ArticleNews

Anime survival ဂိမ်းအမျိုးအစားဖြစ်တဲ့ Utopia: Origin ထွက်ရှိလာပြီ 

Anime ဇာတ်ကောင်ပုံစံမျိုးလေးနေရာကနေ တောနက်ကြီးထဲမှာ ဆော့ကစားရမယ့် survival ဂိမ်းအမျိုးအစား Utopia: Origin ကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်ကထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Survival ဂိမ်းဖြစ်တဲ့အတွက် ဒီဂိမ်းကစားသူရဲ့အဓိက Mission က ကိုယ့် Anime character ကိုရှင်သန်အောင်ကြိုးစားဆော့ကစားရမှာပါ။ အစားအသောက်တွေလိုက်ရှာချက်ပြုတ်၊ နေစရာအိမ်ဆောက်ဖို့ ကုန်ကြမ်းပစ္စည်းတွေလိုက်လံရှာဖွေ၊ တောနက်ကြီးထဲက သားရိုင်းကောင်တွေနဲ့တိုက်ခိုက်ဖို့ လက်နက် gear တွေဖန်တီး အစရှိတာတွေပြုလုပ်ပြီးဆော့ကစားသွားရမှာဖြစ်ပါတယ်။

ဒီဂိမ်းဟာ Last Day On Earth (LDOE) ဆိုတဲ့ survival ဂိမ်းတစ်မျိုးနဲ့အခြေခံ concept တူညီနေတာမို့ LDOE ဆော့ဖူးသူဆိုရင် ဒီ Utopia: Origin ကိုအရမ်းစိမ်းနေမှာတော့မဟုတ်ပါဘူး။ ဇာတ်ကောင်တွေက Anime ပုံစံလေးတွေဖြစ်နေတာ၊ Dragon, Unicorn အစရှိတဲ့ သတ္တဝါအကြီးစားတွေကို စီးနှင်းနိုင်သလို တိုက်ခိုက်နိုင်တာ အစရှိတာတွေကဒီဂိမ်းစွဲဆောင်မှုလေးတွေပါပဲ။

ပတ်ဝန်းကျင်အပိုင်းနဲ့ တချို့ Vehicle လေးတွေရဲ့ရုပ်ထွက်က ကာတွန်းလိုအရမ်းဖြစ်နေတာ၊ အရှေ့ကအရာဝတ္ထုကို ဖောက်ထွင်းပြီးသတ္တဝါက ကိုယ့်ဆီရောက်လာတဲ့ graphics bug အစရှိတာလေးတွေကတော့ ဒီဂိမ်းမှာကျွန်တော်သိပ်မနှစ်သက်မိတဲ့အချက်လေးတွေဖြစ်ပါတယ်။ ဒါကလည်း အခုမှဂိမ်းရဲ့ ပထမဉီးဆုံး version ထွက်ရှိလာတာဆိုတော့ နားလည်ပေးလို့ရတဲ့အချက်လေးတွေလို့ဆိုရမှာပါ။ နောက် version update တွေမှာ ဒါလေးတွေကို modify လုပ်သွားမယ်ဆိုရင်တော့ perfect ပါပဲ။

သူကတော့ လက်ရှိမှာ Android, iOS နှစ်မျိုးလုံးအတွက် ထွက်ရှိနေပါပြီ။ iOS မှာဆိုရင်တော့ sg store တစ်ခုမှာပဲ Download လုပ်ယူနိုင်ဉီးမှာဖြစ်ပါတယ်။

Download link – Android/ iOS (SG Applestore)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password