သင့်ရဲ့ Esports Dream ကို အကောင်အထည်ဖော်ဖို့အတွက် Esports Course တွေသင်ကြားနေတဲ့ တက္ကသိုလ်များ

Esports လို့ဆိုလိုက်တာနဲ့ Dota 2 ရဲ့ The International လို Arena ကွင်းကြီးထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကြတာကို ပြေးမြင်မိမှာပါ။ အဲဒီလိုယှဉ်ပြိုင်ကြတာက Esports မှန်ပေမယ့် အဲဒီစကားလုံးက ဒီထက်မက အများကြီး ပိုကျယ်ပြန့်ပါတယ်။ Esports ဆိုတာရဲ့အောက်မှာ Professional Player တွေသာမကဘဲ Streamer တွေ၊ Esports Team နဲ့ Organization တွေ၊ Game Publisher တွေ၊ Media ကုမ္ပဏီတွေ အစရှိပြီး သက်ဆိုင်ရာသက်ဆိုင်ကြောင်းတွေ အများကြီးပါဝင်ပါတယ်။ အဲဒီတော့ Esports ဖွံ့ဖြိုးလာဖို့က ဂိမ်းကစားသူတွေတင်မကပဲ Industry ကြီးတစ်ခုလုံးကို လည်ပတ်ရာမှာလိုအပ်တဲ့ Talent တွေကလည်း အရေးပါလာပါတယ်။ အဲဒီလို လိုအပ်တာကို အကြောင်းပြုပြီး ဒီစျေးကွက်ထဲဝင်လာတဲ့ Player အသစ်ကတော့ နိုင်ငံတကာက တက္ကသိုလ်တွေပဲဖြစ်ပါတယ်။

Tournament ဆုကြေးတွေနဲ့ Online Streaming လုပ်ငန်းကရရှိတဲ့ငွေကြေးတွေအပါအဝင် ဒေါ်လာသန်းရာနဲ့ချီပြီးလည်ပတ်နေတဲ့ Esports Industry ကြီးဟာ လက်ရှိအချိန်မှာ Growth Potential အရှိဆုံး Market တစ်ခုလို့ဆိုရမှာပါ။ ဒါကြောင့်လည်း တက္ကသိုလ်တွေက Esports နဲ့ပတ်သက်တဲ့ Course တွေကို စတင်ပြဌာန်းလာကြတာဖြစ်ပါတယ်။ ဂိမ်းအကြောင်းပတ်သက်တဲ့ Course တွေဆိုတော့ တစ်နေကုန်ဂိမ်းဆော့နေရမှာပဲဆိုပြီး အပျော်မစောပါနဲ့ဦး။ တစ်ချို့တက္ကသိုလ်တွေရဲ့ Course တွေက တကယ် Serious ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Esports နဲ့ပတ်သက်တဲ့ Course တွေစတင်ပို့ချနေတဲ့ တက္ကသိုလ်အရေအတွက်က အရမ်းမများသေးပေမယ့် ပြဌာန်းမယ်လို့ ကြေညာထားပြီးဖြစ်တဲ့ တက္ကသိုလ်တွေက မနည်းလှပါဘူး။ UK မှာဆိုရင် Staffordshire University က Course တွေ ပို့ချနေပြီဖြစ်ပြီး The University of York နဲ့ The University of Leiester တို့ဆိုရင် Esports ကုမ္ပဏီတစ်ခုဖြစ်တဲ့ ESL နဲ့လက်တွဲဖို့ သဘောတူညီချက်တွေချမှတ်ပြီးဖြစ်ပါတယ်။ SEA Region မှာဆိုရင် Malaysia နိုင်ငံက Asia Pacific University of Technology & Innovation က Course တွေစတင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာဆိုရင်လည်း Tokyo School of Anime က Esports လောကထဲကျင်လည်ဖို့ လိုအပ်တာတွေအားလုံးကို သင်ကြားပို့ချနေပါပြီ။

အဲဒီတော့ တက္ကသိုလ်တွေက ဘယ်လိုဘာသာရပ်တွေပို့ချကြမှာလဲဆိုတာကို တစ်ချက်ကြည့်လိုက်ကြရအောင်…

 

Asia Pacific University of Technology & Innovation (APU)

