စက်ရုပ်တွေကိုင်ပြီး အပီဖိုက်ချင်သော ဘော်ဒါတွေအတွက် Ultimate Robot Fighting!

ဒီဂိမ်းရဲ့ခရီးကိုဖိုက်တာ ကနေမိတ်ဆွေစတင်ရမှာပါ။ စက်ရုပ်တွေနဲ့ ဖိုက်ရမယ့် ဂိမ်းဖြစ်တာကြောင့် Transformers ထဲကစက်ရုပ်တွေကိုအရင်ဆုံးပြေးမြင်ကြမှာပါ။ ဒီဂိမ်းမှာလည်း Transformers ထဲကလိုစက်ရုပ်အမျိုးအစားလည်းစုံလင်ပါတယ်။ Design တွေကလည်းလန်းသလို လက်နက်တွေလည်းစုံလင်တာကိုတွေ့ရမှာပါ။ စက်ရုပ်တွေကကြီးနေလို့လေးလေးပင်ပင်ဖိုက်မှာလို့မထင်လိုက်ပါသလား? No လို့ပြောပါရစေ။ ဘာလို့လဲဆိုတော့ Movement Speed မြန်မြန်ဆန်ဆန်နဲ့ အမိုက်စား Combat တွေကိုတွေ့ရမှာမလို့ပါ။ ဒါ့အပြင်ဖိုက်ရမှာကလည်း 3 Vs 3 ဖြစ်တာကြောင့် Battle Field ကတော့မတွေးရဲစရာပါပဲ။ ဒီဂိမ်းထဲကစက်ရုပ်တွေကတိုက်ခိုက်ခြင်းကိုအမြဲဆာလောင်နေတာပါ။ အမြဲတိုက်ခိုက်ချင်နေတဲ့ စက်ရုပ်တွေအတွက်တော့Battle အမြဲဖြစ်တာကိုကြိုက်ပါတယ်။ တိုက်ခိုက်ဖို့လည်းအဆင်သင့်ပါပဲ။

ဒီဂိမ်းက 3 Vs 3 ဖြစ်တာကြောင့်မိတ်ဆွေစဆော့မယ်ဆိုရင်တော့ကြိုက်နှစ်သက်ရာစက်ရုပ် ၃  ကောင်ကိုစတင်ရွေးခြယ်ရမှာပဲဖြစ်ပါတယ်။ရွေးချယ်ပြီးပြီဆိုရင်တော့ ရန်သူဘက်ကစက်ရုပ် ၃ ကောင်နဲ့ဖိုက်ရမှာပဲဖြစ်ပါတယ်။ ၃ ကောင်ဖြစ်တဲ့အတွက် ၃ ယောက်ပေါင်းပြီးထွက်လာမယ့် Combo အမိုက်စားတွေကိုလည်းတွေ့မြင်ရဦးမှာပါ။ မိတ်ဆွေရဲ့စက်ရုပ်တွေအပြင်လက်နက်တွေနဲ့ Armorတွေကိုလည်း Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။

မတူညီတဲ့စက်ရုပ်ပေါင်း ၄၀လောက်ရှိပါတယ်။ The Likes of Gods, Gladiators, Fire Breathing Dragons, Monks, Weapon Arsenals, Sumurais, Ninjas အစရှိတာတွေအမျိုးအစားတွေထဲကပေါ့ဗျာ။ မတူညီတဲ့စက်ရုပ် ၄၀ ထဲကမှမိတ်ဆွေကြိုက်နှစ်သက်ရာ ၃ ကောင်ရွေးပြီး ဖိုက်ရမှာပဲဖြစ်ပါတယ်။ Power Card တွေရရှိခြင်းဖြင့်လည်း Damage နဲ့ Armor ပိုကြမ်းအောင်လုပ်ဆောင်နိုင်ပါသေးတယ်။ စက်ရုပ်အချင်းချင်း Battle ဖြစ်ရင်ကြမ်းတမ်းတာကိုမိတ်ဆွေသိမှာပါ။ အဲ့ဒီ စက်ရုပ်အချင်းချင်းဖိုက်ရာမှအစိတ်အပိုင်းအချို့လွင့်စင်လာတာတို့၊ စက်ရုပ်ကြီးလုံးဝပျက်ဆီးသွားတာတို့ကအစ Visual Effect တွေနဲ့သေချာလုပ်ထားတာကြောင့် မတူညီတဲ့ခံစားမှုမျိုးကိုခံစားရမှာပါ။ အဲ့ဒါကို Mobile Platform မှာခံစားနိုင်တာကြောင့်မိတ်ဆွေအတွက်လည်းဆော့ရတာတန်ပါတယ်လို့ပြောပါရစေ။

Free To Play ပါ။ Free To Play ဆိုပေမယ့် တချို့ Items တွေကတော့ပိုက်ဆံနဲ့ဝယ်ရမှာပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာ ကစားနိုင်တဲ့အပြင်ဆော့ရင်လည်းမမှားမယ့် ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေကိုသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.reliancegames.urf&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password