
စိတ်ဝင်စားစရာကောင်းတဲ့ Arcade ဂိမ်းအမျိုးအစားလေးဖြစ်ကြောင်းဦးစွာပြောပါရစေ။ Story Line ရှိတဲ့ဂိမ်းလေးဖြစ်တာကြောင့် Story ကနေစပြောပါရစေ။ Short Story လေးပါပဲ။ အရင်းရှင်အချို့က လူတွေကိုစက်ရုပ်သဖွယ်ခိုင်းရာကစတာပါ။ လူတွေကို စက်ရုပ်သဖွယ်ခိုင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် အရင်းရှင်တွေကတော့မကောင်းတဲ့ အကြံအစည်တွေကိုလုပ်ဆောင်လိုက်ပါပြီ။ အဲ့ဒီအကြံအစည်ကတော့လူတွေကို စက်ကိရိယာနဲ့ထိန်းချုပ်တာပဲဖြစ်ပါတယ်။ လူတွေကိုစက်ကိရိယာနဲ့ထိန်းချုပ်ထားတာမို့ လူတွေကဘာမှမသိတော့ဘဲ အလုပ်ကိုသာလုပ်နေတော့ပါတယ်။ အဲ့ဒီအခြေအနေမှာ Vector ဆိုတဲ့ ကောင်လေးတစ်ယောက်က အသိစိတ်ပြန်ဝင်ပြီး ထဖောက်တာပါ။ အသိစိတ်ပြန်ဝင်သွားတာကြောင့် အဲ့ဒီ အဆောက်အအုံကနေထွက်ပြေးဖို့ကြိုးစားပါပြီ။ Vector ထွက်ပြေးတော့ တခြားထိန်းချုပ်ခံထားရတဲ့လူတွေကဒီအတိုင်းမကြည့်နေဘဲလိုက်ဖမ်းပါပြီ။ Vector ကိုလိုက်ဖမ်းတဲ့လူကတော့တစ်ယောက်ပါပဲ။ အဲ့ဒါကတော့ သူရဲ့ အစ်ကိုပါ။ Vector ရဲ့အစ်ကိုက ထိန်းချုပ်ခံထားရတဲ့အတွက်ဘယ်သူတွေ၊ဘာတွေလဲဆိုတာမသိပါဘူး။ ထွက်ပြေးနေတဲ့ Vector ကိုလိုက်ဖမ်းဖို့ပဲစိတ်ထဲမှာရှိနေပါတယ်။ လိုက်ဖမ်းတဲ့နေရာမှာလဲလျှပ်စစ်အချောင်းရှိတဲ့လက်နက်ပါတွဲပါလာမှာပါ။ အဲ့ဒါကတော့ Vector ကိုမေ့အောင်လုပ်ပြီး ပြန်ဖမ်းခေါ်သွားဖို့ပါ။ ကျွန်တော်အခုပြောခဲ့တဲ့ Story Line လေးက In-game ထဲမရောက်ခင်ပါလာပါမှာ။ ပြန်ပြောတယ်ဆိုတာလျှာရှည်တာမဟုတ်ပါဘူး။ မကြည့်ဘဲကျော်လိုက်တဲ့လူတွေအတွက် နဲ့ ကျွန်တော့်လို ကြည့်ရမှာပျင်းတဲ့လူတွေအတွက်ပါ။
ဒီဂိမ်းမှာမိတ်ဆွေဆော့ရမယ့် Character က Vector ပဲဖြစ်ပါတယ်။ မိတ်ဆွေက Vector နေရာကနေ အနောက်ကလိုက်နေတဲ့ Vector ရဲ့အစ်ကို လက်ကလွတ်အောင်ပြေးရမှာပဲဖြစ်ပါတယ်။ ပြေးတဲ့နေရာမှာလည်းဒီအတိုင်းကြီးမြေညီမှာပြေးနေရမှာမဟုတ်ပါဘူး။ အဆောက်အအုံပေါ်တွေကနေ ခုန်ကျော်ပြီးပြေးနေရမှာပါ။ အဆောက်အအုံတစ်ခုနဲ့တစ်ခုကြား တွေကိုခုန်ကျော်ရတာတွေလည်းပါမှာပါ။ ခုန်တဲ့အခါမှာလည်း Parkour ပုံစံတွေလိုခုန်ကျော်တာကိုတွေ့ရမှာပါ။ ဒါ့အပြင် လမ်းတစ်လျှောက်မှာရှိတဲ့ ပစ္စည်းတွေကိုလည်းခုန်ရှောင်ရမှာပါ။
