‘Vainglory’ 5v5 Mode အသစ်ကိုစမ်းသပ်ဖို့ Pre-Register လုပ်နိုင်ပြီ

Tencent ရဲ့ ‘Arena of Valor’ က ထွက်ရှိဖို့တာစူနေပြီဆိုတော့ Vainglory လည်းမနေသာတော့ပါဘူး။ ကစားရပိုကောင်းသွားအောင်နဲ့ အခြား MOBA တွေရဲ့နောက်မှာမကျန်ခဲ့ရလေအောင် Vainglory မှာ 5v5 Map ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ Vainglory ဆိုတာကတော့ Mobile MOBA စျေးကွက်ထဲက နာမည်အကြီးဆုံးဂိမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်အထိကတော့ 3v3 Mode ပဲဆော့ကစားလို့ရခဲ့တာဖြစ်ပြီး ပြိုင်ဖက်တွေအရမ်းများလာတဲ့အတွက် Player တွေကိုပိုပြီးဆွဲဆောင်နိုင်အောင် 5v5 Mode ကိုထည့်သွင်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

တကယ်လို့သင်က Vainglory ကစားသူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီ Mode အသစ်ရဲ့ Early Access အတွက် Pre-Register လုပ်နိုင်နေပြီဖြစ်ပါတယ်။ ဘယ်သူတွေကစားရမယ်ဆိုတာကတော့ Random ရွေးချယ်မှာဖြစ်ပြီး ရွေးချယ်ခံခဲ့ရရင် Email ကနေတစ်ဆင့် အကြောင်းကြားပေးမယ်လို့ဆိုပါတယ်။ Pre-Register လုပ်တဲ့သူတွေဟာ ‘Founding 5v5’ ဆိုတဲ့ Player Badge အပါအဝင် Exclusive Rewards တွေရရှိကြမှာဖြစ်ပါတယ်။ ဒါ့အပြင် Vainglory ကိုကစားရတာပိုပြီးချောမွေ့အောင် iPhone X နဲ့ iPad Pro တွေပေါ်မှာ 120FPS နဲ့ဆော့ကစားလို့ရအောင် အဆင့်မြင့်တင်ပေးသွားဦးမယ်လို့ဆိုပါတယ်။ ဒီ 5v5 Mode ကို လာမယ့် ဒီဇင်ဘာ ၁၄ ကနေ ၁၇ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာကျင်းပမယ့် Vainglory World Championship မှာ စတင်ပွဲထုတ်သွားမှာဖြစ်ပါတယ်။ ဒီ Mode အသစ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိလိုတယ်ဆိုရင် အောက်က Developer Update Video မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password