Farfetch’d နဲ့ Kangaskhan တို့ကိုရရှိနိုင်မယ့် Pokemon GO ရဲ့ Global Catch Challenge

Region Exclusive Pokemon တွေကို ကိုယ့်ရဲ့ Pokedex ထဲထည့်နိုင်ဖို့က ကမ္ဘာတစ်ဝန်းက Trainer တွေရဲ့အိပ်မက်ပါပဲ။ အခုတော့ သင့်ရဲ့ Dream Pokemon အချို့ကို ဖမ်းယူရရှိနိုင်ဖို့ အခွင့်အလမ်းပေါ်လာပါပြီ။ Pokemon GO ရဲ့ နိုဝင်ဘာ ၂၀ ကနေ ၂၆ အထိကျင်းပနေတဲ့ Global Catch Challenge မှာ Event ကာလအတွင်းမှာ Pokemon စုစုပေါင်း 3 Billion ကိုဖမ်းယူရရှိနိုင်ခဲ့မယ်ဆိုရင် Japan Exclusive ဖြစ်တဲ့ Farfetch’d နဲ့ Australia Exclusive ဖြစ်တဲ့ Kangaskhan တို့ကို ရရှိနိုင်ကြမှာဖြစ်ပါတယ်။

Reward တွေကို Bronze ၊ Silver နဲ့ Gold ဆိုပြီး Tier တွေခွဲထားပါတယ်။ စုစုပေါင်း 500 Million ဖမ်းယူနိုင်တယ်ဆိုရင် Bronze Tier Reward တွေရရှိမှာဖြစ်ပြီး အချို့ Pokemon တွေက တစ်ကမ္ဘာလုံးမှာပေါ်လာကြမှာဖြစ်ပါတယ်။ 1.5 Billion ဖမ်းယူနိုင်တယ်ဆိုရင်တော့ Silver Tier Reward တွေအပြင် နောက်ထပ် Pokemon အများကြီးကို နေရာအနှံ့မှာ ဖမ်းယူလို့ရမှာပါ။ 3 Billion ပြည့်ခဲ့တယ်ဆိုရင်တော့ Farfetch’d ကို ၄၈ နာရီတိတိ ကမ္ဘာ့နေရာအနှံ့မှာ ဖမ်းယူရရှိမှာဖြစ်ပါတယ်။ ပြီးတော့ Kangaskhan ဟာဆိုရင်လည်း ၄၈ နာရီတိတိ East Asia Region မှာ ထွက်ပေါ်မှာဖြစ်ပါတယ်။ အဲဒီတော့ 3 Billion ပြည့်ခဲ့တယ်ဆိုရင် Kangaskhan မရရင်တောင် Farfetch’d ကိုကျိန်းသေပေါက်ရမှာဖြစ်ပါတယ်။

3 Billion တောင်ဖမ်းရမှာဆိုပြီး အားမလျှော့သွားပါနဲ့၊ Event စပြီး ၃ ရက်အတွင်းမှာ Pokemon စုစုပေါင်း 1.2 Billion ကျော် ဖမ်းမိပြီးသွားပြီဖြစ်ပါတယ်။ ဒီနှုန်းအတိုင်းသာဆက်သွားရင် ၇ ရက်အတွင်း 3 Billion ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ဂဏန်းတစ်ခုပါ။ အဲဒီတော့ ဂျပန်အထိသွားစရာမလိုပဲ Farfetch’d ကိုရရှိနိုင်မယ့် ဒီအခွင့်အရေးကို လက်လွတ်မခံကြပဲ 3 Billion မြန်မြန်ပြည့်အောင် တစ်တပ်တစ်အား ပါဝင်အားဖြည့်လိုက်ကြရအောင်လား…

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password