News

လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်တဲ့ Ubisoft ရဲ့ Hungry Dragon action-arcade ဂိမ်းအသစ်

Hungry Dragon ဆိုတာကတော့ မကြာခင်မှာ မိုဘိုင်လ်း လောကထဲကို ဝင်ရောက်လာတော့မယ့် Ubisoft ရဲ့ ဂိမ်းအသစ်နာမည်ဖြစ်ပါတယ်။ ကြေညာထားချက်တွေအရ Hungry Dragon ထွက်ရှိလာမယ့်ရက်ကို သြဂုတ် ၃၀ ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။ ဂိမ်းက Android အတွက်ရော iOS အတွက်ရော နှစ်မျိုးစလုံးအတွက် အခမဲ့ ထွက်ရှိလာမှာဖြစ်တာကြောင့် မိုဘိုင်လ်း player တွေအားလုံး ကစားနိုင်မှာဖြစ်ပါတယ်။

Hungry Dragon မှာ သူနဲ့ အမျိုးအစားချင်းတူတဲ့ အခြားဂိမ်းတွေရဲ့ ပုံစံကနေ ကွဲထွက်နေတဲ့ အချက်ရှိပါတယ်။ အဲ့ဒီအချက်ကတော့ ဂိမ်းထဲမှာ player တွေက အန္တရာယ်ရှိတဲ့ နဂါးတွေကို ထိန်းချုပ်ပြီး သူတို့ရဲ့ လမ်းကြောင်းကို မှော်စွမ်အားတွေနဲ့ဖျက်ဆီးပစ်ရတာဖြစ်ပါတယ်။ အခြား Arcade ဂိမ်းတွေလိုမျိုး ပြေးပဲပြေးနေရမှာမဟုတ်ပါဘူး။ ဖိုက်ရမှာပါ။

Player က ဂိမ်းထဲမှာရှိတဲ့ စွမ်းအင်အမျိုးမျိုးနဲ့ မတူညီတဲ့ နဂါးကောင်တွေကို စုဆောင်းသွားရမှာဖြစ်တာကြောင့် သူတို့ကို များများစုဆောင်းနိုင်လေလေ ကိုယ့်ရဲ့ အရှိန်အဟုန် စွမ်းအား ပြင်းထန်လေလေ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ နဂါးတွေရဲ့ burning and biting power ကို ပိုပြီးတိုးမြှင့်ဖို့အတွက် pet လေးတွေကိုလည်း ထည့်သွင်းထားပါတယ်။

Dragon တွေကို အဆင့်မြှင့်တင်ဖို့အတွက် တိုက်ခိုက် ဖျက်ဆီးမှုတွေ အများကြီးကို လုပ်ဆောင် ရမှာဖြစ်တာကြောင့် ပိုပြီးသောင်းကျန်းနိုင်လေလေ စွမ်းအားတွေ ကို ပိုကောင်း လေလေပါပဲ။

Hungry Dragon ကို လာမယ့် သြဂုတ် ၃၀ ရက်နေ့မှာ App Store နဲ့ Play Store နှစ်ခုလုံးမှာတွေ့မြင်ရမှာပါ။ ဂိမ်းထွက်ရှိလာတဲ့ အချိန် နဲ့ တစ်ပြိုင်တည်းမှာ အထူး စပါယ်ရှယ် pet တွေကို ရရှိ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ pre-register လုပ်ထားလိုက်ပါတော့နော်။ စွဲဆောင်မှုရှိပြီး ပျံလန်နေတဲ့ Graphic ဒီဇိုင်းနဲ့ နမူနာ ဗီဒီယိုလေးကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။ လုံးဝကို အမိုက်စားမို့လို့ အချိန်ခဏလေးပေးပြီး ကြည့်ဖြစ်အောင်ကြည့် ကြည့်နော်၊ ဘော်ဘော်တို့ရေ… 😎)

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: