New York မှာရှိတဲ့ Zombie တွေကိုနှိမ်နှင်းရမယ့် UNKILLED: MULTIPLAYER ZOMBIE SURVIVAL SHOOTER GAME!

Zombie တွေကိုသွားရောက်နှိမ်နှင်းရမယ့် Character တစ်ယောက်နေရာကဆော့ကစားရမှာဖြစ်ပါတယ်။ လမ်းတလျှောက်မှာ Zombie တွေပြည့်နက်နေမှာဖြစ်ပြီး မြင်သမျှ Zombie တွေကိုသတ်ရမှာပဲဖြစ်ပါတယ်။

Zombie တွေကမြို့တစ်မြို့လုံးစာလောက်ရှိနေမှာဖြစ်ပြီး မိတ်ဆွေဘက်မှာလည်း မိတ်ဆွေနဲ့အတူအလုပ်တွဲပြီးလုပ်ဆောင်ရမယ့် Character တွေပါဝင်နေမှာဖြစ်ပါတယ်။ မိတ်ဆွေ နဲ့ အဖွဲ့ကို လက်နက်တွေ၊ Armor တွေပေးထားမှာဖြစ်တာကြောင့် မျှတနေပြီး တိုက်ပွဲကပြင်းထန်နေ မှာဖြစ်ပါတယ်။

ဂိမ်းစစချင်းမှာ Clark, Joe, Sam, Jade, U.S Ranger, Survivor စတဲ့ Character တွေထဲကမိတ်ဆွေနှစ်သက်ရာ Character ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Character တစ်ယောက်နဲ့တစ်ယောက်က Skill တွေ၊ Ability တွေကတူညီနေမှာမဟုတ်ပါဘူး။ Character တစ်ယောက်ချင်းစီရဲ့ Design ပိုင်းတွေကိုလည်း Customize လုပ်နိုင်ဉီးမှာလည်းဖြစ်ပါတယ်။

Character တွေဘက်က စုံလင်နေသလို Zombie တွေဘက်က လည်းအမျိုးအစားစုံစုံလင်လင်ပါဝင် နေမှာဖြစ်ပါတယ်။ Sheriff, Dodger, Minesweeper, Butcher စတာတွေအပြင် တခြားသော Zombie Boss တွေကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ Zombie အသေးစားတွေကတော့ လမ်းတလျှောက်မှာပြည့်နှက်နေမှာဖြစ်ပါတယ်။

လက်နက်တွေအနေနဲ့ LSAT machine gun, Saiga-12K Shotgun နဲ့ M24 Sniper Rifle အစရှိတဲ့လက်နက်တွေအပါအဝင် လက်နက်ပေါင်း ၄၀ကျော်ပါဝင်တာကိုတွေ့ရမှာပါ။ လက်နက်တွေရဲ့ မတူညီတဲ့ Skin တွေကိုလည်းစိတ်ကြိုက် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် PvP(Player Vs Player) ကစားနိုင်တဲ့ Option လည်းပါဝင်ပါသေးတယ်။ PvP Mode ကတော့ မိတ်ဆွေရဲ့ rank က ၅ အထိရောက်နေမှာဆော့နိုင်မှာဖြစ်ပါတယ်။ Zombie တွေရဲ့ရုပ်ထွက်ကတော်တော်ကောင်းနေတာကိုတွေ့ရမှာပါ။ အသံပိုင်းဆိုင်ရာကလည်းမဆိုးတာကြောင့် Zombie တွေရဲ့အသံကိုထင်းထင်းကြီးကြားနေရမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Zombie တွေကိုပစ်ခတ်ရင်းဇာတ်လမ်းသွားပုံစံဆော့ကစားရမယ့်ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : UNKILLED: MULTIPLAYER ZOMBIE SURVIVAL SHOOTER GAME

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password