အဖွင့်အနေနဲ့ပြောရမယ်ဆိုရင် APU ကပို့ချတဲ့ Course တွေက ကျွန်တော်တို့တွေရဲ့စိတ်ကူးထဲက Esports Course ဆိုတာနဲ့ တော်တော်နီးစပ်ပါတယ်။ ဘာလို့လည်းဆိုရင် APU မှာ League of Legends ၊ Dota 2 ၊ Fifa 17 ၊ CS:GO ဂိမ်းတွေအတွက် Skill Certificate သင်တန်းတွေ ပို့ချနေတာဖြစ်လို့ပါ။ ဒီအတန်းတွေမှာ သက်ဆိုင်ရာဂိမ်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေအပြင် Teamwork နဲ့ Replay တွေကို Analyse လုပ်နိုင်စွမ်းရည်တွေကိုပါ ပို့ချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Course တစ်ခုချင်းစီတိုင်းမှာ Beginner ၊ Intermediate နဲ့ Advanced ဆိုပြီး အဆင့်တွေခွဲထားပြီး အဆင့်တိုင်းအတွက် လိုအပ်ချက်တွေတူညီမှာမဟုတ်တဲ့အတွက် တက်ချင်တဲ့အတန်းသွားတက်လို့မရပါဘူး။ ဥပမာ – Dota 2 Beginner Class ဆိုရင် MMR 3,000 နဲ့ 4,000 ကြား အနည်းဆုံးရှိရမှာပါ။ 3K မပြည့်တဲ့ညီအစ်ကိုတွေကတော့ တက်ချင်သပဆိုရင် နည်းနည်းကြိုးစားမှရပါမယ်။

ကျွန်တော်နားလည်ပုံအရဆိုရင်တော့ ဒီ Course တွေတက်ရင် ကျောင်းသွားပြီး ဂိမ်းဆော့နေရမှာပဲဖြစ်ပါတယ်။ အိမ်ကမေးရင် ကျောင်းသွားတာလို့တော့ ဖြေလို့ရတာပေါ့။ သင်တန်းတက်ပြီး တကယ်တမ်းကြမ်းသွားမလား မကြမ်းသွားဘူးလားဆိုတာကတော့ အဲဒီကျောင်းထွက်တွေ International Competitive Scenes ထဲရောက်လာမလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ဒီ Course တွေအကြောင်းအသေးစိတ်ကို ဒီနေရာ မှာ သွားရောက်ဒေါင်းယူဖတ်ရှုနိုင်ပါတယ်။

 

Staffordshire University

UK က Staffordshire ရဲ့ Course ကတော့ တော်တော် Serious ဖြစ်ပါတယ်။ Foundation အပါအဝင် စုစုပေါင်း ၄ နှစ်တက်ရောက်ရမယ့် အဲဒီ Course ဟာ ပြီးဆုံးသွားတဲ့အချိန်မှာ ‘BA (Hons) Esports’ ပေးအပ်မှာဖြစ်ပါတယ်။ Game Event တွေကျင်းပတာ၊ Business Plan တွေရေးဆွဲတာ၊ Online Community တွေတည်ဆောက်တာ၊ Event တွေကို Digital Marketing နဲ့ Promote လုပ်တာ စတာတွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီ Course ကတော့ Esports လောကမှာ ကစားသမားမဟုတ်ပဲ ရပ်တည်လိုသူတွေအတွက်ရည်ရွယ်တာလို့မြင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ Industry တစ်ခုမှာ ဒီလို Talent တွေကလည်းလိုအပ်တဲ့အတွက် Staffordshire က လက်ဦးမှုရယူပြီး ဒီအပိုင်းကို အရင်ဝင်ရောက်ထားတာဖြစ်ပါတယ်။ Esports Industry ဒီထက်ကြီးမားလာတဲ့အခါ ဒီလိုမျိုး Course တွေက တကယ်တမ်းစဉ်းစားစရာ အသက်မွေးဝမ်းကျောင်း Option တစ်ခုဖြစ်လာနိုင်ပါတယ်။

 

Tokyo School of Anime

ဂျပန်တွေကလည်း ဒါမျိုးဆို နောက်ကျကျန်မနေခဲ့ပါဘူး။ Tokyo School of Anime က Anime Industry နဲ့စပ်ဆိုင်တဲ့ ဘာသာရပ်တွေပို့ချနေရာကနေ အခုဆိုရင် Esports ဖက်ကိုနယ်ချဲ့လာပြီဖြစ်ပါတယ်။ သူကတော့ ဘာသာရပ်တော်တော်စုံတယ်လို့ပြောရမှာပါ။

