အသွင်သစ်နဲ့ Mobile Device တွေပေါ်ရောက်လာတော့မယ့် Tamagotchi – “My Tamagotchi Forever”

ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ခဲ့တဲ့ Bandai Namco ရဲ့ကြေညာချက်ကတော့ 90’s Born တွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ပါတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက ဘဲဥပုံစက်လေးထဲမှာ တယုတယနဲ့ဂရုစိုက်ခဲ့ရတဲ့အကောင်လေးတွေက ၂၀၁၈ ထဲမှာ ကျွန်တော်တို့ရဲ့ Android နဲ့ iOS Device တွေပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဂိမ်းစတင်ထွက်ရှိပြီး နှစ်၂၀အကြာမှာ Bandai Namco က Tamagotchi Franchise ကို တဖန်အသက်ပြန်သွင်းဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်။ ခေတ်နဲ့လိုက်လျှောညီထွေဖြစ်အောင် အကောင်လေးတွေက အရင်လို Pixel စတိုင်မဟုတ်တော့ပဲ 3D အသွင်ပြောင်းသွားကြမှာပါ။ ဒါ့အပြင် အကောင်လေးမွေးရတဲ့အရသာ အပြည့်အဝရရှိအောင် AR Function ပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ သူ့ရဲ့ Official Trailer အရဆိုရင်တော့ AR Function ကိုအသုံးပြုပြီး ကိုယ့်ရဲ့အချစ်တော်အကောင်လေးတွေနဲ့ ဓာတ်ပုံအတူတူရိုက်လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လေးတွေ အင်အင်းပါတာကိုလည်း AR မြင်ကွင်းကနေ ပီပီပြင်ပြင်မြင်ရမှာဆိုတော့ သန့်ရှင်းရေးလုပ်ပေးဖို့ကို မေ့မှာမပူရပါဘူး။

၂၀၁၈ ဘယ်အချိန်မှာထွက်ရှိမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ နှစ်စောပိုင်းမှာထွက်မယ်ဆိုရင်တော့ ရှယ်ပဲပေါ့နော်။ ငယ်ငယ်တုန်းက တမက်တမောဆော့ကစားခဲ့ရတာတွေကို ပြန်လည်ဆော့ကစားလို့ရတော့မှာဆိုတော့ တော်တော်စိတ်ကျေနပ်မိတာတော့ အမှန်ပါပဲ။ အပေါင်းအသင်းတွေထဲက Tamagotchi ချစ်သူတွေကိုလည်း ဒီသတင်းကောင်းလေးကို လက်တို့ပေးလိုက်ကြပါဦးလို့…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password