကောင်တွေနဲ့ လက်နက်တွေဖြစ်သလို မေဂျာ၊ဆာဂျင်၊ဂျင်နရယ်တို့ ပါတဲ့အတွက် သူတို့ကို Level ကောင်းကောင်း မြှင့်ပေးထားရင် တပ်အတွက် စီမံခန့်ခွဲမှုတွေနဲ့ စစ်သားထုတ်ပေးနိုင်စွမ်းတွေ ပိုတိုးတက်လာပြီး တစ်ဖက် Fort ကို တက်ပြီး ဖြိုနိုင်မှာဖြစ်ပါတယ်။

လေယာဉ်နဲ့ ကြဲတဲ့ ဗုံးတွေ၊စက်သေနတ်တွေ၊စစ်ဖိုက်တာတွေ၊တင့်ကားနဲ့ ဗုံးသမားတွေအပြင် စနိုက်ပါလို Strong Solider တွေပါဝင်ပြီး တခြားအသစ်တွေကို Update မှာ ထည့်သွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။

ဗျူဟာခင်းပြီး တပ်တွေချတဲ့အခါ Card ရှစ်ကဒ်ပေးထားမှာဖြစ်လို့ ကိုယ်အဆင်ပြေမယ့် ဖျက်ဆီးအားကောင်းတဲ့ Card တွေကို ရွေးခြယ်သုံးသင့်ပါတယ်။ စစ်ပွဲတို့ရဲ့ သဘောတရားတိုင်း သရေမရှိပါဘူး။ Victory နဲ့ Defeat ပဲရှိမှာဖြစ်ပါတယ်။

နောက်ပိုင်း Battle Point က 300 ကျော်လာရင် ပိုခက်လာမှာဖြစ်ပါတယ်။ အချိန်နဲ့ တိုက်ရတာဖြစ်ပြီး တော့ အချိန်မကုန်ခင် လေကြောင်းနဲ့ရော ခြေလျင်နဲ့ပါ တစ်ဖက်က ပင်မခံတပ်ကို မဟုတ်ရင် ခံတပ်ငယ်ကို အမြန်ဖြိုသင့်ပါတယ်။ ကြယ်ရသူဟာ အနိုင်ဖြစ်တာကြောင့် ခံတပ်ဖြိုနိုင်သူသာ ကြယ်ရမှာဖြစ်ပါတယ်။ Graphic နဲ့ Sound System က တကယ့်စစ်ပွဲထဲကို သင့်ကိုခေါ်သွားသလို ခံစားရစေမှာဖြစ်ပြီး စစ်ပွဲရဲ့ အနိုင်အရှုံးဟာ သင့်ရဲ့ တိုက်ခိုက်မှုနဲ့ စီမံခန့်ခွဲမှုအပေါ် မူတည်နေမှာဖြစ်ပါတယ်။ ဒီတော့ ဒီဂိမ်းလေးကို စိတ်ပါဝင်စားလို့ ကစားချင်သူတွေအနေနဲ့ ဒီနေရာမှာ Download ရယူနိုင်မှာဖြစ်ပါတယ်။

Image Source: www.fungames-forfree.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password