Reviews

ထူးခြားတဲ့ လူစွမ်းကောင်းတွေနဲ့ ကစားရမယ့် iOS ဂိမ်း Unlikely Heroes

Unlikely Heroes က စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်ပုံစံလေးနဲ့ ဖန်တီးထားတာပါ။ အကြောင်းအရာလေးက ဟိုးရှေးနှစ်ပေါင်းများစွာတုန်းက ရွာတစ်ရွာကို ရက်စက်တဲ့ နဂါးကြီးတစ်ကောင်ရောက်လာပြီး အိုးအိမ် နေရာတွေ အားလုံးကို ဖျက်ဆီးလိုက်ပါတယ်။ ရွာသားတွေက သူတို့ နယ်မြေကို ကယ်တင်ပေးမယ့် သူရဲကောင်းတွေ ကိုမျှော်လင့်နေကြပါတယ်။ အဲ့တာကြောင့် သင်ကသူရဲကောင်း ဟီးရိုးလေးတွေစုစည်းပြီး နဂါးတွေကို ရင်ဆိုင်တိုက်ထုတ် ပေးရမှာပါ။

သင်နဲ့ သင့်ရဲ့ သူရဲကောင်းလေးတွေကပဲ ကမ္ဘာကြီးကို ကယ်တင်ပေးနိုင်မှာပါ။ သင်နဲ့ အတူ အောင်ပွဲခံအနိုင်ယူ တိုက်ခိုက်ပေးမယ့် ဇာတ်ကောင်လေးတွေက Lonely Shepherd နဲ့ Tavern Maid တို့နဲ့ ရုပ်ချင်းဆင်ပါတယ်။

ဂိမ်းထဲမှာ တောအုပ်ကြီးတွေ၊ ကျယ်ပြန်တဲ့ ကန္တာရတွေ၊ ရေခဲတိုင်းပြည်တွေ နဲ့ ဝင်္ကပါ တွေကို ဖြတ်သန်းရမှာပါ။ ပျောက်ဆုံးနေတဲ့ ရွာသားတွေကိုရှာဖွေပြီး အိမ်တွေ အဆောက်အဦး တွေကို ပြန်ဆောက်ပေးရင်း လှပတဲ့ ရွာလေး ပြန်တည်ထောင် ပေးရမှာဖြစ်ပါတယ်။ ရက်စက်တဲ့ နဂါးတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားအနိုင်ယူ တိုက်ခိုက်ရင်း အားလုံးက Unlikely Heroes ထဲမှာသူရဲကောင်းတွေဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။

iOS တစ်မျိုးတည်းအတွက်ပဲ ကစားနိုင်ပါတယ်။ File အရွယ်အစား 117.2 MB ရှိပြီး App Store ရဲ့ rating က 4.6 ပါ။ ထွက်ရှိထားတာ မကြာသေးလို့ rating 4.6 ကို များတယ်လို့ ယူဆနိုင်ပါတယ်။ iOS version 7.0 နှင့် အထက်ရှိရင် free download လုပ်ယူပြီး ကစားနိုင်ပါပြီနော်။…

 

Image Source – Unlikely Heroes

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password