Tencent ရဲ့ Official PUBG Mobile ဂိမ်း၂ခုရဲ့ Trailer တွေထွက်ပြီ

ပြီးခဲ့တဲ့ရက်ပိုင်းကမှသတင်းထွက်ရှိလာတဲ့ Tencent နဲ့ Bluehole တို့ရဲ့ PUBG Mobile ဂိမ်းရဲ့ ပထမဆုံး Trailer ထွက်ရှိလာပြီဖြစ်ပြီး လူအားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အများထင်ထားသလိုမဟုတ်ပဲ PUBG ကိုမှီငြမ်းထားတဲ့ဂိမ်း ၂ ခုတောင်ထုတ်မှာဖြစ်လို့ပါ။ ပထမဂိမ်းကို Tencent ရဲ့ Timi Studio ကဖန်တီးတာဖြစ်ပြီး အဲဒီဂိမ်းမှာ မော်တော်ဘုတ်တွေစီးပြီး ရေကြောင်းတိုက်ပွဲတွေပါ ဆင်နွှဲလို့ရမှာဖြစ်ပါတယ်။ လှေတွေပေါ်ကနေ Gattling Gun နဲ့အပီဆွဲတာကတော့ အားရစရာပါပဲ။ ဒုတိယဂိမ်းကိုတော့ Lightspeed & Quantum Studio ကရေးဆွဲတာဖြစ်ပြီး ဒီဂိမ်းကတော့ PC ပေါ်က PUBG နဲ့ပိုတူပါတယ်။

ဒီဂိမ်းတွေကို တရုတ်နိုင်ငံအတွက်ပဲ အရင်ဆုံးထွက်ရှိမှာဖြစ်ပြီး English Version သတင်းကတော့ ဘာဆိုဘာမှမသိရှိရသေးပါဘူး။ လောလောဆယ်ကတော့ ဒီ PUBG Mobile ဂိမ်းတွေက ဘယ်လိုပုံစံမျိုးလည်းဆိုတာကို အောက်က Trailer တွေမှာကြည့်ရှုလိုက်ကြပါဦး။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password