NewsReviews

Mobile ရော PC ရောအတွက် full cross platform ထောက်ပံ့ပေးနေပြီဖြစ်တဲ့ Vainglory

Supr Evil Megacorp မှ Vainglory ကစားသမားတွေကို PC နဲ့ Mobile ပေါ်မှာ switch လုပ်ပြီး အတူတကွ ကစားနိုင်ဖို့ ခွင့်ပြုပေးလိုက်ပါပြီ။ အကယ်၍ သင်က Vainglory ကို မသိဘူးဆိုရင် အခုချက်ချင်းပဲဖြစ်ဖြစ် စမ်းကစားကြည့်ပါနော်။ သူက technological marvel ဂိမ်းဖြစ်ပြီး သူ့ဆီမှာ ကြက်သရေ ရှိလှတဲ့ 3D ရုပ်ထွက်တွေ တွေ့နိုင်မှာပါ။ ဒီအကြောင်းအရာကို Steam ပေါ်မှာ ဂိမ်းထွက်ရှိခဲ့တာနဲ့ တစ်ပြိုင်နက် player တွေဆီကို မိတ်ဆက်ပေးခဲ့တာပါ။

အခုရောက်ရှိလာတဲ့ update အသစ်က player တွေအတွက် တကယ့်ကို ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂိမ်းက platform တိုင်းပေါ်မှာလိုလို ကစားလို့ရတဲ့အတွက် ခုလို cross-platform လုပ်ပေးလိုက်ခြင်းက ကိုယ့်သူငယ်ချင်း အချင်းချင်းသာမက ကမ္ဘာတစ်ဝှမ်းက player တွေနဲ့ပါ ပိုပြီးချိတ်ဆက်သွားနိုင်လို့ပါ။

Vainglory ကို Super Evil Megacorp တစ်ခုတည်းကပဲ ဖန်တီးထုတ်လုပ်ထားတာပါ။ သူက ကစားသမား သုံးယောက် (သို့) ငါးယောက်ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် MOBA (Multiplayer online battle arena) ဂိမ်းဖြစ်ပါတယ်။သူ့ကို နိုဝင်ဘာ ၂၀၁၄ မှာ iOS တွေအတွက် စတင်ထုတ်လုပ်ခဲ့ပါတယ်။ Soft-launch ကို နှစ်ဝက်ကျော်ကြာ ထွက်ရှိပြီးနောက်မှာတော့ ဇူလိုင် ၂၀၁၅ မှာ Android ဗားရှင်းထွက်ခဲ့ပါတယ်။ ဇူလိုင် ၂၀၁၈ မှာ Mac နဲ့ Microsoft Window ဗားရှင်းထွက်လာခဲ့ပါတယ်။Cross-platform play မှာဆိုရင် မတူညီတဲ့ device တွေမှာ ကစားတဲ့ player တွေအချင်းချင်း ယှဉ်ပြိုင် ဆော့ကစားနိုင်မှာပါ။

Vainglory က တကယ့်ကို ကမ္ဘာတစ်ဝှမ်း ပရိသတ်တွေရဲ့ review ကောင်းတွေ ရရှိထားတဲ့ ဂိမ်းလေးဖြစ်သလို သူ့ရဲ့ လှပပြီးထူးခြားတဲ့ grapgic တွေကြောင့်လည်း စွဲဆောင်မှုရှိလွန်းလှပါတယ်။ သူ့ကို မိုဘိုလ်း ဖုန်းတွေပေါ်မှာသာမက PC ၊ Console နဲ့ အခြား နောက် ထွက်ရှိလာမယ့် hybrid device တွေနဲ့ပါ ကစားနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။ Trailer လေးကို တစ်ချက် ကြည့်လိုက်ပါဦး။

အဆင်သင့် ကစားလို့ရနေပြီဖြစ်တဲ့ ဂိမ်းလေးဖြစ်တာကြောင့် ခုပဲဖြစ်ဖြစ် Google Play/APP Store ကိုသွားပြီး သိပ်မိုက်တဲ့ MOBA ရဲ့ အရသာကို ခံစားကြည့်လို့ရနေပါပြီနော်။

Source-https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password