News

ခုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းထွက်ရှိလာတော့မယ့် Valkyrie Anatomia _ The Origin

Valkyrie ရဲ့ ပရိုဖိုင် franchise တစ်ခုဖြစ်တဲ့ Valkyrie Anatomia_The Origin ရဲ့ မိုလ်ဘိုင်း exclusive ဂိမ်းကို အခုနှစ်အတွင်း ထွက်ရှိလာတော့မယ်လို့ Square Enix က ကြေညာလိုက်ပါပြီ။ အဆိုပါ RPG က ၂၀၁၆ ခုနှစ်ကစတင်ပြီး ဂျပန်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူက Japan Region only နဲ့ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်တာကြောင့် မြင်သာမြင် မကျင်ရတဲ့ အဖြစ်မျိုးလုပ်ခဲ့တဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။အခုမှ globally ထွက်လာမှာပါ။

သူ့ကို ကစားချင်တယ်ဆိုရင် အခုအချိန်မှာပဲ Pre-registerလုပ်လို့ ရနေပါပြီ။ Pre-register လုပ်တဲ့ player အရေအတွက်ပေါ်မူတည်ပြီး လက်ဆောင်ပစ္စည်းတွေရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ သင်က pre-register လုပ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးမှာ ဝင်ပြီး official facebook page ကို follow လုပ်ကာ register လုပ်နိုင်တယ်လို့ သိရပါတယ်။ Follower အရေအတွက်ကိုလိုက်ပြီး ရရှိမယ့် reward အရေအတွက်လည်း ကွာသွားမှာနော်။

Pre-register

Pre-register မလုပ်သေးပဲ သူ့ရဲ့ ပုံစံတူ Alternative ဖြစ်တဲ့ Valkyrie Profile : Lenneth ကို စမ်းကစားချင်တယ်ဆိုရင် Google Play/App Store မှာ ပြေးပြီး ဒေါင်းလုတ်လုပ်ယူနိုင်ပါပြီ။ အခု မိတ်ဆက်ပေးလိုက်တဲ့ Prequel ကိုတော့လာမယ့် နွေဦးရောက်မှ ကစားနိုင်မှာဖြစ်ပါတယ်။ နမူနာ ဗီဒီယိုလေး တစ်ချက်ရှိုးလိုက်ပါဦး။

Trailer လေးအရတော့ storyline က တကယ့်ကို ခိုင်တဲ့ပုံပါပဲ ။ ဂျပန်စာတွေ အရမ်းများနေတာလေးတစ်ခုပဲ ဘာသာစကားနားမလည်ရင် အခက်အခဲဖြစ်မှာပါ။ ဒါပေမယ့် Global ဗားရှင်းထွက်လာရင်တော့ language ရွေးချယ်လို့ရမှာပါ။ အက်မင် ဖော်ပြလိုက်တဲ့ ဂိမ်းလေးကို စိတ်ဝင်စားရင်တော့ pre-register လေးလုပ်ထားနိုင်ပါပြီနော်…

Source- https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password