မကြာမီထွက်မယ့် MMORPG ‘Aion’ ရဲ့ Prequel – ‘Aion Tempest’

MMORPG နဲ့မစိမ်းတဲ့သူတွေကတော့ Aion ဆိုတဲ့ဂိမ်းကို မဆော့ဖူးရင်တောင် နာမည်ကြားဖူးကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဆော့ဖို့ဆန္ဒရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆော့ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ Aion ဂိမ်းက ဇာတ်လမ်းအသစ်နဲ့အတူ ကျွန်တော်တို့ရဲ့ Mobile Device တွေပေါ်ကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ဒီတစ်ကြိမ်တော့ ဆော့ဖြစ်သွားလောက်မယ်လို့ထင်ပါတယ်။

Developer ဖြစ်တဲ့ NCSoft က မကြာခင်ကပြုလုပ်ခဲ့တဲ့ Press Conference မှာ PC က Aion ဂိမ်းရဲ့ Prequel ဖြစ်တဲ့ Aion Tempest အကြောင်းကိုကြေညာခဲ့ပါတယ်။ ဒီဂိမ်းမှာ Main Game ဖြစ်တဲ့ Aion ထဲကအဖြစ်အပျက်တွေမတိုင်မီ နှစ် ၉၀၀ ခန့်ကအဖြစ်အပျက်တွေကို ဆော့ကစားရမှာဖြစ်ပါတယ်။ Daevas နဲ့ Balaurs တို့ကြားက Millenium War ကို ဇာတ်အိမ်တည်ထားမှာဖြစ်လို့ Aion ဇာတ်လမ်းကို နှစ်သက်သူတွေအတွက် စိတ်ဝင်စားဖွယ် Story Development ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဂိမ်းနာမည်နဲ့ Trailer ကလွဲပြီး ဘာမှမသိရသေးပါဘူး။ ထွက်ရှိမယ့်ရက်တွေ၊ ကစားလို့ရမယ့် Platform တွေ စတဲ့အချက်အလက်တွေကို NCSoft ရဲ့နောက်လာမယ့်ကြေညာချက်တွေမှာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password