  • Professional Gamer တွေနဲ့ Professional Manager တွေအတွက် ‘Professional Gamer Major’
  • ပွဲတွေမှာ MC တို့ Game Caster တို့လုပ်ချင်သူတွေအတွက် ‘Caster Major’
  • Game Industry မှာ စီးပွားရေးလုပ်လိုသူတွေအတွက် ‘Publicity Major’
  • Esports Event တွေ စီမံကျင်းပလိုသူတွေအတွက် ‘Event Staff Major’
  • Esports Team တွေကို စီမံခန့်ခွဲလိုသူတွေအတွက် ‘Management Major’
  • Game တွေ ဖန်တီးရေးဆွဲလိုသူတွေအတွက် ‘Game Creator Major’

ဘာသာရပ်တင်စုံတာမဟုတ်ပါဘူး၊ Facility တွေကလည်းလန်းပါတယ်။ အောက်ကဗီဒီယိုမှာသာကြည့်လိုက်ပါ။

Esports ပညာရေးရဲ့အနာဂတ်

ပြောရမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ Esports ပညာရေးဆိုတာ မွေးကင်းစကလေးငယ်ဘဝပဲ ရှိပါသေးတယ်။ လုပ်တဲ့သူတွေကလည်း အခုမှစပြီးအရှိန်ယူနေကြတာဆိုတော့ ဒီဟာက ဖြူလားမည်းလားဆိုတာ သေချာမသိနိုင်သေးပါဘူး။ ဒါပေမယ့် Esports Industry က ဒီထက်မကကြီးမားလာမယ်ဆိုတာကတော့ သံသယဝင်စရာမရှိပါဘူး။ အဲဒီတော့ ကြီးထွားလာမယ့် Industry ကြီးကိုလည်ပတ်ဖို့ Game အကြောင်းကို စိတ်အားထက်သန်ပြီး အရည်အချင်းရှိတဲ့ Talent တွေ အများကြီးလိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Talent တွေကို စနစ်တကျမွေးထုတ်ပေးမယ့် Institution တွေလည်း လိုအပ်လာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း Esports ကိုဝါသနာပါတဲ့ လူငယ်တွေအများကြီးရှိပေမယ့် ဘယ်ကနေဘယ်လိုစရမှန်းမသိလို့ စိတ်ရှိပေမယ့် ကိုယ်မပါနိုင်တဲ့အဖြစ်နဲ့ကြုံတွေ့နေရပါတယ်။ အဲဒီတော့ နောင်တစ်ချိန်မှာ Esports ပညာရေးသာ ဒီထက်ဖွံ့ဖြိုးလာမယ်ဆိုရင် ပြည်တွင်းမှာတင် International Tournament ကြီးတွေ ကျင်းပလာနိုင်ခြေရှိပါတယ်။ လက်ရှိအချိန်မှာတောင် ပြည်တွင်းမှာ Esports နဲ့ပတ်သက်တဲ့ Media တွေ တဖွားဖွားနဲ့ပေါ်ပေါက်လာနေပြီဆိုတော့ အဲဒီအနာဂတ်က အရမ်းကြီးမဝေးတော့ဘူးလို့ ယုံကြည်ချင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ “အမေ.. သား Pro Gamer လုပ်မှာ” လို့သွားပြောရင် တုတ်စာမမိရင်တောင် ဂိမ်းဆော့ခွင့်ပိတ်သွားနိုင်တဲ့အတွက် အခြေအနေကြည့်ပြီးလှုပ်ရှားပါလို့အကြံပေးလိုပါတယ်။

Gamer အပေါင်းတို့ရော Esports ပညာရေးဆိုတာကို ဘယ်လိုမြင်ကြသလဲ။ တကယ်တမ်း လက်လှမ်းမှီတဲ့နေရာမှာ တက်ရောက်လို့ရလာမယ်ဆိုရင် စိတ်ကူးထဲထည့်ကြမှာလား။ ဘော်ဒါတို့ရဲ့အမြင်လေးတွေကို Comment Box မှာချန်သွားခဲ့ကြပါလို့…

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password