ဒီဂိမ်းမှာထူးခြားတာက မိတ်ဆွေ Character ရုပ်ကို မိတ်ဆွေမသိရတာပါ။ ဘာလို့လဲဆိုတော့အားလုံးကိုအမည်းရောင်လုပ်ထားလို့ပါ။ မိတ်ဆွေ Character ကိုတစ်ကိုယ်လုံးအမည်းရောင်ဖြစ်နေအောင်လုပ်ထားတဲ့အပြင် မိတ်ဆွေ Character လမ်းတစ်လျှောက်မှာ ရှောင်ရမယ့်ပစ္စည်းတွေ၊ ခုန်ကျော်ရမယ့် တိုက်တွေကလည်း အမည်းရောင်တွေပါပဲ။ အဲ့ဒီတော့မိတ်ဆွေလမ်းတစ်လျှောက်မှာတွေ့ရမယ့်ပစ္စည်းတွေကအမည်းရောင်မဟုတ်ဘူးဆိုရင် ရှောင်စရာမလိုပါဘူး။
မိတ်ဆွေပစ္စည်းတစ်ခုခုနဲ့တိုက်မိပြီးပြေးတဲ့အရှိန်နှေးသွားလို့ မိတ်ဆွေအနောက် ကလိုက်နေတဲ့လူဆီမှာဖမ်းခံလိုက်ရရင်တော့ Game Over မှာဖြစ်ပါတယ်။ အနောက်ကလိုက်နေတဲ့လူကလိုက်ဖမ်းတာထက်၊ သူ့ဆီမှာပါလာတဲ့ လျှပ်စစ်ချောင်းနဲ့ လိုက်တို့တာပါ။ ဖမ်းတာပဲဖြစ်ဖြစ်၊ တို့တာပဲဖြစ်ဖြစ် မိတ်ဆွေကအနောက် က လိုက်လာတဲ့လူနဲ့ ထိမိရင် Game Over မှာပါ။ Endless ကြီးပြေးနေရမှာမဟုတ်ပါဘူး။ Level တွေအများကြီးခွဲထားပါတယ်။ Level တစ်ခုနိုင်တာနဲ့ နောက် Level ကတန်းပွင့်မှာမဟုတ်ပါဘူး။ နောက် Level တွေကို ဆက်ဆော့ချင်ရင်တော့ မိတ်ဆွေကိုယ်တိုင် In-game ကပိုက်ဆံနဲ့ ဖွင့်မှဆော့နိုင်မှာပါ။ Level မြင့်လာတာနဲ့ ပေးရတဲ့ပိုက်ဆံတွေကများလာမှာပါ။ In-game ပိုက်ဆံမလောက်ရင်တော့ Level အနိမ့်တွေပြန်ဆော့နေပြီးပိုက်ဆံပြန်ရှာရမှာဖြစ်ပါတယ်။ဒီဂိမ်းက Parkour လှုပ်ရှားမှုပုံစံ 100 ကျော်ကို Cascadeur Animation Tool နဲ့ဖမ်တီးထားတာဖြစ်ပါတယ်။
Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး စိတ်ကြိုက် ပြေးလွှား၊ ခုန်ကျော်နိုင်တဲ့စိတ်ဝင်စားစရာဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Image Source :
https://play.google.com/store/apps/details?id=com.nekki.vector