Com2uS က Summoners War Universe ကိုအခြေခံထားတဲ့ MMORPG ထုတ်မည်

Summoner Wars ရဲ့ Developer ဖြစ်တဲ့ Com2uS က ပြီးခဲ့တဲ့ G-Star 2017 Event မှာ Summoners War MMORPG ဂိမ်းတစ်ခုကို ဖန်တီးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Trailer ထဲမှာမြင်ရသလောက်ဆိုရင်တော့ Graphic ပိုင်းက တော်တော်လန်းပါတယ်။ Boss Fight တွေကလည်း Visual Effect တွေအပျံစားနဲ့ဆိုတော့ တော်တော်အထာကျမယ့်ပုံပေါ်ပါတယ်။ ဒါ့အပြင် Trailer ထဲမှာ အကောင်တွေအများကြီး Summon လုပ်ပြထားတော့ Summoning လုပ်တာက အဓိက Game Element တစ်ခုအနေနဲ့ ပါဝင်လာဦးမယ့်သဘောရှိပါတယ်။

လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Mobile Game တစ်ခုဖြစ်တဲ့ Summoners War ဟာ MMORPG အသွင်နဲ့ ဘယ်လိုနေမလဲဆိုတာကိုတော့ အနည်းဆုံး Soft Launch ထွက်ရှိလာမှ အကဲခတ်ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး သတင်းအသစ်တွေရရှိတာနဲ့ အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password