စိတ်ဝင်စားဖို့ကောင်းသလို ဦးနှောက်လည်းစားစေတဲ့ Vista Golf

ခက်လည်းခက်ပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ golf ဂိမ်းတွေကို ရှာဖွေနေတယ်ဆိုရင် မကြာသေးမှီကမှ ထွက်ရှိထားတဲ့ Vista Golf ဆိုတဲ့ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂိမ်းကတော့ simulation ပုံစံ golf ဂိမ်းမျိုးတော့ မဟုတ်ပါဘူး။ အပြင်မှာ တကယ်မရှိနိုင်တဲ့ ဂေါက်ကွင်းမျိုးကို ဒီဇိုင်းထုတ်ထားတဲ့ ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်တဲ့ ကွင်းတွေကလည်း အကွေ့အချိုးတွေများများနဲ့ ခက်ခက်ခဲခဲ စဉ်းစားပြီး ကစားရမယ့် ကွင်းတွေပါ။ ဥပမာ လေရဟတ် ကြီးက ကွင်းအလယ်တည့်တည့်မှာ လည်နေတာမျိုး၊ ဂေါက်သီးတစ်လုံးစာ အကျယ်သာရှိတဲ့ လမ်းကြောင်းမျိုး၊ ရွှေ့လျားနေတဲ့ ကြမ်းပြင် အစရှိတဲ့ ထူးထူးဆန်းဆန်း ဂေါက်ကွင်းတွေကို မြင်ရမှာ ဖြစ်ပါတယ်။

ကစားနည်းကတော့ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါတယ်။ ဂေါက်သီးအနားမှာရှိတဲ့ စက်ဝိုင်းကွင်းကို ဖိလိုက်တာနဲ့ မြှားတစ်ချောင်း ထွက်လာမှာပါ။ အဲဒီမြှားကို လိုချင်တဲ့ဖက်ကိုချိန်၊ အသုံးပြုချင်တဲ့ အားပမာဏ ကိုဆုံးဖြတ်ပြီး လက်ကို လွှတ်ပေးလိုက်ရုံပါပဲ။ တစ်ခုရှိတာက Vista Golf မှာ ပါဝင်တဲ့ ဂေါက်ကွင်းတွေဟာ ရေအလယ်မှာ တည်ဆောက်ထားတာ ဖြစ်လို့ အခြားဂိမ်းတွေနဲ့ မတူပဲ ဂေါက်သီးက အောက်ပြုတ်ကျတတ်ပါတယ်။ အဲဒီတော့ ရိုက်မယ့်အားကို ချိန်ဆတဲ့ နေရာမှာ ဘေးဘောင်ကို မကျော်သွားအောင်အတွက်ပါ ထည့်သွင်း စဉ်စားရမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဂေါက်ကွင်းတွေကတော့ ဒီဇိုင်းမျိုးစုံပါဝင်ပါတယ်။ ဒီဇိုင်းရှုပ်တဲ့ ကွင်းတွေကို အောင်ဖို့အတွက်ကတော့ တစ်ခါတစ်လေ ခေါင်းကုတ်ပြီးပါ စဉ်းစားရတတ်ပါတယ်။

Vista Golf မှာ ဂိမ်း mode ၂ ခု ပါဝင်ပါတယ်။ ပထမနည်းကတော့ easy ၊ medium ၊ hard အဆင့်ရှိတဲ့ ဂေါက်ကွင်း ၃ ကွင်းကို ဆော့ကစားရမှာပါ။ အဆိုပါ ကွင်း ၃ ကွင်းဟာ အပတ်စဉ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Infinite mode ဖြစ်ပါတယ်။ ဒီ mode မှာတော့ ပုံမှန်လို ၁၈ ကျင်း ကန့်သတ်ချက်မရှိပဲ မိမိစိတ်တိုင်းကျ ဆက်တိုက် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

 .         

Vista Golf ဟာ ပဟေဠိဂိမ်းတွေလိုပဲ သင့်ဦးနှောက်ကို တောက်လျှောက် အလုပ်ပေးနေရမယ့် ဂိမ်းမျိုးဖြစ်တာမို့ စဉ်းစားရတာ နှစ်သက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဂိမ်းရဲ့ ညင်သာတဲ့ နောက်ခံတီးလုံးကလည်း သင်အာရုံစိုက်လို့ကောင်းအောင် အထောက်အကူ ပြုဦးမှာပါ။ ဂိမ်းဖိုင်ဆိုဒ်ကလည်း သေးတဲ့အတွက် storage နည်းနေသူတွေ အတွက်လည်း အဆင်ပြေစေမှာပါ။ အချိန်ဖြုန်းတဲ့အနေနဲ့ ကစားဖို့အတွက် သင့်တော်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ golf ရိုက်ရတာ စိတ်ဝင်စားတဲ့သူတွေ မသိလိုက်မရှိရအောင် မိတ်ဆက်ပေးလိုက်ရပါတယ်။

Image Source:

https://itunes.apple.com/us/app/vista-golf/id1199546168?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password