Valve ရဲ့နောက်ဆုံးထွက် Portal ဂိမ်း Portal Bridge Constructor

Valve က ပူပူနွေးနွေးလေးပဲ Portal 3.. (sorry) Portal Bridge Constructor ဆိုတဲ့ဂိမ်းကိုကြေညာလိုက်ပါတယ်။ ဘယ်တော့မှ ၃ ခုမြောက် sequel တွေမထုတ်တာနဲ့နာမည်ကြီးတဲ့ Valve ဆီက ၂၀၁၁ တုန်းကထွက်ရှိခဲ့တဲ့ Portal 2 ရဲ့အဆက် Portal 3 ဆိုတာဟာ မျှော်လင့်ချက်မရှိသလောက်ပါပဲ။ အဲဒီတော့ အခုကြေညာလိုက်တဲ့ Portal Bridge Constructor ဆိုတာဟာ Portal 3 နဲ့အနီးစပ်ဆုံး spinoff title တစ်ခုဖြစ်လာမှာပါ။ Portal ဂိမ်းနဲ့ပတ်သက်တဲ့ content အသစ်တွေကိုမျှော်လင့်နေတဲ့ Portal ချစ်သူတွေအတွက်ကတော့ ကွက်တိပဲဖြစ်မှာပါ။

ဒီဂိမ်းမှာ အရင် Bridge Constructor ဂိမ်းတွေထဲကအတိုင်း တံတားတွေတည်ဆောက်ပြီး ယာဉ်တွေကိုဖြတ်သန်းခိုင်းရမှာပါ။ ဘာကွဲပြားသွားလဲဆိုတော့ Portal series ထဲက art style နဲ့ mechanic တွေကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ အားလုံးရဲ့အချစ်တော် GLaDOS ကလည်း သင့်ကိုဆရာလုပ်ဖို့ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

Portal Bride Constructor ဟာ လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ Android ၊ iOS ၊ Windows နဲ့ Mac platform တွေအတွက်ထွက်ရှိလာမှာဖြစ်ပါတယ်။ PS4 ၊ Xbox One နဲ့ Switch တို့အတွက်ကတော့ ၂၀၁၈ အစောပိုင်းမှာ ထွက်ရှိမှာဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password