News

လာမယ့်နိုဝင်ဘာလမှာ Steam ဂိမ်းတစ်ခုအဖြစ်ရပ်တည်လာတော့မယ့် Valve ရဲ့ ဂိမ်းအသစ် Artifact 

ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက Gameplay ဗီဒီယိုဖိုင်ထွက်ရှိထားတဲ့ Artifact အမည်ရှိ Valve ရဲ့ဂိမ်းအသစ်ကလေးဟာတော့ လာမယ့် ၂၀၁၈ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Linux, Mac, Window အစရှိတဲ့ Platform တွေမှာဆော့ကစားနိုင်ဖို့ Steam ပေါ်ကို တရားဝင်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

Artifact ကိုတော့ Magic: The Gathering ကိုဖန်တီးထားသူဖြစ်တဲ့ Richard Garfield က ဒီဇိုင်းရေးဆွဲပုံဖော်ထားတာဖြစ်ပြီး Dota2 ရဲ့အငွေ့အသက်တွေနဲ့ ဖွဲ့စည်းထားတဲ့ Digital Card ဂိမ်းပုံစံမျိုးဖြစ်ပါတယ်။ ဆိုတော့ Artifact ဟာ Card ဂိမ်းပုံစံမျိုးတွေ ဆော့လေ့ဆော့ထမရှိတဲ့ ကျွန်တော့်လိုမျိုး Player တွေအတွက်တော့ အရမ်းကြီးရင်ခုန်ဖို့ကောင်းနေမှာတော့ မဟုတ်လောက်ပါဘူး။ (ဒါပေမယ့် Dota2 အငွေ့အသက်တွေကြောင့် ကိုယ်တိုင်ဆော့ကြည့်တဲ့ အခါတစ်မျိုးပြောင်းရင်ပြောင်းသွားမှာပါ 😆)။ Gameplay ဗီဒီယိုအရတော့ Artifact မှာ Dota2 က Hero တွေကို Card အနေအထားနဲ့ တွေ့ရမှာဖြစ်ပြီး ပြိုင်ဘက် Hero တွေကို Strategy သုံး တိုက်ခိုက်အနိုင်ယူသွားရမှာပါ။ Battle မှာအသုံးပြုရမယ့် item တွေကလည်း Dota2 ထဲကအတိုင်းနဲ့ပဲတူပါတယ်။ ပိုပြီးမြင်သာအောင် ၇ မိနစ်စာ ရှိတဲ့ Artifact gameplay ဗီဒီယိုကိုတစ်ချက်ရှိုးလိုက်ပါဉီး။

Valve အနေနဲ့ Artifact ဆိုတဲ့ဂိမ်းကိုတော့ လာမယ့် သြဂုဏ်လ ၃၁ ရက်နေ့ ကနေ စက်တင်ဘာလ ၃ ရက်နေ့ အထိ SEATTLE, WA မှာ ကျင်းပသွားမယ့် PAX West 2018 မှာ မိတ်ဆက်သွားမှာပါ။ ပွဲကိုသွားရောက်မယ့် Player တွေအနေနဲ့ကတော့ Artifact ကိုဉီးဆုံးဆော့ကစားရတဲ့ အခွင့်အရေးရရှိမယ့် အပြင် Valve က ကျင်းပပေးမယ့် Artifact Tournament ကိုလည်း Main Stage ကြီးပေါ်မှာ ယှဉ်ပြိုင်ဆော့ကစားနိုင်မယ့် အခွင့်အရေးပါရရှိမှာဖြစ်တယ်လို့လဲသိရပါတယ်။ 😲)

Artifact မှာဆိုရင် Player တွေဝယ်ယူနိုင်မယ့် Card ပေါင်း ၂၈၀ ကျော်မကပါဝင်နေမှာဖြစ်ပြီး Card တွေကိုတော့ Steam ရဲ့ Market place ကနေဝယ်ယူနိုင်မှာပါ။ ဒီအထိက ရှော့မရှိပေမယ့် နည်းနည်းဝမ်းနည်းသွားတဲ့အချက်က Artifact ကိုဆော့ကစားဖို့ $19.99 နဲ့ဝယ်ယူရမယ်ဆိုတာပါပဲ :’) … တန်တယ်ဆိုပေမယ့် Dota2 လို့ Free to play မဟုတ်တော့တာကြောင့် စိတ်ထဲကတစ်မျိုးပါပဲ 😆)။ လက်ရှိမှာတော့ Artifact ဟာ PC version အတွက်ပဲထွက်ရှိဉီးမှာ ဖြစ်ပါတယ်။ Mobile Player တွေအတွက် Android နဲ့ iOS version ကတော့ လာမယ့် ၂၀၁၉ လောက်မှ ထွက်ရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။ မကြာမီပေါ့ 😁

 

Source: Steampowered

Ref: Polygon

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: