News

‘Rainbow Six: Siege’, ‘For Honor’ လိုဂိမ်းတွေ Mobile ပေါ်ရောက်လာတော့မှာလား?

ဟာသလုပ်ပြောနေတာမဟုတ်ပါဘူး.. တကယ်ဖြစ်နိုင်ခြေရှိနေတာပါ။ Ubisoft ဟာ ၂၀၁၈ မတ်လ ၂၀ ရက်နေ့တုန်းက သူ့ကုမ္ပဏီကိုအပိုင်သိမ်းဖို့ကြိုးစားနေတဲ့ Vivendi ကုမ္ပဏီရဲ့ရန်ကို တရုတ်ကုမ္ပဏီကြီး Tencent အကူအညီနဲ့ ကာကွယ်လိုက်နိုင်ပါတယ်။ Ubisoft နဲ့ Vivendi တို့ရဲ့ နှစ်ရှည်လများကြာမြင့်ခဲ့တဲ့ အားပြိုင်မှုကြီး ပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ Vivendi က Ubisoft ထဲမှာ သူပိုင်ဆိုင်သမျှရှယ်ယာအားလုံးကို ဒေါ်လာ ၂.၄၅ ဘီလျံနဲ့ရောင်းချလိုက်ပြီး Tencent က Ubisfot ရှယ်ယာစုစုပေါင်းရဲ့ ၅% ကို ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။

Ubisoft နဲ့ partner တွေဖြစ်လာတဲ့ Tencent က လက်မြန်ခြေမြန်ပဲ သူ့ရဲ့နောက်ထပ်ခြေလှမ်းအသစ်ကို ကြေငြာခဲ့ပါတယ်။ အဲဒါကတော့ Ubisoft ရဲ့ နာမည်ကြီး Game Title တွေကို Mobile ဆီကို Port လုပ်ပြီး တရုတ်နိုင်ငံအတွက် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ Ubisoft ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဘယ်လိုဂိမ်းတွေကို ဦးစားပေးရွေးချယ်ပြီး Port လုပ်သွားမယ်ဆိုတာကို အောက်ပါအတိုင်းပြောကြားသွားခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံတွင်းမှာ အောင်မြင်နေတဲ့ ဂိမ်းအမျိုးအစားတွေကို ဦးစားပေးရွေးချယ်သွားမှာပါ။ ဒါကြောင့် Multiplayer ကစားလို့ရတာတွေ၊ eSports နဲ့ဆက်စပ်တာတွေ၊ RPG ဂိမ်းအမျိုးစား စတာတွေထဲက ဦးစားပေးစဉ်းစားနေပါတယ်။

အဲဒီတော့ Tom Clancy’s Rainbow Six Siege လို eSports နဲ့ဆက်စပ်တဲ့ဂိမ်းမျိုးက Mobile Port ဖြစ်နိုင်ခြေရှိတဲ့ဂိမ်းတွေထဲမှာ တစ်ပြေးနေတာ မဆန်းလှပါဘူး။ Ubisoft ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း လက်ရှိအချိန်မှာ ဘယ်ဂိမ်းကိုရွေးချယ်ထားတယ်ဆိုတာ ရေရေရာရာပြောဖို့မသေချာသေးပေမယ့် Rainbow Six Siege ဟာ လောလောဆယ်စဉ်းစားနေတဲ့ဂိမ်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အဲဒါအပြင် ဖြစ်နိုင်ခြေရှိတဲ့ဂိမ်းတွေကတော့အများကြီးပါ- Far Cry, Assassin’s Creed, For Honor… စဉ်းစားကြည့်လိုက်တာနဲ့တင် ပီတိတွေဖြာချက်ဆိုတာ ဖြန်းခနဲ ဖြန်းခနဲပါပဲ။

တရုတ်နိုင်ငံအတွက်ထုတ်မှာဆိုတော့ တရုတ်လိုပဲဖြစ်နေမှာပေါ့လို့တွေးနေရင် အရမ်းစိတ်မပူပါနဲ့လို့ပြောချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Tencent ဟာ PUBG တုန်းကလည်း တရုတ်နိုင်ငံတွင်းမှာထုတ်ပြီးနောက် များမကြာမီမှာပဲ English Version ထုတ်ပေးခဲ့ပါတယ်။ အဲဒီတော့ အခု Ubisoft ဂိမ်းတွေကိုလည်း ထိုနည်း၎င်းလုပ်ပေးသွားနိုင်ခြေရှိပါတယ်။

Tencent က ဘယ်သူမို့လို့ ဒီလောက်ပါဝါတွေရှိနေရတာလည်းဆိုတာ အကျဉ်းလေးပြောပြချင်ပါတယ်။ Tencent ဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာအကြီးဆုံး Gaming နဲ့ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုပါ။ Tencent ဟာ League of Legends ရဲ့ဖန်တီးရှင် Riot Games ကို ပိုင်ပါတယ်။ ဒါ့အပြင် Mobile Game Gaint တစ်ယောက်ဖြစ်တဲ့ Supercell ကုမ္ပဏီရဲ့ ၈၄.၃% ကိုလည်းပိုင်ဆိုင်ပါသေးတယ်။ ဒါတင်လားဆိုတော့ မကသေးပါဘူး.. Gears of War နဲ့ Fortnite တို့ရဲ့ Developer ဖြစ်တဲ့ Epic Games ရဲ့ ၄၀% ကိုပိုင်ဆိုင်သေးတဲ့အပြင် World of Warcraft, Call of Duty စတဲ့ဂိမ်းတွေရဲ့ Developer ဖြစ်တဲ့ Activision Blizzard မှာလည်း ရှယ်ယာ ၄.၉% ပိုင်ဆိုင်ပါသေးတယ်။

ဒါက သူ့ရဲ့ကိုယ်ပိုင် Honour of Kings (Arena of Valor) နဲ့ PUBG Mobile တွေအပါအဝင် QQ နဲ့ WeChat တို့ကိုထည့်မပြောသေးပဲ နိုင်ငံခြားဂိမ်းကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေထဲက ထင်ရှားတာလေးတွေကို ကောက်နှုတ်ဖော်ပြထားတာပါ။ ကဲ.. တရုတ်ကြီး Tencent ကျေးဇူးနဲ့ နောက်ထပ် Epic PC/Console Game တွေ Mobile Platform ပေါ် ရောက်လာပြန်ပါတော့မယ်။ Stay Tuned ပါ ဘရိုတို့!!!

Ref: Droid Gamers, Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: