ArticleFeatures

PUBG မှာအများဆုံးမြင်တွေ့နေရတဲ့ Player အမျိုးအစားများ

Player ၉၉ ယောက်နဲ့အတူဆော့ကစားရတဲ့ Battle Royale ဂိမ်း PUBG မှာအများဆုံးမြင်တွေ့ရလေ့ရှိတဲ့ Player အမျိုးအစားပုံစံတွေကို ဒီနေ့ Playon မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Type ၆ မျိုးနဲ့ ဖော်ပြပေးသွားမှာဖြစ်ပြီး အများဆုံးမြင်တွေ့ရတဲ့ Player အမျိုးအစားတွေကိုဉီးတည်ဖော်ပြပေးထားပါတယ်။ ကိုယ်ကရော ဘယ်လို Player ဖြစ်နေမလဲ? 🤣)

၁. အမြဲတမ်း rush သူ

သူကတော့ ကိုယ့် Squad နဲ့အတူတူလေထီးကကျရင်တောင် အချိန်တိုလေးအတွင်းမှာ တစ်ကိုယ်တည်း သေနတ်၊ ကျည်၊ လွယ်အိတ် ဘာညာတွေအကုန်ကောက်ဖို့အတွက် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားပြီး Squad နဲ့ဝေးရာမှာရှိနေတတ်ပါတယ်။ သူကအချိန်တော်တော်များများမှာအသံတိတ်နေတတ်တဲ့အတွက် Squad ကတောင် သိပ်သတိမထားမိတတ်တဲ့ Player လည်းဖြစ်ပါတယ်။

ပစ္စည်းကောက်တယ်၊ လိုတာရတယ်၊ ရန်သူနဲ့တွေ့လို့ ပစ်လိုက်ပြီး နိုင်သွားတယ် အဲ့လို process အထိမှာ ဒီကောင်ကအသံမထွက်သေးပေမယ့် သူ Knocked out ဖြစ်သွားပြီဆိုရင် “အဲဖရတ်… ကယ်ပါဉီး” (အယ်..မှားလို့ 🤣) “Bro တို့ရေကျွန်တော် Knocked သွားပြီး လုပ်ပါဉီး” လို့အသံအကျယ်ကြီးထွက်လာတတ်ပါတယ်နော်။😆😆😆

၂. ကယ်တင်ရှင် (သို့) Medic

သူကတော့ squad နဲ့နီးစပ်ရာမှာ အမြဲလိုလိုရှိနေတတ်ပြီး အပေါ်က အမြဲ rush နေတဲ့ကောင်တွေနဲ့ တခြား Teammates တွေမှောက်သွားပြီဆို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကယ်တင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ရန်သူက Range တစ်ခုကနေ လှမ်းဆော်နေရင်တောင် ရန်သူကိုသတ်ဖို့ထက် Smoke grenade ကိုသုံးပြီးဖြစ်ဖြစ်၊ ရန်သူကအာရုံလွှဲပြီးဖြစ်ဖြစ် လုပ်ပြီး မှောက်တဲ့ Teammates တွေကို revive လုပ်ပေးသူဖြစ်ပါတယ်။ ရန်သူကိုအသေသတ်ပြီးမှ အေးဆေး Revive လုပ်ဖို့ထက်၊ ရန်သူကိုမသတ်ရသေးခင် Teammate ကိုအရင်ခေါင်းထဲမှာထားသူတွေမို့ ကယ်တင်ရှင်လို့ခေါ်ရတာပဲဖြစ်ပါတယ်။

ကယ်တင်ရှင်ဆိုပေမယ့် တခါတလေ သူတို့ဟာ Revive လုပ်ဖို့ကို လိုတာထက်ပိုစဉ်းစားမိတဲ့အခါမှာ သူတို့ရဲ့ လုပ်ရပ်ကြောင့် Squad တစ်ခုလုံးရှုံးနိမ့်သွားတာမျိုးလည်းရှိနေတတ်ပါတယ်။

၃. Location ပြောပြဖို့ကြောက်နေသူ

သူတို့တွေက ရန်သူကိုတွေ့နေပြီဆိုရင် ရန်သူ့တည်နေရာကို ကိုယ့် Teammate တွေကို ရှယ်ပေမယ့် မသိအောင်လုပ်တတ်ပါတယ်။ 🤣)… သူတို့က ရန်သူတွေ့ရင် “NE 250 မှာ” အဲ့လိုပြောဖို့ရှက်ကြပြီး “Bro ရေတစ်ကောင်တွေ့ပြီ ကျွန်တော့်အရှေ့ကအိမ်မှာ၊ ဟိုးးး အရှေ့ကသစ်ပင်ကြီးအနောက်မှာ” လို့ပြောတတ်ကြပါတယ်။ :3

သူတို့ရဲ့ logic က သတင်းကို “ရှယ်သာရှယ်စေ၊ မသိစေနှင့်” ပါ 😂)

၄. Loot အတွက်ဆို အသက်ပေးပါပေးမယ့်သူ

မိုးပေါ်က Airdrop ကြီးကျလာတာတွေ့ပြီဆိုတာနဲ့ ပစ္စည်းရှာနေတာကိုရပ်ပြီး Teammates တွေကို “Bro တို့.. ဟိုမှာ Airdrop ကျလာပြီ.. သွားမယ် သွားမယ်” ဆိုပြီး Vehicle ရှာပြီး စလစ်ပါတယ်။ သူ့ရဲ့ loot အပေါ်စိတ်အားထက်သန်မှုက Squad တစ်ခုလုံးကို ကြီးစိုးသွားတဲ့အတွက် Teammate တွေအားလုံး loot ကောက်ဖို့အတွက် သူနဲ့လိုက်ရပါတော့တယ်။

Airdrop ဆီစောစောရောက်ပြီး ပစ္စည်းတွေကောက်ရရင်တော့ “Hot dog!!!” နောက်ကျသွားပြီး ရန်သူအသင်းက စောင့်နေတယ်ဆိုရင်တော့ Squad တစ်ခုလုံးမှောက်ရတဲ့ အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။

၅. ပါရမီရှင် ဒရိုင်ဗာ

သူကတော့ ကားမောင်းတဲ့အခါမှာ အရှိန်ကိုအမြှင့်ဆုံးအနေအထားနဲ့ မောင်းလေ့ရှိပြီး မြေညီနီးပါးရှိတဲ့လမ်းကိုတောင် ကားတစ်စီးလုံး ၄ ပတ်လောက်လည်သွားအောင် မောင်းနိုင်တဲ့ ပါရမီရှင်ဒရိုင်ဗာဖြစ်ပါတယ်။ အခန့်မသင့်ရင် Squad တစ်ခုလုံးကို ဘဝကူးသွားအောင် လုပ်ပေးနိုင်တဲ့ ဂျင်းလေးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူက ကားတွေ့တာနဲ့ ဉီးဆောင်ပြီး မောင်းနှင်ချင်သူလည်းဖြစ်ပါတယ်နော်။ 🤣

၆. ကိုယ်ရှင်သန်ဖို့တစ်ခုတည်းစဉ်းစားသူ

သူကတော့ ကိုယ်ရှင်သန်ဖို့တစ်မျိုးတည်းခေါင်းထဲရှိသူတွေဖြစ်တဲ့အတွက် လူအရမ်းကြောက်တတ်ပါတယ်။ Battleground ထဲမဆင်းခင် လေယာဉ်ပေါ်မှာကတည်းက Cabin မှာလူဘယ်နှယောက်ကျန်သေးလည်း အမြဲကြည့်နေတတ်ပါတယ်။ လူအဆင်းနည်းတဲ့နေရာ (သို့) လူမဆင်းတော့တဲ့နောက်ဆုံးနေရာရောက်မှာ အြမဲဆင်းပါတယ်။ (ဒီလိုမျိုးလူတွေဟာ စားနောက် သွားနောက် သေတော့သူများအရင်ဆိုတာမျိုးလဲဖြစ်တတ်ကြပါတယ်) 😂😂😂

Battleground ရောက်သွားရင် Loot တွေလိုက်ကောက်၊ အိမ်တွေထဲပုန်း ပုံစံမျိုးနဲ့ Safe zone ထဲရောက်အောင် သွားတတ်ကြပြီး လမ်းတလျှောက်မှာ သူတို့ Kill ရမှာမသေချာတဲ့ ရန်သူမျိုး၊ သေနတ်သံသာကြားရတဲ့ ရန်သူမျိုးဆိုရင် အဖတ်ကိုမလုပ်တတ်သူတွေလည်းဖြစ်ပါတယ်။ 🤣… သူတို့ကတော့ Chicken Master တွေမဟုတ်ကြပေမယ့် အမြဲတမ်း Top 10 ကို Kill 1 (သို့) Kill 0 နဲ့ရောက်နေတတ်ကြသူတွေလည်းဖြစ်ပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ PUBG မှာအများဆုံးတွေ့မြင်နေရတဲ့ Player type လေးတွေဖြစ်ပါတယ်။ ချိဖတို့ရော ဘယ်လို Player လေးလဲဗျ? ပြောကြည့်ကြပါဉီး 😆

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password