ArticleNews

Veteran ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ RapRap

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့စာရေးသူအနေနဲ့ဝမ်းနည်းစရာသတင်းတစ်ပုဒ်ကိုပြောပြစရာရှိနေပါတယ်😭 ။ မကြာသေးမီကပဲ WESG မှာအောင်မြင်မှုတွေရရှိခဲ့တဲ့ Veteran အသင်းကိုအားလုံးပဲသိကြမှာပါ။ မြန်မာနိုင်ငံရဲ့အကောင်းဆုံးလို့ပြောလို့ရတဲ့အသင်းတစ်ခုပါပဲ။ ဝမ်းနည်းစရာက Veteran အသင်းရဲ့ Postion 4 ကစားသမားဖြစ်တဲ့ RapRap(Kaung Zaw Thu) ဟာ Veteran အသင်းကနေမကြာသေးမီအချိန်ကပဲနှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ နှုတ်ထွက်ရတဲ့အကြောင်းအရင်းကတော့ ကိုကောင်းဇော်သူအနေနဲ့သူ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကြောင့်လိုပဲအကြမ်းဖျင်းသိရပါတယ်။

2013 ခုနှစ်ကတည်းကစတင်လာခဲ့တဲ့အသင်းဖြစ်ပြီး အခက်အခဲမျိုးစုံနဲ့ပျော်စရာဝမ်းနည်းစရာအတွေ့အကြုံမျိုးစုံကိုသတိရနေမှာပါ

လို့သူရဲ့ facebook ကနေတဆင့် status တစ်ခုတင်ခဲ့ပါတယ်။ အပြည့်အစုံကိုအောက်ကပုံမှာဖတ်နိုင်ပါတယ်။

သူ့အနေနဲ့ solo match တွေကိုဆက်လက်ဆော့ကစားနေမှာဖြစ်ပြီးတော့ Dota လောကကိုစွန့်ခွာသွားမှာတော့မဟုတ်သေးပါဘူး။ အခုလို SEA region မှာနေရာတစ်ခုရှိတဲ့ position 4 player တစ်ယောက်နှုတ်ထွက်မှုဟာ Veteran အတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ Veteran အသင်းဟာ မကြာသေးခင်အချိန်မှာပဲသူ့ရဲ့ sponsor ဖြစ်တဲ့ GMA နဲ့လည်းလမ်းခွဲခဲ့ပါသေးတယ်။ Internationl အသိအမှတ်ပြုပြိုင်ပွဲ WESG မှာကမ္ဘာ့အဆင့်တက်လှမ်းနိုင်ခဲ့လို့အားလုံးကဝမ်းသာမျှော်လင့်နေချိန်မှာပဲ Veteran အသင်းအတွက်အခုလိုဖြစ်ရပ်တွေဟာ ဝမ်းနည်းစရာကောစိုးရိမ်စရာတွေပါရောထွေးနေပါတယ်။ အခုအချိန်ထိ RapRap နေရာမှာဘယ်သူ့ကိုအစားထိုးမယ်ဆိုတာကိုတော့မသိရသေးပါဘူး။ Team Veteran အတွက်ရော မြန်မာ Dota လောကအတွက်ပါအဆင်ပြေပြေနဲ့တိုးတက်အောင်မြင်စေဖို့ဆုတောင်းပေးရင်း……ဒီလောက်နဲ့ရပ်နားခွင့်ပြုပါဦးခင်ဗျာ။ သာယာတဲ့ Gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Image Via – RapRap Facebook, Veteran Facebook

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password