ActionNews

Trailer လေးနဲ့ မျှော်နေရမယ့် Harry Potter: Hogwarts Mystery

၂၀၁၇ ဒီဇင်ဘာ လလယ်လောက်က ဖော်ပြထားတဲ့ Harry Potter: Hogwarts Mystery အမည်ရှိတဲ့ ဂိမ်းတစ်ခုကို ၂၀၁၈ နှစ်စောပိုင်းမှာ ထွက်ရှိမယ်ဆိုတဲ့ အကြောင်း Playon မိတ်ဆွေများ ကြားသိပြီး ဖြစ်မှာပါ။ Trailer လေးနဲ့အတူ Harry Potter ဂိမ်းလေးကို စောင့်မျှော် နေရအုံးမယ့် သဘာရှိနေပါတယ်။

မကြာသေးမှီက ထွက်ရှိမယ်လို့ ကြေညာထားတဲ့ ဂိမ်းဟာ သူတို့ရဲ့ ပထမဦးဆုံး ထွက်ရှိလာတဲ့ Trailer လေးတဲ့ အတူ ဂိမ်းချစ်သူ များကို ဆွဲဆောင်လိုက်ပါပြီ။ Hogwarts တစ်ယောက်အနေနဲ့ ဆော့ကစားရမယ့် RPG ဂိမ်းလေးဟာ Harry Potter အသည်းစွဲ များအနေနဲ့ သဘောကျနှစ်သက်စေမှာ ဖြစ်ပါတယ်။

ဒီဂိမ်းလေးကိုတော့ ၁၉၈၀ ပြည့်နှစ်များက ပုံစံနဲ့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ Harry Potter မမွေးဖွားမှီ အချိန်ကာလ လောက်က ပုံစံမျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာဆိုရင်တော့ ဆော့ကစားသူ အနေနဲ့ Hogwarts ကျောင်းတော်ကြီးမှာ Harry Potter Flim ထဲကအတိုင်း သင်ယူရဖို့တော့ ရှိနေပါတယ်။ Role Play Game (RPG) အမျိုးအစား ဖြစ်တဲ့အတိုင်း ဒီထဲမှာက တော့ မိမိကိုယ်တိုင် ကိုယ့်သမိုင်းကိုယ်ရေးပြီး Hogwarts မှာ ထူးချွန် ပြောင်မြောက်တဲ့ Wizard အဖြစ်မြောက်အောင် ကျောင်းတော်ကြီးမှာ နေထိုင် သွားလာရမှာ ဖြစ်ပါတယ်။

Player အနေနဲ့ ကျောင်းတော်ကြီးမှာ သင်ယူရမယ့် Magic Skills များနဲ့ Master Spells များရရှိအောင်သင်ယူလေ့လာရမှာဖြစ်သလို သင့်အနေနဲ့ မိတ်ဆွေ အပေါင်းအသင်းများနဲ့ ရန်သူများကိုလည်း တွေ့ရှိရဖို့အတွက်လည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဒီဂိမ်းမှာကတော့ ဆော့ကစားတဲ့လူတိုင်းဟာလည်း  တခြားသူများနဲ့ ကွဲပြားမှုလေးတွေတော့ ရှိနေမာပါ။ ကိုယ့်သမိုင်းကိုရေးဆိုတဲ့ အတိုင်း ထူးချွန်တဲ့ Wizard တစ်ယောက် ဖြစ်ရေး လုပ်ဆောင်ရမယ့်ဂိမ်းလို့ ပြောရမှာပါ။

အားလုံး စောင့်မျှော်နေတဲ့ Harry Potter: Hogwarts Mystery ဂိမ်းကိုတော့ Free to Play အနေနဲ့ mobile Platform ပေါ်  ဒီနှစ် အတွင်း ရုတ်တရက် ရောက်ရှိလာမှာပါ ဆိုတဲ့အကြောင်းလည်း သတင်းကောင်းပါးလို့ Pre-Register ကိုတော့ harrypotterhogwartsmystery.com မှာကြိုတင်ပြုလုပ်ထားရင်း ပြန်လည် ဆုံတွေ့ကြပါစို့ . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: